Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒတ်ခ်ျကမ်းရိုးတန်းမှာ မော်တော်ကားအစီးရေ (၃၇ဝဝ)ကျော်တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်နေ

ရောင်နီ (NSS) - ဇူလိုင် ၂၉

ဒတ်ခ်ျကမ်းရိုးတန်းအနီးမှာ မော်တော်ကားတွေ တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစ်စင်း ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၂၆ ရက်) အစောပိုင်းက မီးလောင်ခဲ့ပြီး ကြာသပတေးနေ့ (ဇူလိုင်လ ၂၇ ရက်) မှာမီးလောင်မှု အရှိန်လျော့သွားပေမယ့် သင်္ဘောသားတွေနဲ့ မီးသတ်သမားတွေဟာ သင်္ဘောပေါ် မတက်နိုင်သေးပဲ အခြေအနေ စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။

       

အင်္ဂါနေ့ (ဇူလိုင်လ ၂၅ ရက်) က ဂျာမန်ဆိပ်ကမ်း Bremerhaven မှ စင်္ကာပူနိုင်ငံကို ထွက်ခွာရွက်လွှင့်နေတဲ့ Fremantle Highway ကုန်တင်သင်္ဘောဟာ ဒတ်ခ်ျကျွန်း အမဲလ်လန်း  မြောက်ဘက် ၂၇ ကီလိုမီတာ (၁၇ မိုင်) အကွာမှာ မီးလောင်ကျွမ်းခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့(ဇူလိုင်လ ၂၆ ရက်) အစောပိုင်း မီးစလောင်တဲ့အချိန်မှာ မီးလောင်မှုကြောင့် သင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။ သင်္ဘောပေါ်ပါတဲ့ သင်္ဘောသား အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။  ကြာသပတေးနေ့လ(ဇူလိုင်လ ၂၇ ရက်)မှာတော့ မီးလောင်မှု အရှိန်လျော့သွားပေမယ့်  အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မီးလောင်သင်္ဘောဟာ ရွှေ့ပြောင်းငှက်တွေ နေထိုင်ကျက်စားတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Wadden ပင်လယ်ရဲ့ ကျွန်းကွင်းဆက်တစ်ခုနဲ့ နီးကပ်နေခြင်းကြောင့် ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ နယ်သာလန် ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောကို အခြားရေယာဉ်တွေနဲ့ တွန်းပြီး အရှေ့ဘက်သို့ ပြန်ရွေ့စေခဲ့ပါတယ်။        

အဆိုပါ သင်္ဘောဟာ လျှပ်စစ်ကား (၄၉၈)စီးအပါအဝင် ကား (၃၇၈၃)စီး တင်ဆောင်ထားကြောင်း ဒတ်ခ်ျကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ U.S. National Transportation Safety Board က  လျှပ်စစ်ကားဘက်ထရီ မီးလောင်မှုဖြစ်နိုင်တဲ့ အန္တရာယ်တွေအကြောင်း သတိပေးထားပြီးာအအပူလွန်ကဲခြင်း၊ ထိန်းမနိုင်သိမ်းမရ ဘက်ထရီ အပူချိန်နဲ့ ဖိအားတွေကြောင့် မီးလောင်မှုဖြစ်တယ်လို့ ယူဆရကြောင်း ဆိုပါတယ်။ ဒါဟာ မြောက်ပင်လယ်မှာဖြစ်ပွားတဲ့ ပထမဆုံး မီးလောင်မှုတော့ မဟုတ်ပါဘူး။ ဇူလိုင်လ အစောပိုင်းကလည်း New Jersey၊ Newark ရှိ ကားသယ်ယူပို့ဆောင်ရေး သင်္ဘောဟာ အလားတူမီးလောင်မှု ဖြစ်ခဲ့ပြီး မီးသတ်သမားတွေ တစ်ပတ်နီးပါးကြာငြှိမ်းသတ်ခဲ့ရကာ မီးလောင်ကျွမ်းမှုကြောင့် မီးသတ်သမား နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကွန်တိန်နာများ၏ ကုန်စည်ပို့ဆောင်မှုကို စောင့်ကြည့်စစ်ဆေးသည့် E-Lock စနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved