Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ဂျာအား စစ်ရေးအရဝင်ရောက်စွက်ဖက်မည့် အစီအစဉ်ကို အပြီးသတ်ရန် အနောက်အာဖရိကနိုင်ငံ စစ်တပ်များတွေ့ဆုံ

Htay Oung (NSS) - ဩဂုတ် ၁၉

စစ်တပ်အာဏာသိမ်းမှုကို နောက်ကြောင်းပြန်လှည့်ပြီး သံတမန်ရေးတောင်းဆိုမှုတွေကို လိုက်လျောဖို့ ပျက်ကွက်မယ်ဆိုလျှင် နိုင်ဂျာအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ့် အစီအစဉ်အသေးစိတ်ကို ဒုတိယအကြိမ် အပြီးသတ်ဆွေးနွေးဖို့အတွက် အနောက်အာဖရိကနိုင်ငံတွေဟာ သောကြာနေ့(ဩဂုတ်လ ၁၈ ရက်)က ဂါနာနိုင်ငံ “အက်ကရာ"မြို့တော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ Reuters က ဩဂုတ်လ ၁၈ ရက်မှာ ရေးသားပါတယ်။


လွန်ခဲ့တဲ့ ဇူလိုင်လ ၂၆ ရက် သမ္မတ မိုဟာမက်ဘဇွမ်းကို ဖြုတ်ချခဲ့တဲ့ နိုင်ဂျာစစ်တပ်အရာရှိများဟာ ကမ္ဘာ့ကုလသမဂ္ဂ၊ ECOWAS ခေါ် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာအဖွဲ့နဲ့ အခြားနိုင်ငံများရဲ့ တောင်းဆိုမှုများကို ဖီဆန်လျက်ရှိပါတယ်။ ဘဇွမ်းကို ပြန်လည်တင်မြှောက်ဖို့ ငြင်းဆန်နေခြင်းဟာ ဒေသတွင်းနိုင်ငံ စစ်တပ်များအတွက် အသင့်အနေအထားဖြင့် စုဖွဲ့ဖို့ ဖြစ်လာရပါတယ်။

ဂရင်းနစ်စံတော်ချိန် ၁၆း၀၀ နာရီခန့်မှာ ပိတ်ပွဲအခမ်းအနားဖြင့် ပြီးဆုံးသွားခဲ့တဲ့ ECOWAS နိုင်ငံများရဲ့ အစည်းအဝေးဟာ နှစ်ရက်ကြာမြင့်ခဲ့ပါတယ်။ အနောက်အာဖရိ ကာကွယ်ရေးဦးစီးချုပ်များဟာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကိစ္စများ ဖြစ်နိုင်ခြေရှိတဲ့ တပ်ဖြန့်မှုဆိုင်ရာအရေးများအပါအဝင် အခြားကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်တဲ့ အချိန်ဇယားအရ သိရှိရပါတယ်။

အင်အားအသုံးပြုမှုဟာ နောက်ဆုံးရွေးချယ်စရာ နည်းလမ်းအဖြစ် ကျန်ရှိနေပေမယ့် ညှိနှိုင်းမှုအားလုံး ပျက်ပြားသွားခဲ့မယ်ဆိုလျှင် အနောက်အာဖရိကရဲ့ ရဲရင့်တဲ့ တပ်ရင်းတပ်ဖွဲ့အသီးသီးတို့ဟာ ပေးအပ်လာမယ့် အမိန့်ကို နာခံရန် အသင့်ဖြစ်နေတယ်လို့ ECOWAS နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက ကြာသပတေးနေ့ အခန်းအနားဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မာလီ၊ ဘာကီနာဖာဆိုနဲ့ ဂီနီယာ၊ ကိပ်ဗာဒီတို့မှလွဲပြီး ၁၅-နိုင် ငံပါ ECOWAS အစုအဖွဲ့မှ အများစုတို့ဟာ အသင့်အနေအထားမှာ ပါဝင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ အစ္စလာမ္မစ် သောင်းကျန်းထကြွပုန်ထမှုနဲ့ ရင်ဆိုင်နေရတဲ့ ဆာဟာရသဲကန္တာရတောင်ပိုင်း ဆာဟဲဒေသမှာ ဘယ်လိုထိပ်တိုက်တွေ့မှု အရှိန်မြင့်လာခြင်းမဆို ဆင်းရဲမွဲတေတဲ့ အနောက်အာဖရိကကို ပိုမိုမတည်မငြိမ်ဖြစ်သွားစေနိုင်ပါတယ်။

နိုင်ဂျာဟာ ယူရေနီယံနဲ့ ရေနံသိုက်များ တည်ရှိနေတဲ့အပြင် အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့နဲ့ ဆက်နွယ်နေတဲ့ ဒေသန္တရ ဘာသာရေး အစွန်းရောက် သောင်းကျန်းသူများကို နိုင်ငံခြားစစ်တပ်များက တိုက်ဖျက် ရာမှာ အချက်အချာနေရာတစ်ခု ဖြစ်နေပါတယ်။ (ပင်လယ်ကမ်းရိုးတန်းပိုင်) အနောက်အာဖရိကထက် (ကုန်းတွင်းပိတ်) နိုင်ဂျာက မဟာဗျူဟာမြောက် အရေးကြီးပါတယ်။

ဒီအတောအတွင်း နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းထောက်ခံသူတို့က လူထုစုဝေးပွဲများကျင်းပကြပြီး ကိုလိုနီအရှင်သခင်ဟောင်း ပြင်သစ်ကို ရှုတ်ချပြီး ရုရှားလိုလားကြောင်း ဟောပြောကြွေးကြော်နေကြပါတယ်။ မြို့တော် နီယာမေးရှိ ပြင်သစ်သံရုံးနဲ့ မြို့တော်အနီး ပြင်သစ်စစ်အခြေစိုက်စခန်းရှေ့မှာစုဝေးပြီး “နိုင်ငံအတွင်းမှ ချက်ချင်း ထွက်သွားကြဖို့" ဆန္ဒပြနေကြပါတယ်။

အိမ်နီးချင်း အာဏာသိမ်းနိုင်ငံများဖြစ်ကြတဲ့ မာလီနဲ့ ဘူကီနာဖာဆိုတို့က နိုင်ဂျာအပေါ် ပြည်ပစွက်ဖက်မှု မှန်သမျှ သူတို့နိုင်ငံပြည်သူများကိုလည်း စစ်ကြေညာခြင်းအဖြစ်သတ်မှတ်မယ်လို့ သတိပေးထားပါတယ်။

အာဖရိကမှာ ဝက်ဂ်နာ ရုရှားကြေးစားတပ်သား ၅၀၀၀ ခန့်ရှိနေပြီး အာဖရိကရောက် နိုင်ငံခြားသားကြေးစားစစ်သားများအနက် အရေအတွက် အများဆုံးဖြစ်ပါတယ်။ ဝက်ဂ်နာ စစ်သား ၁၃၀၀ ခန့်ဟာ မာလီအစိုးရနဲ့ မဟာမိတ်ဖြစ်ပြီး ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ရုရှားစစ်နည်းပြ ၁၈၀၀ ကျော်အပြင် ပြည် တွင်းစစ်ကြောင့် စင်ပြိုင်အစိုးရ နှစ်ရပ်ဖြစ်နေတဲ့ လစ်ဗျားနိုင်ငံမှာလည်း မော်စကိုရဲ့ စစ်သားများ ရှိနေကြပါတယ်။

နိုင်ဂျာနိုင်ငံအတွင်းမှာ ပြင်သစ်စစ်သား ၁၅၀၀ အပြင် အမေရိကန်စစ်စခန်း (၃)ခုမှာ တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ရှိနေပါတယ်။

မကြာသေးခင်နှစ်များအတွင်း အာဖရိကတိုက် နိုင်ငံအတော်များများတို့မှာ စစ်အာဏာသိမ်းယူမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်အတွင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ အာဖရိက နိုင်ငံများကတော့ ၁-မာလီ (သြဂုတ်လ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် မေလ)၊ ၂-ချဒ် (ဧပြီလ ၂၀၂၁ ခုနှစ်)၊ ၃-ဆူဒန် (အောက်တိုဘာလ ၂၀၂၁ ခုနှစ်)၊ ၄- ဘူဂီနာဖာဆို (ဇန်နဝါရီလနဲ့ စက်တင်ဘာလ ၂၀၂၂ ခုနှစ်)၊ ၅- ဂီနီယာ (စက်တင်ဘာလ ၂၀၂၂ ခုနှစ်)၊ ၆- နိုင်ဂျာ (ဇူလိုင်လ ၂၀၂၃ ခုနှစ်)တို့ ဖြစ်ကြပါတယ်။ ၇- ဗဟိုအာဖရိက သမ္မတနိုင်ငံ CAR ( ဇန်နဝါရီလ ၂၀၂၁ ခုနှစ်)မှာ အာဏာသိမ်းမှုကတော့ အောင်မြင်ခြင်း မရှိပေမယ့် ဆက်ရက်သဖွယ်ဖြစ်နေတဲ့ အာဏာသိမ်းနိုင်ငံများဟာ အာဖရိကတိုက်အလယ်မှာ ခါးပတ်ပတ်ထားသလို ရှိနေပါတယ်။

အဲဒီလောက်ဖြစ်နေပေမယ့် ကမ္ဘာက လူသိနည်းနေရခြင်းမှာ စစ်အာဏာသိမ်းမှုတိုင်းကို ဆန့်ကျင်တယ်လို့ ပြောဆိုပြီး မိမိတို့ အကျိုးရှိလျှင် အသာငြိမ်နေတတ်တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုအစိုးရများကြောင့် အဓိက ဖြစ်ပါတယ်

( Reuters.,18 August 2023,” West African militaries meet to finalise possible Niger intervention” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လိုင်စင်မရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ပါက ထောင်ဒဏ် နှင့် ငွေဒဏ်အပြင် သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု ဗဟိုဘဏ်ဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved