ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းနှင့် နောက်ထပ်သုံးနှစ်သက်တမ်းတိုးရန် သဘောတူလက်မှတ်ရေးထိုး
Pika (NSS) - သြဂုတ် ၂၄
မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားသည် အသင်းတွင် နောက်ထပ်သုံးနှစ်ကစားရမည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အသက်(၂၉)နှစ်အရွယ် ဘာနာဒိုဆေးလ်ဗားသည် မန်စီးတီးအသင်းတွင် ဆက်ကစားရန်အတွက် ဘာစီလိုနာအသင်း နှင့် ပီအက်စ်ဂျီအသင်းတို့၏ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး ၂ဝ၂၆ ခုနှစ်အထိ မန်စီးတီးအသင်းတွင် ဆက်ကစားရမည့် သုံးနှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာနာဒိုဆေးလ်ဗားသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၃ဝ၈)ပွဲ ကစားပေးထားပြီး (၅၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၅၉)ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။ ဘာနာဒိုဆေးလ်ဗား က "ကျွန်တော်မန်စီးတီးအသင်းမှာ ခြောက်နှစ် ကစားခဲ့ပါတယ်။ ပြီးတော့ နောက်ထပ်သုံးနှစ် ထပ်မံသက်တမ်းတိုးခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့ပြီး ဒီလိုအသင်းမှာ ဆက်လက်ကစားခွင့်ရတာဟာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ မန်စီးတီးအသင်းဟာ အောင်မြင်မှုတွေကို ဆွတ်ခူးချင်တဲ့ ကျွန်တော့်ရဲ့ရည်မှန်းချက်အတွက် အခွင့်အရေးတွေပေးပါတယ်၊၊ အသင်းတာဝန်ရှိသူတွေ၊ အသင်းကစားဖော်တွေ၊ ပရိသတ်တွေနဲ့ ပိုကောင်းတဲ့အမှတ်တရတွေကို မျှဝေနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခေါင်းဆောင်ဖြစ်သူပရီဂိုဇင် သေဆုံးမှုအတွက် လက်စားချေသွားဖို့ အဆင့်သင့်ရှိနေကြောင်း ရုရှားကြေးစားတပ်ဖွဲ့ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း