စက်သုံးဆီဈေး အနည်းငယ် ပြန်လည် မြင့်တက်လာ
NP News - ဩဂုတ် ၂၆
ယခု တစ်ပတ်အတွင်း စက်သုံးဆီဈေးနှုန်း တစ်ဖြည်းဖြည်းမြင့်တက်လာကြောင်း သိရသည်။
တစ်ပတ်အတွင်း စက်သုံးဆီဈေးများအနေဖြင့် 92 တစ်လီတာလျှင် ကျပ်(၂၂၃၅)မှ မြင့်တက်လာခဲ့ရာ ယနေ့ ဩဂုတ်လ(၂၆)ရက်တွင် 92 တစ်လီတာလျှင် ကျပ်(၂၃၁၀) အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယနေ့ ရန်ကုန် ရည်ညွှန်း လက်လီဈေးနှုန်းသည် ဓာတ်ဆီ 92 တစ်လီတာလျှင် (၂၃၁၀) ကျပ်၊ 95 တစ်လီတာလျှင် (၂၄၄၀) ကျပ်၊ ဒီဇယ် တစ်လီတာလျှင် (၂၄၅၅) ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် (၂၅၃၀) ကျပ်ပေါက်ဈေး ရှိကြောင်းသိရသည်။
အလားတူ မန္တလေး ရည်ညွှန်းလက်လီဈေးနှုန်းသည် ဓာတ်ဆီ 92 တစ်လီတာလျှင် (၂၃၆၀)ကျပ်၊ 95 တစ်လီတာလျှင် (၂၄၉၀)ကျပ်၊ ဒီဇယ် 500 ppm တစ်လီတာလျှင် (၂၅၀၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် (၂၅၈၀ )ကျပ်သို့ရောက်ရှိနေသည်။
အခြားသော တိုင်းနှင့်ပြည်နယ်များအတွင်း စက်သုံးဆီဈေးနှုန်းများသည် ရန်ကုန်နှင့် မန္တလေးမြို့တို့ထက် ကျပ်(၅၀)ကျော်မှ ကျပ်(၁၀၀)ဝန်းကျင်အထိ ကွာခြားကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ နေ့စဉ် စက်သုံးဆီပေါက် ဈေးအရ ဖော်ပြထားခြင်းဖြစ်ပြီး နေရာဒေသအလိုက်ဈေးကွာခြားချက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ တရုတ်နိုင်ငံသား(၅)ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း