Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သောင်တင်စစ်သင်္ဘောကိစ္စ တရုတ် နှင့် ဖိလစ်ပိုင်အကြား အငြင်းပွားမှု အရှိန်မြင့်လာ

Htay Oung (NSS) - ဩဂုတ် ၉

ဒုတိယ ကမ္ဘာစစ်ကာလ သောင်တင်စစ်သင်္ဘောဖြစ်ပြီး ယခုအခါ စစ်ဘက်ရေတပ် ရှေ့တန်းစခန်းအဖြစ် ပြောင်းလဲအသုံးပြုနေတဲ့ သင်္ဘောကို ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပင်လယ်ရေတိမ်ပိုင်းမှ ဆွဲယူသွားရန် တောင်းဆိုချက်ကို ဖိလစ်ပိုင်က ပယ်ချလိုက်ပြီးနောက် အင်္ဂါနေ့(ဩဂုတ်လ ၈ ရက်)မှာ ပေကျင်းက အလားတူ ထပ်မံတောင်းဆိုပြန်ကြောင်း Reuters က ဩဂုတ်လ ၈ ရက်မှာရေးသားပါတယ်။


တောင်တရုတ်ပင်လယ်အတွင်း ဒေသတွင်းအိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက် ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှနိုင်ငံရဲ့ တရုတ်နဲ့ ရေပြင်ပိုင်နက် အငြင်းပွားမှုမှာ ကျောထောက်နောက်ခံပေးနေတဲ့ အမေရိကန်ထံ ဦးလှည့်လာစရာ ဖြစ်ခဲ့ရပါတယ်။

ဖိလစ်ပိုင် ပါလာ၀မ် ကျွန်းတန်းအနီး “အာယန်ဂန်“ လို့ ခေါ်တဲ့ “စက္ကင်းသောမတ်စ်ရှိုး" ပင်လယ်ရေတိမ်ပိုင်းမှ ယခင်သောင်တင်စစ်သင်္ဘောဖြစ်ခဲ့ဖူးတဲ့ “စီရီရာမာဒရီ" ဟာ ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြန်လည်ကျားကန်ပေးဖို့အတွက် ၁၉၉၉ ခုနှစ်မှစပြီး မနီလာရေတပ် တပ်စိတ်တစ်စိတ်ခန့်တို့ရဲ့ တပ်စွဲရာ ရှေ့တန်း စခန်းဖြစ်လာခဲ့ပါတယ်။

သြဂုတ်လ ၅ ရက်က ဖိလစ်ပိုင် ရိက္ခာပို့ သင်္ဘောကို ရေအမြောက်နဲ့ ထိုးပက်ခြင်းမျိုးလို ထောက်ပံ့ရေးမစ်ရှင်များကို ပိတ်ဆို့ခြင်းဖြင့် တရုတ်ကမ်းခြေစောင့်တပ်ဟာ မိမိတို့တပ်ဖွဲ့ဝင်များရဲ့ ထောက်ပံ့စွမ်းရည်အပေါ် အဟန့်အတား ပြုလုပ်နေတယ်လို့ မနီလာက အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လုပ်ရပ်ဟာ အလွန်အကျွံ စော်ကားမှုဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဖော်ပြပါတယ်။ တရုတ်နိုင်ငံကတော့ အဲဒီဖြစ်ရပ်ဟာ သတိပေးခြင်းသာဖြစ်ပြီး အချိန်တိုင်းမှာ ဆင်ခြင် တုံတရားနဲ့ ထိန်းချုပ်မှု ရှိနေတယ်လို့ တုန့်ပြန်ပါတယ်။

ဒါ့ပြင် တရုတ် ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောငယ်ကို မထိအောင် ရေအမြောက်နဲ့ ထိုးပက်နေပုံ ဗွီဒီယိုကိုလည်း ပေကျင်းက ထုတ်ပြန်ခဲ့ပါတယ်။

အခင်းဖြစ်ရာမှာ ထိခိုက်သူ တစ်ဦးမျှ မရှိပေမယ့် ရိက္ခာပို့ သင်္ဘောငယ် (၂)စီးအနက် (၁)စီးဟာ တာ၀န်ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ နှစ်စီးစလုံး ဖိလစ်ပိုင်ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိလာတယ်လို့ တနင်္လာနေ့မှာ မနီလာက ကြေညာပါတယ်။ 

“ဘီအာရ်ပီစီရီယာ မာဒရီ" အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ထောက်ပံ့ရေးပစ္စည်းများနဲ့ အခြားအချက် အလက်မှန်သမျှ ဖြည့်ဆည်းပေးဖို့ လိုအပ်သလို ရတဲ့နည်းနဲ့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဖိလစ်ပိုင်အနေနဲ့ အာယန်ဂန်ပင်လယ်ရေတိမ်ပိုင်း တပ်စွဲထားမှုကို ဘယ်သောအခါမှ စွန့်လွှတ်ရန် မရှိကြောင်း၊ အဲဒီနေရာမှာ ဖိလစ်ပိုင်တို့အပေါ် အန္တရာယ်ကျရောက်စေတဲ့ ရေအမြောက်များ သို့မဟုတ် စစ်သုံးလေဆာများနဲ့ ကိစ္စရပ်များကို အရှိန်မြှင့်တင်ခြင်း မပြုဖို့ မနီလာအမျိုးသားလုံခြုံရေးကောင်စီ လက်ထောက်ညွှန်ကြားရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။ 

ဩဂုတ်လ ၅ ရက်ဖြစ်ရပ်ဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး မနီလာရဲ့ မကျေနပ်ကြောင်း အကြောင်းကြားစာ တစ်ပုံတစ်ခေါင်းကြီးအနက် နောက်ဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ထောက်ပံ့ရေးမစ်ရှင်မှ ရိက္ခာပို့ သင်္ဘောတစ်စင်းအပေါ် တရုတ်ကမ်းခြေစောင့်တပ်က လေဆာအသုံးပြုမှုအတွက် ကန့်ကွက်ကြောင်း ဖော်ပြမှုလည်း ပါဝင်ပါတယ်။

ယခုဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း မနီလာရှိ သူတို့ရဲ့ သံရုံးများမှတစ်ဆင့် ဂျပန်နဲ့ ပြင်သစ်တို့က သတင်းထုတ်ပြန်ပါတယ်။ ပေကျင်းရဲ့ ခြေလှမ်းကျယ်လာခြင်းဟာ တောင်တရုတ်ပင်လယ်အရေး ၂၀၁၆ ခုနှစ် ICJ နိုင်ငံတကာအငြင်းပွားမှု အနုညာတခုံရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို ပျက်ပြားရာရောက်စေကြောင်း အကြိမ်ကြိမ် ထောက်ပြခဲ့ကြပါတယ်။ 

ပေကျင်းအနေနဲ့ တုံ့ပြန်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိကြောင်း တနင်္လာနေ့ မနီလာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

တရုတ်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံဘက်က တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေပြီး သက်ဆိုင်ရာရေပိုင်နက်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းနိုင်ဖို့ ဆွေးနွေးပွဲတွေကို နှစ်ဖက်စလုံးက အမြန်ဆုံး စတင်နိုင်မယ် လို့ မျှော်လင့်ပါကြောင်း သံအမတ်ကြီးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေအမြောက်များနဲ့ ထိုးပက်နေစဉ်အတွင်း (တရုတ်ကမ်းခြေစောင့်တပ်နဲ့) နာရီအတော်ကြာအောင် အဆက်အသွယ် မရခဲ့ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်များ တစ်ခုအပေါ် တစ်ခုထပ်နေတဲ့ တောင်တရုတ်ပင်လယ်ဧရိယာတစ်ခုလုံးနီးပါးမှာ အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာဆိုထားပါတယ်။

တရုတ်ရဲ့ နှောင့်ယှက်မှုနဲ့ အနိုင်ကျင့်မှု နည်းဗျူဟာအပေါ် ပေကျင်းရှိ မနီလာသံရုံးကို အဆင့်နှိမ့်ချခြင်း အပါအဝင် ပိုမိုပြင်းထန်စွာ အရေးယူရန် မားကို့စ်ဂျူနီယာထံ ဖိလစ်ပိုင်လွှတ်တော်အမတ်တစ်ဦးက တောင်းဆိုထားပါတယ်။

ရေပြင် ဧရိယာ ထောင်ချီကျယ်၀န်းတဲ့ တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုန် သွယ်ရေကြောင်းသင်္ဘောများရဲ့ နှစ်စဉ်ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိနေပါတယ်။ စစ်ရေး ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက် ရေပြင်ကြီးရဲ့ အလယ်ပိုင်းဟာ ပင်လယ်ရေတိမ်များ၊ သန္တာကျွန်းခွေများ တည်ရှိနေပါတယ်။ 

မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့က သူတို့ပိုင် ကြေညာထားတဲ့ သီးသန့်စီးပွားရေးဇုန်များဟာ တစ်ခုနဲ့တစ်ခုထပ်နေပြီး ဧရိယာရာခိုင်နှုန်း အများစု တရုတ်က သူတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။ နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လစ်လျုရှုပြီး သန္တာကျွန်းခွေများကို လူလုပ်ကျွန်းများအဖြစ် ပြောင်းလဲပြီး လူနေအဆောက်အုံများ၊ ရေတပ်ထောက်ပို့ စခန်းများ၊ လေယာဉ်ပြေးလမ်းများအထိ တိုးချဲ့ တည်ဆောက်နေပါတယ်။

(Reuters., 8 August 2023,” China and Philippines' dispute over grounded warship heats up” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့ရှိ ခရီးသွားကုမ္ပဏီတစ်ခုအား သေနတ်ပစ်ဖောက်ကာ ကျပ်သိန်း(၁၅၀၀) ဓါးပြတိုက်ခဲ့သူများကို (၁)နာရီအတွင်း ဖမ်းမိ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved