ပြင်ပရှိကုန်စုံဆိုင်များတွင် စားအုန်းဆီ ဝယ်ယူ၍မရဘဲ သတ်မှတ်ထားသည့်ဆိုင်များတွင်သာ တန်းစီဝယ်ယူရမှုများရှိနေ
NSS - စက်တင်ဘာ ၅
စားသုံးဆီအသင်းက ဖြန့်ဖြူးခြင်းမရှိသည့် ပြင်ပလက်လီကုန်စုံဆိုင်များတွင် စားအုန်းဆီ မရောင်းသည့်အတွက် ဝယ်ယူလိုသူများသည် နေ့စဉ် ခွဲတမ်းဖြင့်ရောင်းချပေးနေသည့် သတ်မှတ်ဆိုင်များတွင် တန်းစီဝယ်ယူနေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခုလဆန်းမှစတင်ကာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ မြန်မာနိုင်ငံအနှံ့ မြို့နယ်အသီးသီးရှိ စားသုံးဆီရောင်းချသည့် လက်လီဆိုင်များတွင် နေ့စဉ်ရောင်းချရမည့် စားအုန်းဆီ ပမာဏအလိုက် ခွဲဝေရောင်း ချပေးနေခြင်းဖြစ်သည်။
စားအုန်းဆီကို သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချပါက ဖမ်းဆီးမည်ဟု ထုတ်ပြန်ထားခြင်းကြောင့် ပြင်ပ၌ ရောင်းချနေသော ကုန်စုံဆိုင်အများစုသည် စားအုန်းဆီရောင်းချမှုကို ရပ်နားထားခြင်းဖြစ်သည်။
“ရပ်ကွက်ထဲကဆိုင်တွေရော၊ ဈေးထဲကဆိုင်တွေမှာပါ စားအုန်းဆီဝယ်လို့မရတော့ဘူး။ ဆီအသင်းကရောင်းပေးတဲ့ဆိုင်မှာဘဲ တန်းစီပြီးဝယ်မှရတယ်။ ကုန်သွားရင်လဲ မရတော့ဘူး။ ဆီတန်းစီတဲ့သူတွေအရမ်းများတော့ ဆီဆိုင်မှာတန်းစီရင်း ရန်တွေဘာတွေဖြစ်ကုန်ကြတယ်။ ဒီနေ့ဆိုရင် အုပ်ချုပ်ရေးမှုးရုံးက မီးသတ်တပ်ဖွဲ့ဝင်တွေလာပြီး တန်းစီတဲ့သူတွေကို ကြီးကြပ်ပေးနေတယ်”ဟု တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်မှ ဆီဆိုင်တွင် ဆီတန်းစီနေသူတစ်ဦးကပြောသည်။
စားသုံးဆီအသင်းက ရန်ကုန်မြို့ရှိ ဆိုင်ပေါင်းနှစ်ရာဝန်းကျင်ကို နေ့စဉ်ခွဲတမ်းဖြင့်ရောင်းချပေးနေခြင်းဖြစ်ပြီး တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့်ရောင်းချပေးခြင်းဖြစ်သည်။
ယခင်က ပြင်ပရှိ စားအုန်းဆီရောင်းချသည့် ကုန်စုံဆိုင်များတွင် တစ်ပိဿာကိုးထောင်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သော် လည်း လက်ရှိတွင် ရောင်းချခြင်းမရှိတော့ကြောင်းသိရသည်။
နေ့စဉ် ဆီတန်းစီဝယ်ယူရန် အခြေခံလူတန်းစားများအတွက် မလွယ်ကူခြင်းကြောင့် ဆီဖြန့်ဖြူးရောင်းချမှုကို ပိုမိုတိုးချဲ့ရောင်းချရန်လိုအပ်ကြောင်း စားသုံးသူများက ပြောကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၉)နှစ်အရွယ်ကလေးငယ် အပါအဝင် မိသားစုဝင်(၃)ဦးလုံးကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခုတ်သတ်ဖြတ်မှု လှိုင်သာယာမြိုန့ယ်တွင် ဖြစ်ပွား
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း