ဘရစ်တနီစပီးယားနဲ့ ဆမ်အက်ဂါရီတို့စုံတွဲ လက်ထပ်ပြီး တစ်နှစ်အကြာမှာ လမ်းခွဲ
ရောင်နီ (NSS) - သြဂုတ် ၁၈
ကမ္ဘာကျော်ပေါ့အဆိုတော် ဘရစ်တနီစပီးယား နဲ့ ဆမ်အက်ဂါရီတို့စုံတွဲဟာ လက်ထပ်ပြီး ၁၃ လ အကြာမှာတော့ နှစ်ဦးကြား ညှိမရတဲ့ အငြင်းအခုံတွေဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို People မဂ္ဂဇင်းကလည်း “ရင်းမြစ်များစွာ” ကိုကိုးကားပြီး အတည်ပြုခဲ့ပါတယ်။ အသက် (၄၁) နှစ် ရှိ ဘရစ်တနီဟာ ခင်ပွင်းဖြစ်သူရဲ့သစ္စာမဲ့တဲ့လုပ်ရပ်ကြောင့် ပြတ်ပြတ်သားလမ်းခွဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါသတင်းထွက်လာချိန်မှာ အသက် ၂၉ နှစ်အရွယ် အက်ဟာရီဟာ ၎င်းတို့အိမ်ကြီးမှ ထွက်ခွာ ပြောင်းရွှေ့သွား ပြီဖြစ်ပါတယ်။ ၎င်းတို့စုံတွဲကြားမှာ သစ္စာမဲ့တဲ့ စွပ်စွဲချက်တွေ အပါအဝင် ပြင်းပြင်းထန်ထန် အငြင်းပွားမှုဖြစ်ခဲ့ပြီး လမ်းခွဲလိုက်ကြတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် ဆမ်ဟာ အိမ်မှာ မအိပ်တဲ့အပြင် ၎င်းတို့အကြား ရန်ပွဲတွေကြောင့် ဘရစ်တနီ ထိခိုက်ဒဏ်ရာ ရသွားဖူးတယ်လို့လည်း သိရပါတယ်။
၎င်းတို့စုံတွဲဟာ ၂ဝ၂၂ ခုနှစ် ဇွန်လ ၉ ရက်က လော့စ်အိန်ဂျလိစ်မြို့ရှိ Thousand Oaks နေအိမ်မှာ ၎င်းတို့ရဲ့မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းအမျိုးသားပါတီက ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်
RELATED POSTS
19 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း