ရေးမြို့၌ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရ
မြူနစ် (NSS) - စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့၌ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၁၈ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ရေးမြို့၊ အောင်သုခရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ရေးမြို့သတင်းရဲတပ်ဖွဲ့မှ တာဝန်ခံရဲအုပ်မြင့်လွင်သည် ကားမောင်းနှင်လာစဉ်အချိန် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၂)ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် တာဝန်ခံရဲအုပ်၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ ကားအတွင်း၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိနစကအစိုးရလက်အတွင်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်ဦးရေ စုစုပေါင်းသည် (၅၀၀)နီးပါးရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများကို အီရန်အာဏာပိုင်များ နှင်ထုတ်
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း