Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်း နှင့် မြန်မာနယ်စပ်ဒေသတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန်ကြိုးပမ်းသူနှစ်ဦး သေဆုံးခဲ့

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၅

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ နှင့် စစ်တပ်တို့သည် မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံထဲသို့ တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့ရန် ကြိုးပမ်းသော လက်နက်ကိုင်အဖွဲ့နှင့် ပြီးခဲ့သောရက်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်မှောင်ခိုတင်သွင်းရန်ကြိုးပမ်းသူ နှစ်ဦး သေဆုံးသွားခဲ့ကာ၊ မူးယစ်ဆေးဝါးများ နှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ 

ထိုင်းစစ်တပ် နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့သည် Mae Fa Luang ဒေသ Ban Huai Kra မြို့အနီး တောထဲတွင် ဖေဖော်ဝါရီ ၂ ရက်၊ ညပိုင်းက ကင်းလှည့်နေခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းသူအုပ်စုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ စစ်ဆေးရန် ရပ်တန့်ခိုင်းချိန်တွင် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းရန် ကြိုးပမ်းသူအုပ်စု ဘက်က စတင်ပစ်ခတ်မှုများကြောင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောသည်။ 

ထိုင်းစစ်တပ်က မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းသူအုပ်စုတွင် လူပေါင်း ၅ ဦးနှင့် ၇ ဦးကြား ပါဝင်ကာ မူးယစ်ဆေးဝါးများထည့်ထားသော အိတ်များကို ကျောပိုးအိတ်ဖြင့် လွယ်ထားသလို သေနတ်များလည်း ကိုင်ဆောင် ထားကြောင်း ပြောသည်။ ၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်း ရန် ကြိုးပမ်းသူအုပ်စုသည် ထွက်ပြေးသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာကို ထပ်မံလာရောက်ပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးမှောင်ခိုပို့ဆောင်သူ နှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရ ပြီး ၎င်းတို့ ရုပ်အလောင်းနားတွင် AK-47 အမျိုးအစား သေနတ်နှစ်လက်ကိုလည်း သိမ်းမည်းမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

ထို့အပြင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းနားတွင် စိတ်ကြွဆေးပြား အရေအတွက် ၄ဝဝဝ ပါဝင်သော အိတ်နှစ်အိတ်ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါသေဆုံးသူနှစ်ဦးသည် သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ကာကွယ်ရန်အတွက် ရှေ့တန်းမှ ဦးဆောင်ပစ်ခတ်ခဲ့သူများဖြစ်ဖွယ်ရှိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။


Zawgyi Version; 







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသက် ၃ နှစ်အရွယ် ကလေးငယ်ကို အသက်စွန့်ကယ်တင်ပေးခဲ့တဲ့ ကာဇက်စတန်အမျိုးသား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved