Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“အမေရိကန်ငွေချေးစာချုပ်တွေအစား ရွှေကို အစားထိုးစုဆောင်းလာကြတဲ့ နိုင်ငံတကာ ဗဟိုဘဏ်များ” (ဘာသာပြန်ဆောင်းပါး)

မောင်တင်ထွန်း (နတ်မောက်) (NSS) - ဩဂုတ် ၁

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁၉ ရက် နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက် အလက်တွေအရ တရုတ်နိုင်ငံက ကိုင်ထားတဲ့ အမေရိကန်ငွေချေးစာချုပ်ပမာဏဟာ ဖြည်းဖြည်းချင်း ဆက်လက် ကျဆင်းနေတာတွေ့ရပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်က အမြင့်ဆုံးရှိခဲ့တဲ့ ၁၃.၁၆၇ ထရီလျံဒေါ်လာဖိုးကနေ ၃၅ % ကျဆင်းသွားတာဖြစ်ပြီး ယခုအခါမှာ ၈၄၆.၇ ဘီလျံဒေါ်လာဖိုးသာ ရှိပါတော့တယ်။ ဒီပမာဏဟာ ၂၀၀၉ ခုနှစ်ကစလို့ အနိမ့်ဆုံးပမာဏပါ။ ဒီအခြေအနေမှာ တရုတ်ဟာ သူကိုင်ထားတဲ့ အမေရိကန်ငွေ ချေးစာချုပ် ပမာဏကို ဒေါ်လာဘီလျံ ၁၀၀ လောက်အထိ ဆက်လက်လျှော့ချနိုင်တယ်လို့ အမေရိကန်တွေက စိုးရိမ်ပူပန် နေကြပါတယ်။


အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင်က အာမခံချက်အပြည့်အဝမပေး

ဘဏ္ဍာရေးဝန်ကြီး ယဲလင်း ‌နောက်ဆုံးသွားခဲ့တဲ့ တရုတ်ခရီးစဉ်အတွင်းမှာ အမေရိကန် ငွေချေးစာ ချုပ်တွေကို ဆက်လက်ဝယ်ယူပေးဖို့ လျှို့ဝှက်ဆွေးနွေးညှိနှိုင်းခဲ့တာရှိပါတယ်။ ဒါပေမယ့် အမေရိကန်ငွေချေး စာချုပ်တဲ့ဝယ်ယူနေတဲ့ လက်ရှိမဟာဗျူဟာကို  တရုတ်က တစုံတရာလိုက်လျောတဲ့ ပုံမတွေ့ရပါဘူး။ အမေရိ ကန်က‌တော့ သူ့ရဲ့ငွေချေးစာချုပ်တွေကို အဓိကဝယ်ယူနေတဲ့ ဝယ်လက်ကို အနီးကပ်စောင့်ကြည့်နေပါတယ်။ 


ဇူလိုင်လ ၁၉ ရက် သတင်းမီဒီယာနဲ့ အင်တာဗျူးရာမှာ ယဲလင်းက “တကယ်လို့ အမေရိကန်ဟာ အများဆုံး အကြွေးယူခွင့် debt ceiling နဲ့ပတ်သက်ပြီး ပြဿနာကြုံလာခဲ့ရင်၊ တရုတ်အပါအဝင် ကြွေးရှင်တွေကို ပေးစရာရှိတာ အပြည့်အဝမပေးနိုင်ခဲ့ရင် အမေရိကန်ငွေချေးစာချုပ်တွေကို အပြည့်အဝငွေပြန်ထုတ်ပေးဖို့က အာမခံချက်မရှိပါဘူး” လို့ ပွင့်ပွင့်လင်းလင်းပြောသွားပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ကြောင့် စိုးရိမ်ပူပန်စရာ တွေ ဆက်လက်ဖြစ်ပေါ်လာပါတယ်။ ငွေချေးစာချုပ်တွေကို ဝယ်ယူအားပေးဖို့ စဉ်းစားလာကြပါတယ်။


မကြာသေးခင်နှစ်များအတွင်းမှာ အမေရိကန်ရဲ့ အများဆုံးအကြွေးယူခွင့် အကြပ်အတည်း debt ceiling crisis နဲ့ အကြွေးထူတဲ့ ပြဿနာကြောင့် အမေရိကန်ဘဏ္ဍာရေးအကြပ်အတည်း ဖြစ်နိုင်ချေရှိမှုက ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိ-မရှိဆိုတာ မေးစရာတွေပေါ်လာပါတယ်။ ၂၀၂၄ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ အကြွေးအတွက်လျာထားငွေ ဖော်ပြလာလိမ့်မယ်လို့ ကြိုတင်တွက်ဆနေကြပြီး အမေရိကန် အစိုးရအနေနဲ့ နောက်ထပ် အကြွေးဘတ်ဂျက် တိုက်ပွဲတစ်ခုကို လွှတ်တော်မှာဆင်နွှဲရပါလိမ့်မယ်။ အမေရိကန်ရဲ့ အများဆုံး အကြွေးယူခွင့် အကြပ်အတည်း debt ceiling crisis က ပိုမိုပြင်းထန်လာတဲ့အတွက် အစိုးရက အကြွေးဆပ်ဖို့ ပျက်ကွက်တဲ့ အကြပ်အတည်းဆီကို ဦးတည်လာနေပါတယ်။ 


တရုတ်တစ်နိုင်ငံထဲသာမကဘဲ ဂျပန်၊ ယူကေ နဲ့ ဘယ်လ်ဂျီယမ်အပါအဝင် တစ်ကမ္ဘာလုံးက ငွေကြေးအဖွဲ့ အစည်းပေါင်း ၂၂ ခုဟာ သူတို့လက်ဝယ်ကိုင်ထားတဲ့ အမေရိကန်ငွေတိုက်စာချုပ် ပမာဏကို လျှော့ချပစ်ဖို့အတွက် ဆက်လက်ရောင်းထုတ်နေကြပါတယ်။ သူတို့ ကိုင်ထားတဲ့ စုစုပေါင်း အကြွေးပမာဏဟာ လွန်ခဲ့တဲ့နှစ်မှာ ၇.၆၆ ထရီလျံဒေါ်လာရှိရာက ဒီနှစ်မှာ ၇.၅၂၇ ထရီလျံ‌ဒေါ်လာအထိ ကျဆင်းသွားပါတယ်။ အဲဒီအထဲက ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံဟာ အမေရိကန်ငွေတိုက်စာချုပ်အများဆုံးကိုင်ထားသူတွေဖြစ်ကြသလို အများဆုံးထုတ်ရောင်းချနေသူ တွေလည်းဖြစ်ကြပြီး ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။ ဇူလိုင်လ ၂၀ ရက်က ဂျေပီမော်ဂန်ရဲ့ နောက်ဆုံး အချက်အလက်တွေက ပြနေတာက အမေရိကန်ငွေတိုက်စာချုပ်ရောင်းချမှုတွေဟာ ဖိအားပေးခံနေရတယ်ဆိုတာပါ။ ဒါကြောင့်နောက်နှစ်လအတွင်းမှာ တရုတ်အပါအဝင် တစ်ကမ္ဘာလုံးက ဗဟိုဘဏ်တွေအနေနဲ့ အမေရိကန် ‌ငွေတိုက်စာချုပ်တွေ ပိုမိုထုတ်ရောင်းချလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ငွေတိုက်စာချုပ်တွေအပေါ် (အတိုးနှုန်း+ တန်ဖိုးလျော့ရာခိုင်နှုန်း) The Yield တိုးမြင့်လာခြင်းက စာချုပ်ရောင်းလိုအားက ဝယ်လိုအားထက်ပို မို အားကောင်းနေတာကို ဖေါ်ပြနေပါတယ်။  အမေရိကန်ရဲ့ အကြီးဆုံးကြွေးရှင်ဖြစ်တဲ့ ဂျပန်ဟာ ဒီနှစ်မေလအတွင်းမှာ အမေရိကန်ငွေတိုက်စာချုပ် တော်တော်များများကို ထုတ်ရောင်းခဲ့ပြီး ကိုင်ထားတဲ့ ပမာဏကို လျှော့ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စုစုပေါင်း ၁၂၃.၁ ဘီလျံဒေါ်လာဖိုး ရောင်းထုတ်ခဲ့တာပါ။ ဂျပန်ယန်းငွေ တန်ဖိုးထိန်းသိမ်းဖို့ ဆက်လက်ပြီးလည်း ထုတ်ရောင်းချလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်က ဧပြီလထဲမှာ ဒေါ်လာ သန်း ၄၀၀ ဖိုးနဲ့ မေလထဲမှာ ၂၂.၂ ဘီလျံဒေါ်လာဖိုး ဆက်တိုက်ထုတ်ရောင်းခဲ့ပြီး ကိုင်ထားတဲ့ စာချုပ်ပမာဏ တစ်ထရီလျံဒေါ်လာဖိုးအောက်မှာဘဲ ဆက်လက်ထိန်းသိမ်းထားပါတယ်။ 


အမေရိကန်ငွေချေးစာချုပ်အစား ရွှေကိုပြောင်းလာကြ

တရုတ်က အမေရိကန်ငွေတိုက်စာချုပ်တွေ ဒီလိုထုတ်ရောင်းနေသလို တစ်ဖက်မှာလည်း ရွှေဝယ်ယူ စုဆောင်းတဲ့ ပမာဏက တိုးမြင့်လာပါတယ်။ ၂၀၂၂ ခုနှစ်က ဝယ်ယူခဲ့တဲ့ ပမာဏဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အများဆုံးစံချိန်တင်ခဲ့ပြီး တရုတ်ဗဟိုဘဏ်ဟာ ကမ္ဘာ့မှာ အကြီးဆုံး ရွှေဝယ်တဲ့ ဗဟိုဘဏ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် ဗဟိုဘဏ်များရဲ့ အရန်ရွှေပမာဏ စစ်တမ်းများအရ တရုတ်နိုင်ငံဟာ ဒီနှစ်ပထမ ၄ လအတွင်း ရွှေတန်ချိန် ၅၄၆ တန်တင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်ကစလို့ လေးလပတ်ဝယ်ယူတင်သွင်းမှုတွေမှာ အများဆုံးပါ။ 

တရုတ်ပြည်သူ့ဘဏ်ရဲ့ ဇူလိုင်လ ၇ ရက်ထုတ်ပြန်တဲ့ စာရင်းတွေအရ ဒီနှစ် ပထမ ၆ လအတွင်းမှာ အရန်ရွှေဘဏ္ဍာတိုက်ထဲကို ၇၄ တန်ဖြည့်တင်းခဲ့ပြီး လွန်ခဲ့တဲ့ နိုဝင်ဘာလကစလို့ စုစုပေါင်း ၁၆၅ တန်ဖြည့်တင်း ခဲ့တယ်လို့ဆိုပါတယ်။ 


တရုတ်ပြည်သူ့ဘဏ်နဲ့ ကမ္ဘာ့ရွှေကောင်စီကထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ဒီနှစ်ပထမ ၆ လ အတွင်းမှာ တရုတ်က အမေရိကန်၊ ယူကေ နဲ့ ဆွစ်ဇာလန်တို့လို ကမ္ဘာ့ရွှေစျေးကွက်ကြီးတွေကနေ တင်သွင်းခဲ့တဲ့ ရွှေပမာဏဟာ တန်ချိန် ၆၂၀ ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ရွှေကောင်စီက ဇူလိုင်လ ၁၁ ရက်က ဖော်ပြချက်အရ လွန်ခဲ့တဲ့နှစ်က ရွှေဝယ်ယူမှု စုစုပေါင်းဟာ ၁၁၃၆ တန်နဲ့ စံချိန်ကျိုးသွားခဲ့ပါတယ်။ ဒါဟာ ဗဟိုဘဏ်တွေက လေ့လာတွက်ချက်မှုတွေထက် ၃၀ % ပိုများပါတယ်။ ဒါဟာ သူတို့ရဲ့ အရန်ရွှေပမာဏကို ပိုမိုတိုးမြှင့်ဖို့ ရည် မှန်းနေကြကြောင်း ဖော်ပြချက်တစ်ခုပါ။ ရွှေကို ကိုင်ထားတာက အရင်းအတိုးရှုံးမယ့် အန္တရာယ်ရော တန်ဖိုး လျော့ကျမယ့် အန္တရာယ်ပါမရှိတဲ့အတွက် အမေရိကန် ငွေတိုက်စာချုပ်တွေရဲ့ အရင်းအတိုးဆုံးရှုံးမယ့် အန္တရာယ်ကို တန်ဖိုးဖြတ်ပေးတဲ့ ညွှန်ကိန်းတစ်ခုဖြစ်လာနေပါတယ်။ အမေရိကန်ငွေချေးစာချုပ်တွေ အများဆုံး ဝယ်ယူတဲ့ဗဟိုဘဏ်တွေဟာ အများဆုံးစာချုပ်ထုတ်ရောင်းချသူတွေဖြစ်လာကြတာက ပိုပိုထင်ရှားလာပါတယ်။ 


ပီတာရှစ်ဖ်က သူ့ရဲ့ ဗီဒီယိုအစီအစဉ်တစ်ခုမှာပြောခဲ့သလိုဘဲ “ကျွန်တော်တို့ဟာ အမေရိကန်ငွေချေး စာချုပ်တွေချရောင်းတဲ့ နောက်ထပ်လှိုင်း တစ်ခုဆီ ဦးတည်နေတာ ဖြစ်နိုင်ပါတယ်။ ထုတ်ရောင်းသူများလို့ စျေးထိုး ကျနေတဲ့ စာချုပ်စျေးကွက်ဟာ အမေရိကန် စတော့တွေနဲ့ အမေရိကန်ဒေါ်လာအပေါ်ကို ဆိုးဆိုးရွားရွား သက် ရောက်ပါလိမ့်မယ်လို့ပြောခဲ့တာပါ။ သူက ဂျပန်နဲ့ တရုတ်အပါအဝင် ကမ္ဘာ့ဗဟိုဘဏ်တွေဟာ အမေရိကန်ငွေချေး စာချုပ်တွေကို အလုံးအရင်းနဲ့ ထုတ်ရောင်းလာနိုင်တယ်လို့ ဆိုပါတယ်။  


အဓိကအားဖြင့် အမေရိကန်အစိုးရဲ့ အကြွေးပြန်ဆပ်ဖို့ပျက်ကွက်မှုဖြစ်နိုင်ခြေပိုများလာတာမျိုး မသေ ချာမ‌ရေရာမှုတွေကြောင့်၊ တရုတ်က ငွေချေးစာချုပ်တွေ အကုန်ပြောင်စင်အောင် သွန်ထုတ်ရောင်းချပစ်နိုင်ပါ တယ်။ အမေရိကန် နိုင်ငံတကာ အခြေပစ္စည်းစီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ အင်ဗက်စကို Invesco က ဇူလိုင်လ ၁၈ က ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်တစ်ခုမှာ လွတ်လပ်တဲ့ ရင်းနှီးမြှုပ်နှံ့ရေး ကုမ္ပဏီ ၈၅ ခုနဲ့ နိုင်ငံပေါင်းစုံက ဗဟိုဘဏ် ၅၇ ခု ကိုမေးမြန်းခဲ့ပါတယ်။  ပြန်လည်ဖြေကြားသူ ၄၁ ယောက်က နောက် ၃ နှစ်အတွင်းမှာ သူတို့ရဲ့ ရွှေဝယ်ယူစုဆောင်းမှုကို တိုးမြှင့်မယ်လို့ဆိုပါတယ်။ ဒီအင်စတီကျူးရှင်းတွေထဲက ၇၀ % သော ဗဟိုဘဏ်များက အမေရိကန်မှာထားတဲ့ သူတို့ရဲ့ရွှေတွေ အသိမ်းခံရမှာကို စိုးရိမ်မှုရှိကြောင်း ဖော်ပြကြပြီး ပြန်သယ်ယူဖို့ စီစဉ်နေကြတယ်လို့ဆိုပါတယ်။ 


ရွှေတုံးတွေကို ပြန်သယ်နေကြ

၂၀၂၂ ခုနှစ်ကတည်းက ဂျာမနီ၊ ပြင်သစ်၊ ဟန်ဂေရီ၊ တူရကီ၊ နယ်သာလန်၊ ဆလိုဗက်ကီးယား၊ ဘယ်လ်ဂျီယမ်၊ ဗင်နီဇွဲလား၊ သြစတြီးယား၊ ဆွစ်ဇာလန် နဲ့ သြစတြေးလျ နိုင်ငံ ၁၁ နိုင်ငံက ဗဟိုဘဏ်တွေဟာ အမေရိကန် ဗဟိုဘဏ်နဲ့ အင်္ဂလန်ဗဟိုဘဏ်တို့မှာထားတဲ့ ရွှေတွေကို ပြန်သယ်မယ်လို့ကြေငြာတာ၊ ဒါမှမဟုတ် လက်တွေ့ပြန်သယ်ယူတာတွေလုပ်ခဲ့ကြပါတယ်။ ဒါက နိုင်ငံတကာရွှေစျေးကွက်ထဲမှာ အပြောင်းအလဲတွေဖြစ်ဖို့ အလားအလာကို ညွှန်ပြနေတာပါ။ ဇူလိုင် ၁၆ ရက်က ပိုလန် ဗဟိုဘဏ်က နိုင်ငံရပ်ခြားငွေတိုက်တွေမှာရှိတဲ့ သူတို့ရဲ့ ရွှေတန်ချိန် ၁၀၀ ကိုပြန်သယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါက သူတို့ရဲ့ စီးပွားရေးအင်အားကို ထုတ်ဖော် ပြသဖို့ ရည်ရွယ်တာပါ။ ဒါကြောင့် ပိုလန်ဟာ အမေရိကန်မှာထားတဲ့ ရွှေတုံးတွေကို ပြန်သယ်မယ်လို့ ကြေငြာတဲ့ ၁၂ ခု မြောက်နိုင်ငံဖြစ်လာပါတယ်။ အမေရိကန် ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Zero Hedge က ဇူလိုင်လ ၁၃ ရက်မှာ  နိုင်ငံတော်တော်များဟာ နိုင်ငံရပ်ခြားမှာသိုလှောင်သိမ်းဆည်းထားတဲ့ သူတို့ရဲ့ ရွှေတုံးတွေကို ပြန်လည်သယ်ယူ နေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားမှာကို ပူပန် ကြတာကြောင့်ပါ။ 


တရုတ်ပြည်ကတော့ ၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်ငွေချေးစာချုပ်တွေကို လျှော့ချဖို့အတွက် ရွှေကိုဝယ်ယူစုဆောင်းနေခဲ့တာပါ။ အမေရိကန်မှာ သိမ်းဆည်းထားတဲ့ ရွှေတုံး တန်ချိန် ၆၀၀ လောက်ကိုလည်း တရုတ်ကိုပြန်သယ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဇူလိုင်လ ၁၈ ရက်မှာတော့ the bank of Italy အီတလီဘဏ်က အမေရိကန်ဗဟိုဘဏ်မှာ သိုလှောင်ထားတဲ့ ရွှေတုံးတန်ချိန် ၅၈၀ ကို ပြန်သယ်ယူဖို့ စီစဉ်နေတယ်လို့ တရားဝင်ကြေငြာပါတယ်။ ရူမေးနီးယားကလည်း အင်္ဂလန်ဘဏ်မှာရှိတဲ့ သူ့ရဲ့ရွှေတုံးတွေကို ပြန်လည်သယ်ယူဖို့ စီစဉ်နေတယ်လို့ ကြေညာပါတယ်။ 


