တစ်ရက်ထဲ၌ ပစ်ခတ်သတ်ဖြတ်ခံရမှုများကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် အမျိုးသား(၃)ဦးသေဆုံး
NP News - ဖေဖော်ဝါရီ ၅
ရန်ကုန်အပါအဝင် မြို့နယ်အချို့၌ ပစ်ခတ်ခံရမှုများကြောင့် တစ်ရက်ထဲတွင် အမျိုး သား(၃)ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖေဖော်ဝါရီလ (၃)ရက်၊ နံနက်(၉)နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် နေထိုင်သူ ဦးအောင်နိုင်ဦးသည် သားဖြစ်သူ မောင်သူထူးနိုင်နှင့်အတူ နေအိမ်မှ ထားဝယ်မြို့သို့ ဈေးဝယ်ရန် သုံးဘီးဆိုင်ကယ်ဖြင့် ထွက်လာစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သားအဖနှစ်ဦးသည် ထိုသို့ထွက်လာစဉ် ညောင်ဇင်ကျေးရွာဈေးအနီး ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင်အမှတ် (၇)မိုင် (၃)ဖာလုံနှင့် (၄)ဖာလုံကြား အရောက်တွင် အသင့်စောင့်နေသော အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးအောင်နိုင်ဦးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်း ဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နံနက်(၁၂)နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆက် လက်ထုတ်ပြန်ထားသည်။
သုံးခွမြို့နယ်၊ ရေပေါ်ကန်ကျေးရွာတွင် နေထိုင်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလင်းသည် နေအိမ်ခြံဝင်းအတွင်းရှိနေစဉ် ဆိုင်ကယ်မောင်းလာသည့် အမျိုးသား (၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းကြောင့် ဦးကျော်မျိုးလင်းတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေ့ ညနေ(၅)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဇီးဖြူပင် ကျေးရွာတွင် နေထိုင်သူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း(၄)ဖြစ်သူ ဦးအောင်မျိုးသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်(၅)ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထား သည်။
ထို့နောက် ဇီးဖြူပင်ကျေးရွာ၏ မြောက်ဘက်ဇရပ်အနီးတွင် ဦးအောင်မျိုးအား သတ် ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
တစ္ရက္ထဲ၌ ပစ္ခတ္သတ္ျဖတ္ခံရမႈမ်ားေၾကာင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦးအပါအဝင္ အမ်ိဳးသား(၃)ဦးေသဆုံး
NP News - ေဖေဖာ္ဝါရီ ၅
ရန္ကုန္အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕၌ ပစ္ခတ္ခံရမႈမ်ားေၾကာင့္ တစ္ရက္ထဲတြင္ အမ်ိဳး သား(၃)ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ေဖေဖာ္ဝါရီလ (၃)ရက္၊ နံနက္(၉)နာရီအခ်ိန္ခန႔္တြင္ တနသၤာရီတိုင္း၊ သရက္ေခ်ာင္းၿမိဳ႕နယ္တြင္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသား(၁)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ေညာင္ဇင္ေက်း႐ြာတြင္ ေနထိုင္သူ ဦးေအာင္ႏိုင္ဦးသည္ သားျဖစ္သူ ေမာင္သူထူးႏိုင္ႏွင့္အတူ ေနအိမ္မွ ထားဝယ္ၿမိဳ႕သို႔ ေစ်းဝယ္ရန္ သုံးဘီးဆိုင္ကယ္ျဖင့္ ထြက္လာစဥ္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
၎တို႔သားအဖႏွစ္ဦးသည္ ထိုသို႔ထြက္လာစဥ္ ေညာင္ဇင္ေက်း႐ြာေစ်းအနီး ထားဝယ္-ၿမိတ္ကားလမ္း မိုင္တိုင္အမွတ္ (၇)မိုင္ (၃)ဖာလုံႏွင့္ (၄)ဖာလုံၾကား အေရာက္တြင္ အသင့္ေစာင့္ေနေသာ အၾကမ္းဖက္သမား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ဦးေအာင္ႏိုင္ဦးတြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္း ျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
အလားတူ နံနက္(၁၂)နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ သုံးခြၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆက္ လက္ထုတ္ျပန္ထားသည္။
သုံးခြၿမိဳ႕နယ္၊ ေရေပၚကန္ေက်း႐ြာတြင္ ေနထိုင္သူ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မ်ိဳးလင္းသည္ ေနအိမ္ၿခံဝင္းအတြင္းရွိေနစဥ္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသား (၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ျခင္းေၾကာင့္ ဦးေက်ာ္မ်ိဳးလင္းတြင္ ေသနတ္ထိမွန္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါေန႔ ညေန(၅)နာရီခြဲအခ်ိန္ခန႔္တြင္ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ ဇီးျဖဴပင္ ေက်း႐ြာတြင္ ေနထိုင္သူ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲေရး ႏွင့္ စာရင္းအင္းဦးစီးဌာနမွ ေျမတိုင္း(၄)ျဖစ္သူ ဦးေအာင္မ်ိဳးသည္ ေနအိမ္၌ရွိေနစဥ္ အၾကမ္းဖက္(၅)ဦးခန႔္က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထား သည္။
ထို႔ေနာက္ ဇီးျဖဴပင္ေက်း႐ြာ၏ ေျမာက္ဘက္ဇရပ္အနီးတြင္ ဦးေအာင္မ်ိဳးအား သတ္ ျဖတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်မြို့ အရှေ့မြောက်ဘက်ရှိ KNDF တပ်ရင်း(၁ဝ)ကို လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ဟု နစကဆို
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း