Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရှေ့ဖျား မဏိပူရပြည်နယ် လူမျိုးရေးအကြမ်းဖက်မှု ပြည်တွင်းစစ် နီးကပ်လာ

Htay Oung (NSS) - သြဂုတ် ၈

ဝန်ကြီးချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာကို ဝင်ကြည့်လိုက်ရင် နိုင်ငံအတွင်း မြန်နှုန်းမြင့်ရထားများ ပြေးဆွဲနေပုံ လွှင့်တင်နေပြီး နာရင်ဒြာမိုဒီနဲ့ နိုင်ငံတကာခေါင်းဆောင်များ ပုခုံးချင်းပွတ်နေပုံတို့ကို ဖော်ပြထားကြောင်း၊ ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ အင်အားကြီးနိုင်ငံအဖြစ်နဲ့ သြဇာထက်လာတဲ့ အိန္ဒိယနိုင်ငံရဲ့မျက်နှာစာကို တွေ့မြင်နိုင်ကြောင်း၊ ဒါပေမယ့် လူသန်းပေါင်းများစွာတို့ မြင်တွေ့သွားအောင် ဂရုတစိုက် ဖန်တီးထားတဲ့ အဲဒီရုပ်ပုံတွေဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဖျား မဏိပူရပြည်နယ်ရဲ့ပြည်တွင်းစစ်နဲ့ နီးကပ်လာတဲ့ဖြစ်ရပ်တွေအပေါ် ဝန်ကြီးချုပ်လုပ်သူရဲ့ နှုတ်ဆိတ်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ AP က ယမန်နေ့ ရေးသားပါတယ်။


မိုဒီရဲ့ဟိန္ဒူအမျိုးသားရေးဝါဒီ “ဘာရတ်တီဂျာ_ဂျာနာတာ” BJP ပါတီက အုပ်ချုပ်နေတဲ့ ဝေးလံခေါင်ဖျား ပြည်နယ် မှာ အဆိုးရွားဆုံးလူမျိုးရေးအကြမ်းဖက်မှုတွေက သုံးလကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယလူသန်ကြီး မိုဒီကတော့ ဘာလုပ်နေမှန်း မသိရပါဘူး။ မိုဒီရဲ့အခန်းကဏ္ဍ (သို့မဟုတ်) ဝန်ကြီးချုပ်တစ်ဦးအဖြစ် တာဝန်ယူတာဝန်ခံမှု လစ်ဟာနေခြင်းဟာ BJP အစိုးရက အများစုနေရာယူထားတဲ့ ပါလီမန်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရဖို့ ဖြစ်လာပါတယ်။

မိုဒီအနေနဲ့ကတော့ ယခုရက်သတ္တပတ်တင်သွင်းမယ့် အယုံအကြည်မရှိအဆိုအပေါ် သေချာပေါက် အနိုင်ရပါလိမ့် မယ်။ ဒါပေမယ့် ပါလီမန်မှာ အဆိုတင်သွင်းလိုက်ယုံနဲ့ မိုဒီကို လွှတ်တော်ရှေ့မှောက် ခေါ်ယူပြီး မဏိပူရအရေး မေးခွန်းတွေကို ဖြေရခြင်းဖြင့် ကိုင်တွယ်ဖို့ တွန်းအားဖြစ်နိုင်လိမ့်မယ်လို့ အတိုက်အခံ ၂၆ ပါတီ အဆိုတင်သွင်းမှု ထောက်ခံသူများက လောင်းကြေးထပ်နေကြပါတယ်။ 

မေလဆန်းပိုင်းကတည်းက မဏိပူရပြည်နယ်ရဲ့ လူမျိုးရေးနွယ်တဲ့ အပြန်အလှန် သ-တ်ပုတ်မှုတွေကြောင့် လူပေါင်း ၁၅ဝ ကျော် သေဆုံးပြီး ၅ဝဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ကူကီးများနဲ့ အခြားလူမျိုးစုတို့ ရောနှောနေထိုင်ရာ တောင်ကုန်းဒေသများမှာ မြေကွက်များ၀ယ်ယူခွင့်- အစိုးရအလုပ်အကိုင်များ ခန့်အပ်ခံနိုင်ခွင့် အထူးအဆင့်အတန်းကို လူများစု “ဟိန္ဒူ_မေထေး_လူမျိုးစု” တို့ကသာ ရရှိသွာပါတယ်။ လူနည်းစု “ခရစ်ယာန်_ကူကီး“ တို့က ကန့်ကွက်ပြီး မျှဝေ ရရှိလိုကြောင်း ဆန္ဒပြရာမှ အငြင်းပွားမှုများနဲ့ အဓိကရုန်းများ ဖြစ်ပေါ်လာရပါတယ်။

မဏိပူရပြည်နယ်မှာ အမျိုးသမီးနှစ်ဦး နှိပ်စက်ညှဉ်းပန်းခံရတဲ့ တုန်လှုပ်ဖွယ် ဗီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်မှုမျိုးကို ရှုတ်ချတယ်လို့ မိုဒီက ပြောနေရုံနဲ့မပြီးဘဲ ပဋိပက္ခတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းပေးစေလိုကြပါတယ်။

မိုဒီဟာ အိန္ဒိယရဲ့စွမ်းဆောင်ရည်မြင့်တက်လာပုံ အဖြစ်အပျက်များ (သို့မဟုတ်) ပရောဂျက်များကို ရှေ့တန်းတင် အသားပေးလေ့သူဖြစ်ပေမယ့် တစ်နိုင်ငံလုံး ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းမြင့်တက်လာစဉ် (သို့မဟုတ်) လူမျိုးရေးအကြမ်းဖက်မှုတို့လို နှစ်ဖက်အငြင်းပွားမှုများမှာ တမင်နှုတ်ဆိတ်နေလ့ရှိတယ်လို့ သုံးသပ်သူများက ဝေဖန်ကြပါတယ်။

မိုဒီအပေါ် ပြစ်တင်ခြင်းမတိုင်မီ လွန်ခဲ့တဲ့သီတင်းပတ်မှာ မီးရထားတစ်စီးအတွင်း အစောင့်လိုက်ရဲများနဲ့ သေနတ် ပစ်မှုဖြစ်ပွားပြီး ရဲအရာရှိတစ်ဦးနဲ့ မွတ်စလင် ၃ ဦး သေဆုံးပုံ ဗွီဒီယိုထွက်ပေါ်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။


အဲဒီတစ်နေ့တည်းမှာပဲ ဟာရာနာပြည်နယ် နယူးဒေလီမြို့တော်တောင်ဘက် မိုင် ၃ဝ ခန့်အကွာမှာ အယူသီးဟိန္ဒူ အုပ်စုရဲ့ဘာသာရေးစီတန်းလှည့်လည်စဉ် မွတ်ဆလင်တို့နဲ့ အဓိကရုန်းဖြစ်ပွားပြီး လူငါးဦး သေဆုံးခဲ့ပါတယ်။ မိုဒီ့အနေနဲ့ ဒီလိုကိစ္စတွေမှာ နှုတ်ဆိတ်ခြင်းအားဖြင့် သူ့ကိုဒုက္ခမပေးဘူးလို့ ယုံကြည်ထားကြောင်း၊ သူ့အစိုးရလုပ် နေတဲ့ အုပ်ချုပ်မှုကတဆင့် အိန္ဒိယပြည်သူတွေဆီ ဆက်သွယ်ပေးနေတယ်လို့ ယူဆထားကြောင်း လေ့လာသူ တစ်ဦးက မှတ်ချက်ပေးပါတယ်။

မဏိပူရ တင်းမာမှုနဲ့ပတ်သက်ပြီး အထူးသဖြင့် သွေးထွက်သံယိုမှုများကို ဖြေဖျောက်ဖို့ ပျက်ကွက်သူ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုများ ကြီးထွားလာခြင်းကြောင့် နိုင်ငံအတွင်း BJP ပါတီအပေါ် ဝေဖန်မှုများလည်း ရှိလာနိုင်ပါတယ်။

BJP ပါတီထက် မိုဒီက ပိုပြီး ရေပန်းစားနေတဲ့အတွက် လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ သူ့ရဲ့နိုင်ငံရေး အမှတ်တံဆိပ်ကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူအချို့က ပြောကြပါတယ်။ ဒါပေမယ့် အခုလို လစ်လျူရှုခြင်းအားဖြင့် ပဋိပက္ခတွေဟာ အကျိုးဆက် အလွန်များတယ်လို့ ဆိုပါတယ်။ 

မဏိပူရမှာ အခြေခံအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်တဲ့ ကူကီးလူမျိုးများနေထိုင်ရာ တောင်ပေါ်ဒေသများနဲ့ မေထေးများ နေထိုင်ရာ တောင်အောက် အောက်လွင်ပြင်များအကြား အကြမ်းဖက်မှုနဲ့ မယုံကြည်မှုအန္တရာယ်မှာ မြင့်မားနေဆဲ ဖြစ်ပါတယ်။ သူတို့ နှစ်အုပ်စုအကြား ရဲတပ်ဖွဲ့က နေရာယူထားတဲ့ ကြားခံဇုန်နဲ့ ပိုင်းခြားထားပါတယ်။

အင်တာနက်ကို နှစ်လကျော် ပိတ်ထားခဲ့ပြီး ဒေသတွင်းနေသူများရဲ့သွားလာလှုပ်ရှားမှုကို တင်းကြပ်စွာ ကန့်သတ် ထားပါတယ်။ ဒေါသထွက်နေတဲ့ လက်နက်ကိုင် လူအုပ်ကြီးက နေအိမ်များနဲ့ အဆောက်အအုံများကို မီးတင်ရှို့ခြင်း၊ အရပ်သားများကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့လူများခမျာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။ 

ရဲတပ်ဖွဲ့လက်နက်တိုက်များ စီးနင်းခံရ၊ ဖောက်ထွင်းခံရတဲ့အတွက် ရိုင်ဖယ်များ၊ စက်သေနတ်များနဲ့ AK-47 အပါအဝင် သေနတ်အလက်ပေါင်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ မူဝါဒသုတေသနစင်တာမှ အိန္ဒိယစစ်မှုထမ်း ဟောင်း “ဆူရှတ်-ဆင်း” က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးပျက်ပြားသွားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာ အိန္ဒိယတရားလွှတ်တော်ချုပ်က ကြေညာခဲ့ရပြီး မဏိပူရပြည်နယ်ရဲမှူးအပေါ် တနင်္လာနေ့မှာ တရားစွဲဆိုထားပါ တယ်။ 

ယခင်အစိုးရများအဆက်ဆက် ကာလရှည်ကြာစွာ ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုဟာ သမိုင်း ကြောင်း ကျိုးပဲ့နေတဲ့ အိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်အတွင်း မငြိမ်မသက်မှုများ တိုးမြင့်လာမှာကို စိုးရိမ်နေကြပါတယ်။ အဲဒီပြည်နယ်ဟာ (လောလောဆယ် လုံခြုံရေး မတည်မငြိမ်ဖြစ်နေတဲ့) မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နေထိုင်သူများအကြား နှစ်နိုင်ငံ ဟိုဘက်သည်မှာ ဆွေမျိုးတွေ ဖြစ်နေကြပြီး နိုင်ငံ ဖြတ်ကျော် စိမ့်ဝင်မှုဟာ အနီးအနား ပြည်နယ်များဖြစ်ကြတဲ့ မီဇိုရမ်နဲ့ အာသံများအထိ ရှိနေနှင့်ကြောင်း၊ အစိုးရ အုပ်ချုပ်ရေးယန္တရားများ ပြိုလဲသွားတဲ့အတွက် အငြင်းပွားအိန္ဒိယ-တရုတ်နယ်နိမိတ်ကို ထိန်းကျောင်းနေတဲ့ အိန္ဒိယစစ်တပ်မှ တပ်များ အပါအဝင် စစ်သားပေါင်း သောင်းချီချထားခဲ့ရကြောင်း၊ ပြဿနာကို မြန်မြန် ထက်ထက် မဖြေရှင်းနိုင်မချင်း ဒီအရှုပ်အထွေးဟာ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး နိုင်ငံ့အရှေ့ဖျား တရုတ်ရန်မှ အိန္ဒိယရဲ့ ကာကွယ်ရေးအနေအထားကို အားနည်းသွားစေလိမ့်မယ်လို့ ဆင်းက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ယာရာနာပြည်နယ် ဟိန္ဒူ-မွတ်စလင် ဘာသာရေး အဓိကရုန်းဟာ ကျယ်ပြန့်လာကြောင်း၊ ပုဒ်မ ၁၄၄ နဲ့ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ရုတ်သိမ်းချိန် တနင်္ဂနွေ ညပိုင်းမှ စတင်ပြီး တနင်္လာနေ့အထိ မွတ်စလင်သင်းချိုင်းတစ်ခု ဖျက်ဆီးခံရကြောင်း မော်တော်ယာဉ်အများအပြား မီးတင် ရှို့ခံရပြီး၊ စျေးဆိုင်များ လက်သရမ်း ဖျက်ဆီးခံရကြောင်း ရဲတပ်ဖွဲ့က ပြောပြတယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

စောစောပိုင်း အရေးအခင်းဖြစ်ပွားစဉ် ဗလီဆရာတစ်ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ရပေမယ့် ယခုဖြစ်ရပ်များမှာ လူသေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ လူအများစု ဟိန္ဒူနဲ့ လူနည်းစု မွတ်စလင်တို့ကြား တင်းမာမှုတွေ ဟာ မျိုးဆက်လိုက် အကြမ်းဖက်မှုများအဖြစ် အခါအားလျော်စွာ ပေါ်ပေါက်လာတတ်ပါတယ်။ ဟာရာနာ ပြည်နယ် ရှိ အခင်းစတင်ဖြစ်ပွားရာ နားခရိုင်မှာ မွတ်စလင်အများစုနေထိုင်ရာဖြစ်ပေမယ့် ဟိန္ဒူသဘောထားတင်းမာသူတွေ ရဲ့ရန်ကို စိုးရွံံသူ အစ္စလာမ်ဘာသာ၀င်အတော်များများဟာ ဆွေမျိုးသားချင်းများရှိရာ အခြားဒေသများထံ ထွက်ခွာ နေကြတယ်လို့ သတင်းမှ ဆက်လက်ဖော်ပြပါတယ်။

#မဏိပူရပြည်နယ်မငြိမ်သက်မှု #ကူကီး #မေထေး #ဟာရာနာပြည်နယ် #မြန်မာနိုင်ငံ #မီဇိုရမ်အာသံ #အိန္ဒိယအရှေ့ဖျား_တရုတ်နယ်စပ် #ဟိန္ဒူမွတ်စလင်အဓိကရုန်း

.(AP., 7 August 2023, “India’s Modi faces a no-confidence vote over silence on ethnic violence tearing at remote Manipur” နှင့် Reuters., Hindus, Muslims clash in India's Haryana as trouble spreads” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့အရေးနှင့် ကမ္ဘာတစ်ဝန်းက ၂၄ နာရီအတွင်းထူးခြားသတင်းများ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved