အရေးပေါ် ကျန်းမာရေးကိစ္စဖြင့် ပြည်ပသို့အချိန်မီသွားရောက်လိုသူများအတွက် နိုင်ငံကူးလက်မှတ်ကို အမြန်ထုတ်ယူနိုင်ရေး Green Channel ဖြင့် ဆောင်ရွက်ပေးနေဟုဆို
ယွန်း (NP News) - သြဂုတ် ၁၅
အရေးပေါ် ကျန်းမာရေးကိစ္စဖြင့် ပြည်ပသို့ အချိန်မီသွားရောက်လိုသူများအတွက် နိုင်ငံကူးလက်မှတ်ကို အမြန်ထုတ်ယူနိုင်ရေး Green Channel ဖြင့် ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အရေးပေါ်၊ ကျန်းမာရေး နှင့် ပညာရေးကိစ္စရပ်များဖြင့် ပြည်ပသို့အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် အထောက်အထားခိုင်လုံစွာဖြင့် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့သော် လက်ရှိတွင် ပွဲစားများသည် လူမှုကွန်ရက်မီဒီယာပေါ်တွင် အဆမတန် ငွေကြေးများ ပိုမိုတောင်းခံ၍ လိမ်လည်ဆောင်ရွက်ခြင်းများရှိနေပြီး ပြည်သူများအနေဖြင့် လိမ်လည်မှုမခံရစေရန် ထုတ်ပြန်ချက်တွင် သတိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် Green Channel ဖြင့်လျှောက်ထားသူများသည် www.passport.gov.mm website တွင် ကြေညာထားသည့်အတိုင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ ရုံးအမှတ်(၃၈) နေပြည်တော်သို့ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘော သားများ၊ ပြည်ပသို့ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများကိုလည်း Green Channel အဖြစ် စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြားရေး မှူးချုပ်အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးသို့ စာဖြင့်ကြိုတင်လျှောက်ထားပြီးပါက Green Channel အဖြစ် စိစစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ပြည်သူများကို ဘားနှင့်နိုက်ကလပ်များတွင် အချိန်မဖြုန်းမတီးစေလိုကြောင်း ယူကရိန်းသမ္မတပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း