Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီခေတ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ဟု ဒုတပ်ချုပ်ဆို

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီလ ၂ဝ ရက်တွင် နေပြည် တော်၌ ပြုလုပ်သော ဗဟိုသန်းခေါင်စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉ဝ၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် သန်း ခေါင်စာရင်း(၈)ကြိမ်ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

အဆိုပါသန်းခေါင်စာရင်းအချက်အလက်များကို ယနေ့အထိအသုံးပြုနေရဆဲဖြစ် ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။ လက်ရှိတွင် မြန်မာနိုင်ငံအပေါ် မလိုလားသည့် ပြည်ပနိုင်ငံအချို့၏ စွပ်စွဲထိုးနှက်နေသည့် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအစီရင်ခံပါ လူမျိုးစာရင်းများအရ အခိုင်အမာသက်သေပြနိုင်ခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၃ ခုနှစ် မတ်လ၌ မြို့နယ်ပေါင်း (၂၅၂) မြို့နယ်နှင့် ချင်းပြည်နယ်၊ ၁၉၅၄ ခုနှစ်၌ မြန်မာပြည် ပြည်မကျေးရွာအုပ်စု(၂၁၄၃)ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု (၁ဝ၁၆)ခုတွင်လည်း လူဦးရေသန်းခေါင် စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်တို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ၂ဝ၁၉ ခုနှစ်အတွင်းက တရားစွဲ ဆိုထားသည်။

ထိုကဲ့သို့ တရားစွဲမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ တရားရင်ဆိုင်ခဲ့ဖူးပြီး လက်ရှိနစကအစိုးရလက်ထက်တွင်လည်း အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ကာ တရားရင်ဆိုင်ဖြေရှင်းခဲ့သည်။


zawgyi version

ျမန္မာႏိုင္ငံ၌ ႐ိုဟင္ဂ်ာလူမ်ိဳး လုံးဝမရွိခဲ့ေၾကာင္းကို ၿဗိတိသွ်ကိုလိုနီေခတ္၌ ေကာက္ယူခဲ့ေသာ သန္းေခါင္စာရင္းအရ ခိုင္မာစြာသက္ေသျပႏိုင္ဟု ဒုတပ္ခ်ဳပ္ဆို

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၁

 ျမန္မာႏိုင္ငံ၌ ႐ိုဟင္ဂ်ာလူမ်ိဳး လုံးဝမရွိခဲ့ေၾကာင္းကို ၿဗိတိသွ်ကိုလိုနီလက္ေအာက္ ၁၈၈၁ ခုႏွစ္၌ ေကာက္ယူခဲ့ေသာ သန္းေခါင္စာရင္းအရ ခိုင္မာစြာသက္ေသျပႏိုင္ခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဇန္နဝါရီလ ၂ဝ ရက္တြင္ ေနျပည္ ေတာ္၌ ျပဳလုပ္ေသာ ဗဟိုသန္းေခါင္စာရင္းေကာ္မရွင္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ လြတ္လပ္ေရးမရမီကာလ ၁၈၇၂ ခုႏွစ္၊ ၁၈၈၁ ခုႏွစ္၊ ၁၈၉၁ ခုႏွစ္၊ ၁၉ဝ၁ ခုႏွစ္၊ ၁၉၁၁ ခုႏွစ္၊ ၁၉၂၁ ခုႏွစ္၊ ၁၉၃၁ ခုႏွစ္ႏွင့္ ၁၉၄၁ ခုႏွစ္တို႔တြင္ သန္း ေခါင္စာရင္း(၈)ႀကိမ္ေကာက္ယူခဲ့သည္ကို ေတြ႕ရွိရေၾကာင္း ၎က ေျပာသည္။ အဆိုပါသန္းေခါင္စာရင္းအခ်က္အလက္မ်ားကို ယေန႔အထိအသုံးျပဳေနရဆဲျဖစ္ ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဆိုသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအေပၚ မလိုလားသည့္ ျပည္ပႏိုင္ငံအခ်ိဳ႕၏ စြပ္စြဲထိုးႏွက္ေနသည့္ ႐ိုဟင္ဂ်ာကိစၥႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ ႐ိုဟင္ဂ်ာလူမ်ိဳး လုံးဝမရွိခဲ့ေၾကာင္းကို ၿဗိတိသွ်ကိုလိုနီလက္ေအာက္ ၁၈၈၁ ခုႏွစ္တြင္ ေကာက္ယူခဲ့သည့္ သန္းေခါင္စာရင္းအစီရင္ခံပါ လူမ်ိဳးစာရင္းမ်ားအရ အခိုင္အမာသက္ေသျပႏိုင္ခဲ့ေၾကာင္း ၎က ထုတ္ေဖာ္ေျပာဆိုထားသည္။

ထို႔ျပင္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ၁၉၅၃ ခုႏွစ္ မတ္လ၌ ၿမိဳ႕နယ္ေပါင္း (၂၅၂) ၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္၊ ၁၉၅၄ ခုႏွစ္၌ ျမန္မာျပည္ ျပည္မေက်း႐ြာအုပ္စု(၂၁၄၃)ခုႏွင့္ ကခ်င္ျပည္နယ္ရွိ ေက်း႐ြာအုပ္စု (၁ဝ၁၆)ခုတြင္လည္း လူဦးေရသန္းေခါင္ စာရင္းေကာက္ယူခဲ့ေၾကာင္း သိရသည္။ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ၁၉၇၃ ခုႏွစ္၊ ၁၉၈၃ ခုႏွစ္၊ ၂ဝ၁၄ ခုႏွစ္တို႔တြင္ သန္းေခါင္စာရင္းေကာက္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။ ႐ိုဟင္ဂ်ာအေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအား ဂမ္ဘီယာႏိုင္ငံက ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကိုတားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ကို က်ဴးလြန္ေဖာက္ဖ်က္သည္ဟုဆိုကာ စြပ္စြဲခ်က္ျဖင့္ ၂ဝ၁၉ ခုႏွစ္အတြင္းက တရားစြဲ ဆိုထားသည္။ ထိုကဲ့သို႔ တရားစြဲမႈႏွင့္ပတ္သက္၍ အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)၌ ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ကာ တရားရင္ဆိုင္ခဲ့ဖူးၿပီး လက္ရွိနစကအစိုးရလက္ထက္တြင္လည္း အျပည္ျပည္ဆိုင္ရာပူး ေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္ကာ တရားရင္ဆိုင္ေျဖရွင္းခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံမှ ထပ်မံထောက်ပံ့ပေးသော ကိုဗစ်ကာကွယ်ဆေး (၃)သန်းကို နာတာရှည် ရောဂါအခံရှိသူများအား ဦးစားပေးထိုးနှံသွားမည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved