မိုခါမုန်တိုင်းဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လာအိုနိုင်ငံမှ အမေရိကန်ဒေါ်လာ (၅၀၀၀၀) လှူဒါန်း
သန့်ဇင် (NSS) - ဩဂုတ် ၁၂
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ” ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ(၅၀၀၀၀)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့(ဩဂုတ်လ ၁၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါလှူဒန်းငွေများသည် မိုခါမုန်တိုင်းဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းလှူဒါန်းငွေများကို ယမန်နေ့ (ဩဂုတ်လ ၁၁ ရက်)တွင် လာအိုနိုင်ငံခြားရေးဌာန၌ ဒုတိယဝန်ကြီး H.E.Mr Phoxay Khaykhamphithoune ကပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦးမှ အလှူငွေများကို လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် လာအိုနိုင်ငံအစိုးရနှင့် ပြည်သူများ၏ အိမ်နီးချင်းကောင်းပီသစွာ ပံ့ပိုးကူညီမှုများအပေါ် မုန်တိုင်းဒဏ်သင့်ပြည်သူများနှင့် မြန်မာနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံသံအမတ်ကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသို့လက်နက်ထောက်ပံ့ပေးရန် အမေရိကန်အစိုးရ၏ဖိအားပေးမှုများကို အီဂျစ်အစိုးရငြင်းဆန်ပယ်ချ
RELATED POSTS
19 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း