Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
BRICS အဖွဲ့၏ (NDB)ဘဏ်အနေဖြင့် နောက်ထပ်အဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံကို လက်ခံသွားနိုင်ဖွယ်ရှိနေ

Pika (NSS) - သြဂုတ် ၂၃

BRICS အဖွဲ့ဝင်နိုင်ငံများက တည်ထောင်ထားသော New Development Bank(NDB) သည် အဖွဲ့ဝင်ဖြစ်ခွင့်ရရန် တောင်းဆိုထားသော နိုင်ငံပေါင်း(၁၅)နိုင်ငံ၏ လျှောက်ထားမှုများကို စဉ်းစားနေကြောင်း NDB ဘဏ်အကြီးအကဲ Dilma Rousseff က ပြောကြားခဲ့သည်။ 

(NDB) သည် အဖွဲ့ဝင်သစ် လေးနိုင်ငံ (သို့မဟုတ်) ငါးနိုင်ငံ၏ ဝင်ခွင့်ကို လက်ခံကာ အတည်ပြုနိုင်ဖွယ်ရှိနေကြောင်း ဘရာဇီးသမ္မတဟောင်းဖြစ်သလို ရှန်ဟိုင်းအခြေစိုက် ငွေချေးလုပ်ငန်း(NDB)ကို ဦးဆောင်နေသည့် Dilma Rousseff  က ပြောကြားခဲ့သည်။


သို့သော်လည်း အဆိုပါအဖွဲ့ဝင်အသစ်များမှာ မည်သည့်နိုင်ငံများဖြစ်သည်ဆိုသည့်အချက်ကို Dilma Rousseff  က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။ ၎င်းက "ဒီနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ(၈)ဘီလျံကနေ (၁ဝ) ဘီလျံကြား ချေးငွေထုတ်ပေးဖို့ မျှော်လင့်ထားပါတယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်မှာ ချေးငွေတွေအားလုံးရဲ့ (၃ဝ)ရာခိုင်နှုန်းခန့်ကို ပြည်တွင်းသုံးငွေကြေးနဲ့ ထုတ်ချေးနိုင်ဖို့ဖြစ်ပါတယ်" ဟု ပြောခဲ့သည်။


(NDB)သည် အမေရိကန်ဒေါ်လာအပေါ်မှီခိုအားထားမှုများကို လျှော့ချရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် တောင်အာဖရိကနိုင်ငံသုံးငွေကြေးနှင့် ဘရာဇီးနိုင်ငံသုံးငွေကြေးတို့ဖြင့် ငွေချေးရန်စီစဉ်နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ 

(NDB)သည် တောင်အာဖရိကတွင် ချေးငွေထုတ်ပေးရန်အတွက် တောင်အာဖရိကနိုင်ငံသုံးငွေကြေးကို အသုံးပြု မည်ဖြစ်ပြီး ဘရာဇီးတွင်လည်း ဘရာဇီးနိုင်ငံသုံးငွေကြေးဖြင့် ချေးငွေထုတ်ပေးသွားမည်ဖြစ်ကြောင်း Dilma Rousseff ၏ အဆိုအရ သိရသည်။ ၎င်းက "ကျွန်မတို့ဟာ အမေရိကန်ဒေါ်လာ မဟုတ်ဘဲ နိုင်ငံသုံးငွေကြေးတွေနဲ့ ငွေကြေးလဲလှယ်ဖို့ (သို့မဟုတ်) ချေးငွေထုတ်ပေးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ရူပီးနဲ့လည်း အဲဒီလိုပဲ လုပ်သွားမှာပါ" ဟု ပြောခဲ့သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကတို့ပါဝင်သော BRICS အဖွဲ့သည် အခြေခံအဆောက်အဦးများ နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပရောဂျက်များအတွက် ရန်ပုံငွေပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် ၂ဝ၁၄ ခုနှစ်တွင် NDB ဘဏ်ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NDBဘဏ်ကို ၂ဝ၁၅ ခုနှစ်တွင် တရားဝင် စတင်ဖွင့်လှစ် ခဲ့ပြီး  ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ အီဂျစ် နှင့် ဥရုဂွေးတို့က နောက်ပိုင်းတွင် ပါဝင် ပူးပေါင်းခဲ့ကြောင်း သိရသည်။ NDBဘဏ်ကို IMF နှင့် World Bank တို့ ကဲ့သို့သော အမေရိကန်ကြီးစိုးသည့် ငွေကြေးအဖွဲ့အစည်းများအတွက် အစားထိုးဘဏ်တစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းဈေးကွက်၌ ယခုတစ်ပတ်အတွင်း ဆန်ချောဈေးများ မြင့်တက်လာ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved