Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တစ်ပြည်လုံးငြိမ်းချမ်းလိုပါက EAO များကိုသာ ဖိတ်ခေါ်ဆွေးနွေးရုံဖြင့် မလုံလောက်ဘဲ အဖွဲ့အစည်းသစ်များကိုပါ စိတ်ရှည်စွာဖြင့် ဖိတ်ခေါ်ဆွေးနွေးရမည်ဟု NMSP တိုက်တွန်း

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၅

တစ်ပြည်လုံး ငြိမ်းချမ်းလိုပါက EAO များကိုသာ ဖိတ်ခေါ်ဆွေးနွေးရုံဖြင့် မလုံ လောက်ဘဲ အဖွဲ့အစည်းသစ်များကိုပါ စိတ်ရှည်စွာဖြင့် ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးရမည်ဟု NMSP တိုက်တွန်းထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)က ယနေ့(ဖေဖော်ဝါရီလ ၅ ရက်)တွင် ကျရောက်သော (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့၌ ကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။

NMSP အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် ရပ်တည်လျက် အစိုးရအဆက်ဆက်နှင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် နစကမှ ဖိတ်ခေါ်လာသည့်အပေါ် မွန်ပြည်သစ်ပါတီမှ တွေ့ဆုံဆွေးနွေးနေသော်လည်း ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်နေသဖြင့် မျှော်မှန်းသည့်တိုင်းရင်းသားလူမျိုးအခွင့်အရေးများ ရရှိနိုင်ရန်မှာ အလှမ်းဝေးနေရဆဲဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် မွန်ပြည်သစ်ပါတီက နိုင်ငံ၏ နိုင်ငံရေးပြဿနာသည် အခင်းအကျင်းသစ်တစ်ခုသို့ ပြောင်းလဲရောက်ရှိနေပြီဖြစ်ပြီး (Stakeholders) အဖွဲ့အစည်းသစ်များလည်း တစ်နိုင်ငံလုံးသို့ ပျံနှံ့ပေါ်ပေါက်နေကြောင်းလည်း မှတ်ချက်ပြုထားသည်။

ထို့ကြောင့် အာဏာလက်ရှိကိုင်စွဲသူများမှ EAO များကိုသာ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးနေရုံဖြင့် လုံလောက်မည်မဟုတ်ကြောင်းနှင့် တစ်ပြည်လုံး ငြိမ်းချမ်းလိုသည့်စိတ်ဆန္ဒရှိပါက ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းသစ်များကိုလည်း စိတ်ရှည်စွာဖြင့် ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးရမည်ဟု မွန်ပြည်သစ်ပါတီက တိုက်တွန်းထားသည်။

လက်ရှိနိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများကလည်း အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ရပ်ကို ထောက်ခံရပ်တည်နေသည့်အပေါ် နှစ်ဖက်စလုံးမှ လိုက်နာလက်ခံအကောင်အထည်ဖော်သွားရန်လည်း NMSP က တိုက်တွန်းထားသည်။

နိုင်ငံ၏ အကြပ်အတည်းများကို ဖြေရှင်းနိုင်ခြင်းမရှိ၊ ဖြေရှင်းရန်နည်းလမ်းရှာကြံခြင်းမပြုဘဲ ရွေးကောက်ပွဲသစ်တစ်ခု ကျင်းပရန် အားထုတ်မှုသည် သွေးထွက်သံယိုမှုပိုများသည့် ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်ကြောင်း မွန်ပြည်သစ်ပါတီက ရှုမြင် သုံးသပ်ထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်လည်း (၃)ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးထားသည်။


zawgyi version

တစ္ျပည္လုံးၿငိမ္းခ်မ္းလိုပါက EAO မ်ားကိုသာ ဖိတ္ေခၚေဆြးေႏြး႐ုံျဖင့္ မလုံေလာက္ဘဲ အဖြဲ႕အစည္းသစ္မ်ားကိုပါ စိတ္ရွည္စြာျဖင့္ ဖိတ္ေခၚေဆြးေႏြးရမည္ဟု NMSP တိုက္တြန္း

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၅

တစ္ျပည္လုံး ၿငိမ္းခ်မ္းလိုပါက EAO မ်ားကိုသာ ဖိတ္ေခၚေဆြးေႏြး႐ုံျဖင့္ မလုံ ေလာက္ဘဲ အဖြဲ႕အစည္းသစ္မ်ားကိုပါ စိတ္ရွည္စြာျဖင့္ ဖိတ္ေခၚေတြ႕ဆုံေဆြးေႏြးရမည္ဟု NMSP တိုက္တြန္းထားသည္။

မြန္ျပည္သစ္ပါတီ(NMSP)က ယေန႔(ေဖေဖာ္ဝါရီလ ၅ ရက္)တြင္ က်ေရာက္ေသာ (၇၆)ႏွစ္ေျမာက္ မြန္အမ်ိဳးသားေန႔၌ ေၾကညာခ်က္ထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာဆိုထားျခင္းျဖစ္သည္။

NMSP အေနျဖင့္ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္အေပၚ ရပ္တည္လ်က္ အစိုးရအဆက္ဆက္ႏွင့္ ႏိုင္ငံေရးျပႆနာမ်ားကို ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း အသိေပးေျပာဆိုထားသည္။

ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးရန္ နစကမွ ဖိတ္ေခၚလာသည့္အေပၚ မြန္ျပည္သစ္ပါတီမွ ေတြ႕ဆုံေဆြးေႏြးေနေသာ္လည္း ၂ဝဝ၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဆုပ္ကိုင္ေနသျဖင့္ ေမွ်ာ္မွန္းသည့္တိုင္းရင္းသားလူမ်ိဳးအခြင့္အေရးမ်ား ရရွိႏိုင္ရန္မွာ အလွမ္းေဝးေနရဆဲျဖစ္သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ မြန္ျပည္သစ္ပါတီက ႏိုင္ငံ၏ ႏိုင္ငံေရးျပႆနာသည္ အခင္းအက်င္းသစ္တစ္ခုသို႔ ေျပာင္းလဲေရာက္ရွိေနၿပီျဖစ္ၿပီး (Stakeholders) အဖြဲ႕အစည္းသစ္မ်ားလည္း တစ္ႏိုင္ငံလုံးသို႔ ပ်ံႏွံ႔ေပၚေပါက္ေနေၾကာင္းလည္း မွတ္ခ်က္ျပဳထားသည္။

ထို႔ေၾကာင့္ အာဏာလက္ရွိကိုင္စြဲသူမ်ားမွ EAO မ်ားကိုသာ ၿငိမ္းခ်မ္းေရးအတြက္ ဖိတ္ေခၚေတြ႕ဆုံေဆြးေႏြးေန႐ုံျဖင့္ လုံေလာက္မည္မဟုတ္ေၾကာင္းႏွင့္ တစ္ျပည္လုံး ၿငိမ္းခ်မ္းလိုသည့္စိတ္ဆႏၵရွိပါက ပါဝင္ပတ္သက္သည့္အဖြဲ႕အစည္းသစ္မ်ားကိုလည္း စိတ္ရွည္စြာျဖင့္ ဖိတ္ေခၚေတြ႕ဆုံေဆြးေႏြးရမည္ဟု မြန္ျပည္သစ္ပါတီက တိုက္တြန္းထားသည္။

လက္ရွိႏိုင္ငံေရးအၾကပ္အတည္းမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ ကမာၻ႔ႏိုင္ငံမ်ားကလည္း အာဆီယံ၏ ဘုံသေဘာတူညီခ်က္ (၅)ရပ္ကို ေထာက္ခံရပ္တည္ေနသည့္အေပၚ ႏွစ္ဖက္စလုံးမွ လိုက္နာလက္ခံအေကာင္အထည္ေဖာ္သြားရန္လည္း NMSP က တိုက္တြန္းထားသည္။

ႏိုင္ငံ၏ အၾကပ္အတည္းမ်ားကို ေျဖရွင္းႏိုင္ျခင္းမရွိ၊ ေျဖရွင္းရန္နည္းလမ္းရွာႀကံျခင္းမျပဳဘဲ ေ႐ြးေကာက္ပြဲသစ္တစ္ခု က်င္းပရန္ အားထုတ္မႈသည္ ေသြးထြက္သံယိုမႈပိုမ်ားသည့္ ပဋိပကၡဆီသို႔ ဦးတည္သြားႏိုင္ေၾကာင္း မြန္ျပည္သစ္ပါတီက ရႈျမင္ သုံးသပ္ထားသည္။

မြန္ျပည္သစ္ပါတီ(NMSP)သည္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္သည့္ ႏိုင္ငံေတာ္၏ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ႏွင့္လည္း (၃)ႀကိမ္ထက္မနည္း ေတြ႕ဆုံေဆြးေႏြးထားသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

'Generational' အာတိတ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ အမေရိကန်အရှေ့မြောက်ပိုင်းနဲ့ ကနေဒါကို အန္တရာယ်ရှိတဲ့ အအေးလှိုင်း ဖန်တီးနိုင်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved