မကွေးတိုင်းရှိ 100 MW ဓာတ်အားပေးစက်ရုံစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း(၂၀၀)ကျော် အကုန်အကျခံကာ တည်ဆောက်နေ
ယွန်း (NSS) - သြဂုတ် ၇
မကွေးတိုင်းရှိ 100 MW(Gas Engine+ Solar Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း(၂၀၀)ကျော် အကုန်အကျခံကာ တည်ဆောက်နေကြောင်း နစကမှ သိရသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်နေမှုကို မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က သြဂုတ်လ(၅)ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စီမံကိန်းကို မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာအနီးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး နေရောင်ခြည်စက်စွမ်းအား (၁၀၀)မဂ္ဂါဝပ် နှင့် သဘာဝဓာတ်ငွေ့သုံးစက်စွမ်းအား (၁၂၆)မဂ္ဂါဝပ်ဖြင့် တည်ဆောက်နေကြောင်း သိရသည်။
အဆိုပါဓာတ်အားပေးစီမံကိန်းကို အမေရိကန်ဒေါ်လာ (၂၁၈ ဒသမ ၈၉၀)သန်းဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
စီမံကိန်းကို မြေဧက (၅၉၈)ဧကတွင် တည်ဆောက်နေခြင်းဖြစ်ပြီး နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် တည်ဆောက်ခြင်းဖြစ်ကြောင်း နစကထံမှ သိရသည်။
လက်ရှိတွင် စီမံကိန်းလုပ်ငန်းမှာ (၃၂)ရာခိုင်နှုန်းပြီးစီးနေပြီး လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီမံကိန်းလုပ်ငန်းများကို ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဗိုလ်ချုပ်ကြီး ဟွန်မာနက်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း