ဒုက္ခသည်များ နေရပ်ပြန်ရေး သုံးနိုင်ငံပါ၀င်သည့်လုပ်ငန်းစဉ် အမြန်ဆုံး စတင်ရန်ရှိပြီး သင့်လျော်သော အချိန်ရှာဖွေနေဟု ဒါကာပြော
Htay Oung (NSS) - ဩဂုတ် ၄
ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ တရုတ်နိုင်ငံတို့ပါ၀င်တဲ့ သုံးနိုင်ငံ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒုက္ခသည် ဘင်္ဂါလီများ နေရပ်ပြန်ရေး စတင်ရန် သင့်လျော်တဲ့အချိန်ကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးနေတဲ့ အဲဒီအစီအစဉ်မှာ ပါ၀င်ပတ် သက်သူအားလုံးအတွက် အဆင်ပြေမယ့်နေ့ကို ရှာဖွေနေကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြား ရေး၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့ ရက်သတ္တပတ် မီဒီယာတွေ့ဆုံပွဲမှာ မှတ်ချက်ပေးတယ်လို့ Dhaka Tribune က ယနေ့(ဩဂုတ်လ ၄ ရက်)မှာ ရေးသားပါတယ်။
လုပ်ငန်းစဉ်တွေကို အမြန်ဆုံး စတင်ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ရခိုင်ပြည်နယ်ကအတွင်း အခြေအနေတွေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အဆင်မပြေတာကြောင့် လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေခိုက် ဒါကာက အခုလို မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဘင်္ဂါလီတို့ကို ရခိုင်ပြည်နယ်နေရပ်အသီးသီးထံ ပြန်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာတို့နဲ့အတူ သုံးနိုင်ငံလုပ်ငန်းစဉ်မှာ ပါ၀င်လျက်ရှိပါတယ်။
နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မရှိပဲ မပြန်နိုင်ဘူးလို့ ဘင်္ဂါလီတွေက ပြောနေပါတယ်။
စိစစ်ထားတဲ့ ဘင်္ဂါလီ ၁,၁၇၆ ဦးစာရင်းမှ အချို့ကို စတင်ပြန်ပို့ရန် ကြိုးပမ်းမှုများ ရှိခဲ့ပါတယ်။ အဲဒီအထဲက အချို့လည်း ရခိုင်ပြည်နယ်ကို သွားရောက်ပြီး အခြေအနေတွေကို လေ့လာကြည့်ရှုခဲ့ကြပါတယ်။
ကုလသမဂ္ဂ အေဂျင်စီတွေ နဲ့ အနောက်နိုင်ငံအချို့ကလည်း ဘင်္ဂါလီတွေ မြန်မာနိုင်ငံကို ပြန်ဖို့ အခြေအနေ အဆင်မပြေဘူးလို့ ပြောနေကြပါတယ်။
တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် တိန့်ရှီကျန်ဟာ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၁ ရက်အထိ ဒါကာမြို့ကို ရောက်ရှိလာခဲ့ပြီး ဒုက္ခသည်ဘင်္ဂါလီအရေးကိစ္စအတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ်မိုမန်၊ နိုင်ငံခြာရေးဌာန အမြဲတမ်းအတွင်း၀န် မာဆွတ်ဘင်မိုမန်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် အဲဒီ ခရီးစဉ်နဲ့ပတ်သက်လို့ နှစ်ဘက်လုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။
တွေ့ဆုံပွဲအတွင်း ဘင်္ဂလားဒေ့ရှ်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကဏ္ဍပေါင်းစုံနဲ့ ဘင်္ဂါလီများ ဘေးအန္တရာယ်ကင်းရှင်းပြီး ရေရှည်တည်တံ့တဲ့ ဆန္ဒအလျောက် နေရပ်ပြန်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
တရုတ် အထူးသံတမန် တိန့်ရှီကျန်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်တုန်းကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်လာခဲ့ပြီး ဘင်္ဂါလီများ နေရပ်ပြန်ပို့ရေးကိစ္စကို ဆွေးနွေးခဲ့ဖူးပါတယ်။
(Dhaka Tribune., 4 August 2023,” Trilateral process finding suitable time to start Rohingya repatriation” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ပေါ့ဆမှုကြောင့် လူနာများ ဆိုးကျိုးမဖြစ်စေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး အသိပေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း