ဘရာဇီးနိုင်ငံတွင် ဘောလုံးပရိသတ်များတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံး လူ(၇)ဦး သေဆုံး
Pika (NSS) - သြဂုတ် ၂၁
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဩဂုတ်လ(၂ဝ)ရက်က ဘောလုံးပရိသတ်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း မီးသတ်ဌာနတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် Minas Gerais ပြည်နယ် Belo Horizonte အနီးရှိ အဝေးပြေးလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တိမ်းမှောက်မှုမဖြစ်ပွားမီ ဘရိတ်မမိတော့သည့် အကြောင်းကို ယာဉ်မောင်းက အော်ဟစ်ပြောဆိုခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သည့် ခရီးသည်များ က ပြောကြားခဲ့ သည်။
Sao Paulo မြို့၏ Corinthians ဘောလုံးအသင်းမှ ပရိသတ်(၄ဝ)ကျော်သည် Belo Horizonte မြို့တွင် ယှဉ်ပြိုင် ကစားခဲ့သောပွဲကို သွားရောက်ကြည့်ရှုပြီးနောက် ဘတ်စ်ကားဖြင့် ပြန်လာကြသည့်အချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ Minas Gerais ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ဒုရဲအုပ် Fernando Frois သည် အသေ အပျောက်စာရင်းများကို အစီရင်ခံခဲ့သော်လည်း ဆေးရုံသို့တင်ထားသော ထိခိုက်ဒဏ်ရာရရှိသူများမှာ အခြေအနေ ဘယ်လိုရှိသည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။
ဘရာဇီးလ်နိုင်ငံ၏ အမျိုးသားကုန်းလမ်းပို့ဆောင်ရေးအေဂျင်စီ (ANTT) က အဆိုပါဘတ်စ်ကားသည် မှတ်ပုံတင် ထားခြင်းမျိုးမရှိသည့်အပြင် ပြည်နယ်များကြားတွင် ခရီးသည်များကို ပို့ဆောင်ရန် ခွင့်ပြုချက်မရှိကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ ဘရာဇီးနိုင်ငံတစ်ဝှမ်းမှ ဘောလုံးအသင်းများအပြင် ဘရာဇီးဘောလုံး အဖွဲ့ချုပ်ကလည်း သေဆုံးသူများ၏ မိသားစုများနှင့် သူငယ်ချင်းများထံ ဝမ်းနည်းစာ ပေးပို့ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငဖဲမြို့နယ် တရုတ်-မြန်မာသဘာဝဓါတ်ငွေ့ပိုက်လိုင်းအနီးရှိ လုံခြုံရေးစခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း