သထုံ-ဘားအံလမ်းမကြီးတွင် ခရီးသည်တင်မှန်လုံကားတစ်စီး တိမ်းမှောက်၍ ရေမြောင်းထဲကျခဲ့ရာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး
သန့်ဇင် (NSS) - စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သထုံ-ဘားအံလမ်းမကြီးတွင် ခရီးသည်တင်မှန်လုံကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ပေးဆပ်သူလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ယနေ့ (စက်တင်ဘာလ ၁၂ ရက်) နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် ဘားအံမြို့နယ်၊ အထက်ကော့ရင်း ကျေးရွာ၊ သထုံ-ဘားအံသွားလမ်းမကြီး၊ ဆန်းထူးကုမ္ပဏီကွေ့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားက အရှိန်လွန်ပြီးမှောက်တာဗျ။ မှောက်ပြီး ရေမြောင်းထဲကျသွားတာပေါ့။ ကားပေါ်မှာက စုစုပေါင်း(၅)ဦး ပါတာမှာ (၄)ယောက်က ဘာမှမဖြစ်ဘူး တစ်ယောက်ပဲသေသွားတာပေါ့” ဟု ပေးဆပ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ကားမှာ ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံကားလေး ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ အသက်(၅၂)နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားကမှောက်တော့ သေဆုံးတဲ့လူရဲဘက်ခြမ်းက ရေမြောင်းထဲမှာကျတာ။ အဲဒီအချိန်သူက ရုတ်တရက် ထွက်မရတာနဲ့ ခေါင်းကရေထဲကိုကျနေတော့ ရေနစ်ပြီး သေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူ အမျိုသားအား ပေးဆပ်သူလူမှုကူညီရေးအသင်းမှကားဖြင့် ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံကြား Mir ငွေပေးချေမှုကဒ်ကို လာမယ့်အောက်တိုဘာလအတွင်း စတင်အသုံးပြုသွားမယ်လို့ ဝန်ကြီးဒေါက်တာကံဇော်ပြော
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း