Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာရှလမ်း၌ လမ်းပြုပြင်ရေးစက်ယန္တရား တင်ဆောင်လာသည့်ကား ပစ်ခတ်ခံ၍ လူထိခိုက်မှုများရှိခဲ့၊ လမ်းပိုင်းကို ပြုပြင်နေစဉ် မကြာခဏပစ်ခတ်ခံနေရဟုဆို

မြူနစ် (NSS) - သြဂုတ် ၂ဝ

အာရှလမ်း၌ လမ်းပြုပြင်ရေးစက်ယန္တရားများ တင်ဆောင်လာသည့်ကား ပစ်ခတ်ခံ၍ လူထိခိုက်မှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(သြဂုတ် ၂ဝ ရက်) နံနက် ၉ နာရီကျော်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း၊ သင်္ဃန်းညီနောင်ဘက်ခြမ်းရှိ ကွင်းကလေးတံတားအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့တစ်ခုက NP News ကို ပြောသည်။


အာရှလမ်း၊ ကွင်းကလေးတံတားအနီးတွင် လမ်းပြုပြင်ရေးစက်ယန္တရားများ တင်ဆောင်လာသည့်ကား ပစ်ခတ် ခံနေရစဉ်အချိန် ခရီးသည်တင်ကားတစ်စီးမှာ ဖြတ်သန်းမောင်းနှင်ခဲ့၍ ခရီးသည်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

“ကော့ကရိတ်ဘက်ကလာရင် ကွမ်းသီးခြံအဆင်း ကွင်းကလေးတံတားမရောက်ခင်လေးမှာပေါ့။ ဘက်ဟိုးတွေ ပြန်တင်လာတဲ့ ကားကို ပစ်တာ။ ကားတစ်စီးကတော့ မောင်းမရတော့ဘူး။ အဲဒီမှာ ကားပေါ်ကသူတွေက ခုန်ချတော့ ဘာမှမဖြစ်ဘူး။ အဲဒီအချိန်မှာ အန်ဇာတုံးခရီးသည်ကားက မောင်းလာတာပေါ့။ အဲဒီမှာ ထိပြီးတော့ ခရီးသည်(၄)ယောက် ဒဏ်ရာရသွားတယ်။ ခရီးသည်(၄)ယောက်က ခြေတောက်တွေ မှန်တယ်။ ပါးတွေကို ရှပ်မှန်တာတွေလည်း ရှိတယ်” ဟု ဒေသခံလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသည်(၄)ဦးအား မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကို အာရှလမ်းပြုပြင်နေမှုအပေါ် မလိုလားသည့် KNLA၊ PDF ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။


မြဝတီ-ကော့ကရိတ်အာရှလမ်း၊ တောနော်ရေတံခွန်အနီးရှိ ကားလမ်းပိုင်းသည် ပြီးခဲ့သော သြဂုတ် ၇ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် မြေပြိုပျက်စီးခဲ့သော အာရှလမ်းကာလမ်းပိုင်းအား ဘေလီတံတားဖြင့် အစားထိုးပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကားအသေးများကိုလည်း မြေသားလမ်းမှတစ်ဆင့် အချိန်ပိုင်းအလိုက် ဖြတ်သန်းသွားလာ ခွင့်ပေးထားကြောင်း သိရသည်။

ထိုသို့ ပြုပြင်နေစဉ်အချိန်တွင် လမ်းပြုပြင်ရေးအဖွဲ့များမှာ မကြာခဏ ပစ်ခတ်ခံနေရမှုများရှိကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ညွှန်ချုပ်ဦးလှထွန်းဦးက NP News ကို ပြောသည်။

“နယ်မြေမှာ ပစ်ခတ်နေတာနဲ့ပဲ အလုပ်တွေက မတွင်ဘူး။ ဟိုတစ်နေ့ကလည်း လောင်ချာကြီးကျလာတယ်လေ။ နောက်ပြီးတော့ စက်တွေလည်း စနိုက်ပါတွေနဲ့ အပစ်ခံရတယ်။ ဆိုတော့ အလုပ်တော့ကောင်းကောင်း လုပ်လို့ မရဘူးပေါ့။ ဒါပေမယ့် လုပ်လို့ရမယ့်နည်းလမ်းကို ကျွန်တော်တို့ ရှာကြံနေပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့အချိန် ဆိုရင်တော့ လုပ်ငန်းခွင်က ရပ်ရတာပေါ့။ ပြီးတော့ အခြေအနေကြည့် ပြန်လုပ်ပေါ့။ သူတို့ကလည်း အလုပ်မဖြစ်ရ အောင် နှောင့်ယှက်နေတာပေါ့” ဟု ဦးလှထွန်းဦး က ဆိုသည်။


ယင်းကဲ့သို့ နေ့စဉ်နီးပါး ပစ်ခတ်ခံနေရသည့်အတွက် မြေပြိုပျက်စီးခဲ့သော အာရှလမ်းပိုင်းပြုပြင်ရေးသည် လုပ်ငန်း ပြီးစီးမှုနည်းပါးနေကြောင်း သိရသည်။

“အကြိမ်ရေတော့ များတယ်။ ပစ်နေတာကတော့ တစ်နေ့ကို ၄၊ ၅ ကြိမ်လောက်ဖြစ်နေတာ။ လူတော့ ထိခိုက် ဒဏ်ရာရတာမျိုး မရှိဘူးဗျ။ အဝေးကနေလာပစ်တော့ ကျည်ဆံကျတယ်။ ဗုံးကျတယ်။ လူတွေ ထိခိုက်တာတော့ မရှိပါဘူး။ အဲဒီလိုပဲ အဝေးကနေ လှမ်းခြောက်တာပေါ့။ အလုပ်ပျက်အောင်ပေါ့ဗျာ။ ဆိုလိုတာက လူကလည်း အသက်နဲ့ဆိုတော့ အောက်ခြေက စက်မောင်း၊ ယာဉ်မောင်းတွေလည်း သူတို့လည်း ကိုယ့်အသက်ကို စိုးရိမ်တာပေါ့။ အဲဒါကြောင့် လုပ်ရကိုင်ရတာ အခက်အခဲတွေ ရှိတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းသည် မြန်မာ-ထိုင်းကုန်သည်မှုပြုလုပ်ရာတွင် အရေးပါးသည့်လမ်းကြောင်း ဖြစ်သည့်အတွက် အမြန်ဆုံးပြီးမြောက်ရေး အားထုတ်လုပ်ဆောင်နေသည်ဟု ဦးလှထွန်းဦးက ဆိုသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုန်တင်ရထားတိမ်းမှောက်မှုကြောင့် ရပ်နားထားသော ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ယနေ့ ပုံမှန်ပြန်လည် ပြေးဆွဲ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved