Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နယ်စပ်ဒေသ နှစ်နိုင်ငံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို မြန်မာ-ထိုင်းတပ်ချုပ်နှစ်ဦး လက်မှတ်ရေးထိုး

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၁

နယ်စပ်ဒေသ နှစ်နိုင်ငံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးသဘောတူညီချက်များကို မြန်မာ-ထိုင်းတပ်ချုပ်နှစ်ဦး အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

(၈)ကြိမ်မြောက် မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၂ဝ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအစည်းအဝေးမစတင်မီအချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi တို့သည် သီးခြားတွေ့ဆုံကာ တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။ ထို့နောက် (၈)ကြိမ်မြောက် မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုတို့ကို အားကောင်းလာစေရန် တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မပျက်စေဘဲ ပိုမိုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခိုင်အမာပြောဆိုခဲ့ ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ဆက်လက်ပြီး ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့အစည်းအဝေးများ ကျင်းပနိုင်ခြင်းဖြင့် တပ်မတော်နှစ် ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်လမ်းကြောင်းနှင့် နည်းလမ်းများကို ချမှတ်နိုင်မည့်အပြင် နယ်စပ်ဒေသရှိတပ်ဖွဲ့များ အနေဖြင့်လည်း ချမှတ်ထားသည့် လမ်းကြောင်းများအတိုင်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ် ဆွေးနွေးပြောဆိုခဲ့သည်။

ထို့အတူ နယ်စပ်ဒေသတစ်လျှောက်ရှိ နှစ်နိုင်ငံပြည်သူများအတွက် အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းဆွေး နွေးခဲ့သည်။ အဆိုပါအစည်းအဝေးသည် နှစ်နိုင်ငံတပ်မတော်၏ တပ်ချုပ်(၂)ဦးအပါအဝင် နှစ်ဖက်ထိပ်ပိုင်းအရာရှိကြီးများဖြင့် ကျင်းပခဲ့သော အစည်းအဝေးတစ်ရပ်လည်းဖြစ်သည်။

ထိုသို့ ဆွေးနွေးမှုများအပြီးတွင် အစည်းအဝေးသဘောတူညီချက်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ မြန်မာ-ထိုင်းနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအား ရဲတပ် ဖွဲ့အချင်းချင်း ပူးပေါင်းