Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လယ်မြေပေါ်၌ နေအိမ်အခိုင်အမာဆောက်လုပ်ထားမှုများကို ဖြေရှင်းမည့်နည်းလမ်း နှင့် ၎င်းကဲ့သို့ ထပ်မံမရှိစေ ရေးလုပ်ဆောင်မည့်နည်းလမ်းများကို နစက ရှာဖွေနေ

မျိုးကြီး (NSS) - ဩဂုတ် ၂၅

လယ်မြေများပေါ်၌ နေအိမ်အခိုင်အမာဆောက်လုပ်ထားမှုများကို ဖြေရှင်းမည့်နည်းလမ်းနှင့် ၎င်းကဲ့သို့ ထပ်မံမရှိစေရေး လုပ်ဆောင်မည့်နည်းလမ်းများကို နစကမှ ရှာဖွေနေကြောင်း သတင်းရရှိသည်။

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောက် ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရေးဦးစီးကော်မတီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည်။

၎င်းအစည်းအဝေး၌ ဦးစီးကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် လယ်ယာမြေများမလျော့ပါးစေရေးအတွက် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ လယ်ယာမြေဥပဒေတို့၌ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရန် ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။ 

သို့သော် လက်ရှိတွင် ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်လာကြောင်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲ ပြုစုရန် ဆောင်ရွက်သွားရမည်ဟု ဝန်ကြီးက ဆက်လက်ပြောသည်။

ထိုသို့ရေးဆွဲပြုစုရာတွင် လက်ရှိမြေပြင်၌ ဖြစ်ပေါ်နေသည့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများကို စနစ်တကျ လေ့လာဆန်းစစ်ကာ ပြည်သူများ နစ်နာမှုမရှိစေရေး ဖောက်ထုတ်အကြံပြုရန်လည်း ဝန်ကြီးဦးမင်းနောင်က တိုက်တွန်းထားသည်။

တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွက်ပြုပြီး လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းစသည့် ဥပဒေမဲ့လုပ်ဆောင်နေမှုများကို ဖြေရှင်းရန်နည်းလမ်းများနှင့် ထပ်မံ မဖြစ်ပွားရေးအတွက် နည်းလမ်းများကို နစကမှ ရှာဖွေလျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအနေဖြင့် ယခု သြဂုတ်လ ၁ဝ ရက်တွင် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရေးဦးစီးကော်မတီကိုဖွဲ့စည်းကာ တာဝန်များပေးထားကြောင်း သိရသည်။


ယင်းဦးစီးကော်မတီအနေဖြင့် စိုက်ပျိုးမြေများ မလျော့ပါးစေရေး၊ တိုးပွားလာသည့် ပြည်သူလူထု နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ စက်ရုံအလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံကာ လုပ်ထုံး လုပ်နည်းစံနှုန်းများကို ဖော်ထုတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိ နစကလက်ထက်တွင် လယ်မြေများပေါ်၌ ခွင့်ပြုချက်မရရှိဘဲ လူနေအိမ်များ ဆောက်လုပ်သည်ဟုဆိုကာ ဖြိုချဖျက်ဆီးမှုများရှိခဲ့ပြီး ဒုက္ခရောက်ခဲ့သည့် နိုင်ငံသားများလည်း ရှိခဲ့သည်။


မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့တွင်လည်း လယ်မြေယာများပေါ်၌ ခွင့်ပြုချက် မရရှိဘဲ လူနေအိမ်ဆောက်လုပ်သည်ဟုဆိုကာ ပြောင်းရွေ့ဖယ်ရှားခိုင်းမှုများရှိခဲ့ပြီး ယင်းကဲ့သို့ ဖယ်ရှားခိုင်းခဲ့သော လူနေအိမ်များထဲတွင် တန်ဖိုးကြီး အဆောက်အအုံများလည်း ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

“ကျွန်တော်တို့ နစကဥက္ကဋ္ဌထံမှာ အသနားခံစာတင်ခဲ့တာရှိတယ်။ ကျွန်တော်တို့ အိမ်တွေကို ရှိတာလေးနဲ့ ပိုက်ဆံအကုန်ကျခံပြီး သေချာဆောက်ထားတာ။ လယ်ယာမြေလို့တော့ သေချာမသိဘူးလေ။ ဘေးပတ်ဝန်းကျင်မှာ လည်း အိမ်တွေက အများကြီးဆိုတော့ ကျွန်တော်တို့က မြေဝယ်ပြီးတော့ ဆောက်တာပေါ့။ အခုမှ လယ်မြေပေါ်မှ ဆောက်ထားလို့ ဖယ်ရမယ်ဆိုတော့ အတော်လေးကို ဒုက္ခရောက်မှာပေါ့။ ပြည်သူတွေကိုကြည့်တဲ့အနေနဲ့ ထိုက်သင့်တဲ့ဒဏ်ကြေးဖြစ်ဖြစ်၊ အခွန်ဖြစ်ဖြစ် ဆောင်ခိုင်းပြီးတော့ ခွင့်ပြုပေးစေလိုပါတယ်” ဟု လယ်မြေပေါ်မှ လူနေအိမ်အား ဖယ်ရှားပေးရန် အမိန့်ထုတ်ခံထားရသည့် ပြင်ဦးလွင်မြို့နယ်ရှိ ဒေသခံတစ်ဦးက NP News  ကို ပြောသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ သတင်းမှန်များကို တရုတ်၏အကူအညီဖြင့် ကမ္ဘာကသိစေရန် ဖြန့်ကျက်မှုများ ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved