OWIC ကတ်တန်ဖိုးကို ကောက်ခံခြင်းမပြုတော့ဘဲ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးသာ ကောက်ခံသွားမည် ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံးထုတ်ပြန်
စော(NSS) - ဩဂုတ် ၁၈
မြန်မာနိုင်ငံသားများအား OWIC ကတ်တန်ဖိုးကို ကောက်ခံခြင်းမပြုတော့ဘဲ နိုင်ငံကူးလက်မှတ် စာအုပ် ဖိုးသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့(ဩဂုတ်လ ၁၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်ရာတွင် MoU (4)နှစ်ပြည့် မြန်မာလုပ်သားများနှင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်စာအုပ်ကိုင်ထားသည့် မြန်မာလုပ်သားများအတွက် OWIC ကတ်တန်ဖိုးကို ကောက်ခံတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ OWIC ကတ်တန်ဖိုး ဘတ်(၂၅၀)အား ယနေ့(ဩဂုတ်လ ၁၈ ရက်)မှစတင်၍ ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်စာအုပ်တန်ဖိုး ဘတ်(၁၂၅၀)ကိုသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာသည့် အချိန်မှသာ OWIC ကတ်အား သက်ဆိုင်ရာ အလုပ်သမားရုံးများ၌ လျှောက်ထားရန် မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PDF အဖွဲ့ဝင် (၈)ဦး ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်ခဲ့ပြီး သြဂုတ်လအတွင်း ဥပဒေဘောင်အတွင်းဝင်ရောက်သူ (၅၀)ဦး နီးပါးရှိလာ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း