ကျောင်းသား၊ ကျောင်းသူ (၁၈ဝ)နီးပါးကို အလုပ်အကိုင်အခွင့်အလမ်းချိတ်ဆက်မှုများပေးနိုင်ခဲ့သည့် Career Fair ကို NMDC တွင်ကျင်းပ
NSS - ဇူလိုင် ၂၈
လုပ်ငန်းခွင်လက်တွေ့ဆောင်ရွက်မည့် ကျောင်းသား၊ ကျောင်းသူ (၁၈ဝ)နီးပါးကို အလုပ်အကိုင်အခွင့် အလမ်းချိတ်ဆက်မှုများပေးနိုင်ခဲ့သည့် Career Fair ကို NMDC တွင် ကျင်းပခဲ့သည်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(NMDC) ၌ Career Fair ကို ယနေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြပွဲသည် အဆိုပါ ကောလိပ်တွင် ဖွင့်လှစ်သည့် Journalism၊ Business Management၊ English for Professional Purposes၊ Tourism and Hospitality Management နှင့် Economic and Finance ဘာသာရပ်များတွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများအတွက် ကျင်းပပေးခြင်းဖြစ် သည်။
Career Fair တွင် မီဒီယာလုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း နှင့် အာမခံလုပ် ငန်းများ၊ ဟိုတယ်နှင့်ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများမှ ကုမ္ပဏီပေါင်း (၄ဝ) ကျော်ပါဝင်ပြသခဲ့သည်။
NSS သတင်းဌာနအနေဖြင့်လည်း မီဒီယာမျိုးဆက်လူငယ်များကို ကြိုဆိုရေးနှင့် မြန်မာနိုင်ငံ၏ မီဒီယာအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကာ ၎င်း Career Fair ၌ ပါဝင်ပြသခဲ့သည်။
အဆိုပါ လုပ်ငန်းများသည် လုပ်ငန်းခွင့်လက်တွေ့ဆောင်ရွက်မည့် ကျောင်းသား၊ ကျောင်းသူ (၁၈ဝ) နီးပါးအတွက် အလုပ်အကိုင်အခွင့်အလမ်းချိတ်ဆက်မှုများဆောင်ရွက်ပေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှေ့သို့ချီပါတီကို အားပေးဝန်းရံသူများရဲ့ဆန္ဒပြပွဲများအပေါ် ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ စိုးရိမ်မှုများဖြစ်ပေါ်နေ
RELATED POSTS
19 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း