ယူဘီအက်စ် အဖွဲ့တစ်ခုရဲ့ သုတေသန အစီရင်ခံစာတစ်ခုမှာ သုတေသီ အယ်လီနာ အမာရူဆိုက ဇူလိုင် ၁၉ ရက်မှာ အထက်ကဖော်ပြခဲ့တဲ့ ဖြစ်ရပ်ကိုအတည်ပြုပါတယ်။ အစီရင်ခံစာက ကမ္ဘာတလွှားက ဗဟိုဘဏ် တွေအနေနဲ့ မကြာသေးခင်က အရန်ရွှေအပေါ် အလွန်အမင်းစိတ်ဝင်စားမှုပြသလာတာဟာ သတိပြုဖို့ကောင်း တယ်လို့ဆိုပါတယ်။ ဘာဘဲဖြစ်ဖြစ်၊ နိုင်ငံအားလုံးရဲ့ အရန်ရွှေတွေကို နိုင်ငံခြားဘဏ်တွေမှာ နိုင်ငံခြားငွေနဲ့ ချေးငွေတွေအတွက် အပေါင်ပစ္စည်းအဖြစ်ထားတာဟာ အကောင်းဆုံးပါ။ 


ဖော်ပြဖို့သင့်တဲ့အချက်က နိုင်ငံတကာ ဘဏ္ဍာရေး သတင်းတွေအရ တရုတ်ဟာ လောလောဆယ်မှာ အမေရိကန်ဗဟိုဘဏ်မှာ ရွှေတန်ချိန် ၆၀၀ ထားရှိတယ်ဆိုတဲ့အချက်ပါ။ 

သြဂုတ်လအတွင်း တောင်အာဖရိကနိုင်ငံမှာကျင်းပမယ့် ဘရစ်ထိပ်သီးအစည်းအဝေးမှာ ရွှေကို ကျော ထောက်နောက်ခံထားတဲ့ ငွေကြေးတစ်ရပ်ထူထောင်ကြောင်း ကြေညာနိုင်ပါတယ်။ ဒီငွေကြေးသစ်က အမေရိကန် ဒေါ်လာကို အားနည်းသွားစေပြီး ဒေါ်လာနဲ့အပြိုင် ကမ္ဘာ့ကုန်သွယ်ရေးသုံးငွေတစ်ရပ်ဖြစ်လာနိုင်ပါတယ်။


ကမ္ဘာ့ရွှေကောင်စီရဲ့ အစီရင်ခံစာအရ အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ယူအေအီး အပါအဝင် ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကလည်း ရွှေတွေကို မကြုံဖူးတဲ့ နှုန်းနဲ့ အလျင်အမြန်စုဆောင်းနေကြတယ် လို့ဆိုပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက ဒီနိုင်ငံတွေ သိုလှောင်စုဆောင်းထားတဲ့ ရွှေပမာဏဟာ အများအပြား တိုး တက်လာပါတယ်။ နှစ်စဉ် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတဲ့ ဝယ်လိုအားဟာ ၄၃% ရှိပါတယ်။ 


ပက်ထရိုဒေါ်လာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သူတစ်ဦးရဲ့ အဆိုအရ၊ ဆော်ဒီအာ ရေဗျဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း အမေရိကန်ငွေချေးစာချုပ်တွေကို ရောင်းထုတ်ပစ်လိုက်တဲ့အတွက် ၂၀၂၁ ခုနှစ် နောက်ပိုင်း ၎င်းတို့ကိုင်ထားတဲ့ အမေရိကန်ငွေချေးစာချုပ် ပမာဏက အနိမ့်ဆုံးထိ လျော့ကျသွားတယ်လို့ သိရှိရ ပါကြောင်း။  

                                                                                       

ကိုးကား- BOND SELLING IS ONGOING! Yellen's WARNING to China!12 Nations REPATRIATE GOLD from US|AsianQuickTake


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ဂျာနိုင်ငံကိုစစ်ရေးနည်းလမ်းအသုံးပြုလာမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေကို စစ်ကြေညာခြင်းမျိုးဖြစ်လာနိုင်ကြောင်း သတိပေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved