Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဖဂန်မိဘမဲ့ကလေးများကို မရိန်းတပ်သားက မွေးစားခြင်းအား ပြန်လည်ရုပ်သိမ်းရမည်ဟု အမေရိကန်အစိုးရက စွက်ဖက်ခဲ့ကြောင်း လျှို့ဝှက်မှတ်တမ်းများ ပေါက်ကြား

Htay Oung (NSS) - စက်တင်ဘာ ၁၆

အာဖဂန်စစ်ပွဲကာလ ကလေးငယ်များကို မိဘမဲ့အဖြစ်သတ်မှတ်ပြီး မွေးစားခွင့်ပြုခြင်းဟာ နိုင်ငံတကာဥပဒေချိုးဖောက်မှုအဖြစ် ကမ္ဘာတစ်ဝှမ်းက ရှုမြင်ခံရနိုင်တယ်လို့ ဗာဂျီးနီးယားပြည်နယ်မှ တရားသူကြီးတစ်ဦးအပေါ် အမေရိကန်အစိုးရက သတိပေးခဲ့ကြောင်း ပြန်လည်သုံးသပ်တဲ့ လျှို့ဝှက်တရားရုံးမှတ်တမ်းများအရ သိရှိရတယ်လို့ AP သတင်းဌာနက ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ ရေးသားပါတယ်။ 


ဒေသန္တရဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခွင့် ကိစ္စရပ်များမှာ ဖက်ဒရယ်အစိုးရကိုယ်တိုင် ၀င်ရောက်စွက်ဖက်ခြင်းမျိုးဟာ ရှားရှားပါးပါးလို့ ဆိုနိုင်ပေမယ့် ကလေးရဲ့ နောင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့် နဲ့ ဘိုင်ဒင်အစိုးရလက်ထက်များတစ်လျှောက်လုံး စိုးရိမ်တကြီးရှိခဲ့ကြောင်း ပေါ်လွင်နေပါတယ်။ ယခု အသက် ၄ နှစ်ရှိပြီဖြစ်တဲ့ ကလေးငယ်ကို အမေရိကန်ရှိသူ့ရဲ့ အာဖဂန်ဆွေမျိုးသားချင်းများထံ ပြန်လည်အပ်နှံရန်၊  ပျက်ကွက်ပါက အာဖဂန်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုများကို ထိခိုက်စေနိုင်ကြောင်း၊ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာသဘောတူညီချက်များအပေါ် ခြိမ်းခြောက်မှုအဖြစ် အစ္စလာမ်မစ်အစွန်းရောက်များက ဝါဒဖြန့် အသုံးချခံရနိုင်ကြောင်း၊ နိုင်ငံရပ်ခြားမှာ တာ၀န်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်သားများကို အန္တရာယ်မကင်းဖြစ်စေနိုင်တဲ့အတွက် တရားရုံးရောက် အဲဒီလို အမှုမျိုးမှာ ကြား၀င် ဆောင်ရွက်နေတဲ့ တရားရေးဌာနရှေ့နေများနဲ့ အခြားအမေရိကန်အရာရှိတို့ကို သတိပေးထားတယ်လို့ ဆိုပါတယ်။

မရိန်းတပ် ဗိုလ်မှူး ဂျော့ခ်ျရှူးဝါးမတ်စ်နဲ့ သူ့ရဲ့ဇနီးတို့ဟာ ၂၀၂၁ ခုနှစ်ကတည်းက သူတို့ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ သမီးငယ်လေးကို ဗာဂျီးနီးယားပြည်နယ် တရားရုံးက မွေးစားခွင့်လက်မှတ်ထုတ်ပေးရေး ကိစ္စမှာ တရားရေးဌာနအပေါ် (အမေရိကန်အစိုးရက) ဖိအားပေး စွက်ဖက်ခဲ့ကြောင်း သိရှိရပါတယ်။

သူတို့ရဲ့ ကလေးငယ်လေးကို အမေရိကန် မရိန်းစစ်သားက ပြန်ပေးဆွဲခဲ့တယ်လို အာဖဂန်လူငယ်ဇနီးမောင်နှံ နှစ်ဦးတို့က ၂၀၂၂ ခုနှစ်မှာ စွပ်စွဲခဲ့ပါတယ်။ မိဘနှစ်ပါးနဲ့ မွေးချင်းငါးဦး သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်တပ်ရဲ့ အာဖဂန် စီးနင်းတိုက်ခိုက်မှုအတွင်း အပျက်အစီးများကြားမှ ကလေးငယ်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်မှာ မိမိတို့ ကယ်ဆယ်ထားခဲ့ခြင်း ဖြစ် ကြောင်း၊ ကဘူးလ်အမေရိကန်စစ်ဆေးရုံမှာ လနဲ့ချီကြာမြင့်ပြီးနောက်မှာ သမီးငယ်လေးဟာ သူ့ရဲ့ဝမ်းကွဲအကိုတော်စပ်သူ့ ကြင်စဦးဇနီးမောင်နှံ မိမိတို့နဲ့အတူ နေထိုင်လာခဲ့ကြောင်း၊  အဆိုပါ သမီးငယ်လေးကို ဆက်လက်ဆေးဝါးကုသဖို့အတွက် မရိန်းတပ် ဥပဒေဆိုင်ရာ အရာရှိ ဂျော့ရှူးဝါး မတ်စ်ရဲ့ အကူအညီနဲ့ အမေရိကန်ကို ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အာဖဂန်မှ အမေရိကန်တပ်များ ဖရိုဖရဲ ဆုတ်ခွာစဉ် သမီးငယ်လေးဟာ သူတို့နဲ့အတူ ကဘူးလ်လေဆိပ်မှာ အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ်နှောင်းပိုင်း အမေရိကန်ကို ပင်ပန်းနွမ်းနယ်စွာ ရောက်ရှိလာတဲ့ အာဖဂန်ဇနီးမောင်နှံတို့ကို ဂျော့ခ်ျရှူးဝါးမတ်စ်က အင်တာနေရှင်နယ်ဆိုက်ရောက်ဗီဇာနဲ့ ခေါ်ထုတ်သွားခဲ့ပြီး စစ်ဆေးရေးအရာရှိများထံ တွေ့ဆုံစေခဲ့ကြောင်း၊ အဲဒီအခါကျမှ စာရွက်စာတမ်းများမှာ သမီးငယ်လေးရဲ့ အုပ်ထ်ိန်းသူဟာ ဂျော့ခ်ျရှူဝါး ဖြစ်နေပြီး အမည်မှာလည်း သူ့ရဲ့ မျိုးရိုးအမည် “မတ်စ်” လို့ တွဲလျှက် ဖော်ပြထားတာကို အံ့အားသင့်ဖွယ် တွေ့ ရှိရကြောင်း၊ အမေရိကန်ကို ရောက်ရှိပြီး ၅-ရက်အကြာမှာ မတ်စ်က သူတို့ကို အတင်းတွန်းထိုးလဲကျစေပြီး စာရွက်စာတန်းများကို ယူဆောင်သွားခဲ့ကြောင်း၊ ဒီအတွက် ၂၀၂၂ ခုနှစ်မှာ တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါပေမယ့် အများအမြင်မှာတော့ အာဖဂန်စစ်ပွဲမှာ မိဘမဲ့ဖြစ်ရရှာသူကလေးငယ်တစ်ဦး အမေရိကန် မရိန်းတပ်သားတစ်ဦးက အိမ်အရောက်ခေါ်ယူလာပုံ ပြင်းထန်ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ခရစ်ယာန်ဘာသာ သက်၀င်ယုံကြည်သူတစ်ယေက်ရဲ့ ချီးကျူးဖွယ်ဇာတ်လမ်းဖြစ်နေပါတယ်။ ဖက်ဒရယ် အစိုးရထံ ပေးပို့ထားတဲ့ စာရွက်စာတမ်းများ၊ အီးမေးလ်များနဲ့ အခြားစာရွက်စာတမ်းများပေါ်မှာ အမေရိကန်စစ်တပ်အတွင်း သူ့ရဲ့ ရာထူးအဆင့်အတန်းကို ဖော်ပြခဲ့ကြောင်း၊ ဒီအတွက် ဒေါ်နယ်ထရမ်အစိုးရ အဆင်ြ့မင့်အရာရှိများထံ ကလေးမွေးစားခွင့် အယူခံအတွက် မြို့ ငယ်တရားရုံးတကာကို လှည့်လည်ရာမှာ သမီးငယ်လေးကို မိုင်ပေါင်း ၇၀၀၀ ခန့်အဝေးမှာ ပြုစုပျိုးထောင်ပေးခဲ့သူ အာဖဂန်နစ္စတန်ဇနီးမောင်နှံတို့အတွက် မျက်စိသူငယ် နားသူငယ်ဖြစ်ကုန်ရပါတယ်။ 

မတ်စ်ကလည်း သူနဲ့ သူ့ဇနီးတို့ဟာ သမီးငယ်လေးရဲ့ တရား၀င်မိဘများ ဖြစ်ကြောင်း အခိုင်မာပြောဆိုထားပြီး သူတို့အပေါ် တရားစွဲဆိုမှုကို ပယ်ချပေးရန် ပြည်နယ်တရားသူကြီးထံ တောင်းဆိုထားပါတယ်။ အဲ့ဒီအချိန် ၃ နှစ်ခွဲအရွယ် သမီးငယ်လေးဟာ တရားရုံး အမှုပေါင်း လေးခုထက်မနည်းရဲ့ လောင်းကြေး အရှုပ်အထွေးမှာ ဗဟိုချက်ဖြစ်နေပါတယ်။ အမှုများဟာ အဝေးတစ်နေရာမှ ရောက်ရှိလာသူ လူငယ်အာဖဂန်ဇနီး မောင်နှံက အမေရိကန် မရိန်းတပ်ဥပဒေအရာရှိငယ်တစ်ဦးအပေါ် ထိုးနှက်ချက်ဖြစ်နေပြီး နောက်ကွယ်မှာ အိမ်ဖြူတော်နဲ့ ကဘူးလ်မှာ လက်ရှိအာဏာရ တာလီဘန်အစိုးရတို့ရဲ့ ပုံရိပ်များနဲ့ လွှမ်းမိုးနေပါတယ်။

မရိန်းတပ်အနေနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လွဲမှားဖော်ပြကြောင်းနဲ့ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ခံရတဲ့ ကလေးငယ်များအပေါ် ကာကွယ်ရန်အတွက် အရေးကြီးအတားအဆီးများကို လှည့်ဖျားကျော်ဖြတ်သွားခဲ့တယ်လို့  တရားရေးဌာနက သုံးသပ်ပါတယ်။

သမီးငယ်လေး၊ သူ့မိသားစုနဲ့ အမေရိကန်ပြည်ထောင်စုတို့အပေါ် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း ပြည်နယ်နဲ့ ကာကွယ်ရေးဌာနတာဝန်ရှိသူများက လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်များကို တရားရုံးစာရွက်စာတမ်းများတွင် တွေ့မြင်နေရပါတယ်။ စိတ်အနှောက်အယှက်ဖြစ်စရာအကောင်း ဆုံးကတော့ သမီးငယ်လေးဟာ မတ်စ်တို့နဲ့အတူ ယနေ့တိုင်နေ့ ရှိနေခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စာရွက်စာတမ်းတွေဟာ ၂၀၁၉ ခုနှစ် အမေရိကန်တပ်များ ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရစဉ် သေဆုံးသူများအနက်မှ အသက်ရှင်လျှက်ဆွဲထုတ်ခံခဲ့ရသူ ကလေးငယ်တစ်ဦးအပေါ် ခါးသီးစွာချုပ်နှောင်မှုအဖြစ် တံဆိပ်ကပ်ထားကြပါတယ်။ သတင်းမီဒီယာများအနေနဲ့ကတော့ အဲ့ဒီစီးနင်းတိုက်ခိုက်မှုမှာ ဂျော့ခ်ျရှူးဝါးမတ်စ် ကိုယ်တိုင် ပါ၀င်ခြင်း ရှိ-မရှိ အသတ်ခံရသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း အနံခံရေးသားကြပါတယ်။ 

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ရက် အေးမြလှတဲ့ ညတစ်ညမှာ ဝေးလံခေါင်ဖျား အာဖဂန်ကျေးရွာလေးတစ်ရွာကို အမေရိကန်စစ်သားများ ရောက်ရှိလာကြပါတယ်။ စိုးရွံံံစွာ အိပ်ယာ၀င်နေကြသူတို့ဟာ ပထမဆုံး ရဟတ်ယာဉ်အသံများကို ကြားရခဲ့ပါတယ်။ အဲ့ဒီနောက် သေနတ်သံများနဲ့အတူ ရွံစေးနဲ့ လိမ်းကျံထားတဲ့ တဲအိမ်ကလေး တစ်အိမ်ဟာ ပေါက်ကွဲသွားပြီး အတွင်းရှိနေသူများရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများဟာ လွင့်စင်ထွက်လာကြပါတယ်။ ပြိုလဲသွားတဲ့ တဲအိမ်အပျက်အစီးများအောက်မှာ လသားအရွယ် သမီးငယ်လေးကို အသက်ရှင်လျက်တွေ့ရှိခဲ့ရပါတယ်။

သေဆုံးသူတွေဟာ လယ်သမားမိသားစုဖြစ်ပြီး စစ်သွေးကြွများနဲ့ ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း အနီးအနားနေထိုင်သူ မိတ်ဆွေများက ပြောကြပါတယ်။ ကလေးငယ်ကို ကျေးရွာက ပိုင်ဆိုင်တယ်လို့ အဲ့ဒီအချိန် အာဖဂန် အစိုးရကနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တို့က ကနဦး ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ ဆွေမျိုးသားချင်း တော်စပ်သူများ လက်၀ယ် အပ်နှံခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ ရှေ့နေအဖြစ် အချိန်ပိုင်းတာဝန်ထမ်းဆောင်နေသူ မတ်စ်ဟာ ကလေးငယ်ကို အမေရိကန် စစ်ဆေးရုံတစ်ခုမှာ တွေ့ဆုံခဲ့ပြီး အိမ်ပြန်တဲ့အခါ ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံခြားသား အယ်လ်ကိုင်ဒါတို့ကို စီးနင်းတိုက်ခိုက်စဉ် အသက်ရှင်လျှက် ကျန်ရစ်သူ ကလေးငယ်ဟာ နိုင်ငံမဲ့၊ မိဘမဲ့ဖြစ်ပြီး သူ့အနေနဲ့ တရား၀င် မွေးစားခွင့် ရှိတယ်လို့ ထုချေခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်ဟာ အာဖဂန်ဇာတိဖွား ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ဗိုလ်မှူးဂျော့ခ်ျရှူးဝါးရဲ့ လျှောက်လဲချက်ကို ပယ်ချခဲ့ပါတယ်။ 

ယခုအချိန်ထိ AP သတင်းဌာန ကြည့်ရှုခွင့်ရရှိခဲ့တဲ့ စာရွက်စာတမ်းများဟာ အပေါ်ယံမျှသာဖြစ်ပြီး အများစုကို လျှို့ဝှက်အဆင့် သတ်မှတ်ထားပါတယ်။ အမေရိကန်အစိုးရရဲ့ ပါ၀င်ပတ်သက်မှုဟာ အများအမြင်မှာ ပဟေဠိ ဖြစ်နေပြီး အမှုနဲ့ ပတ်သက်လို့ လူသိရှင်ကြား ပြောဆိုခြင်း မပြုရန် တားဆီးထားကြောင်း သတင်းမှာ ဆက်လက် ဖော်ပြပါတယ်။

(AP News.,15 September 2023,” Secret records: Government says Marine’s adoption of Afghan orphan seen as abduction, must be undone ကို ‌ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ စက်တင်ဘာလ ၁၆ ရက်အတွင်းဖြစ်ပွားခဲ့သော မြန်မာ့နိုင်ငံရေးသတင်းများ နှင့် နိုင်ငံတကာက သတင်းများ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved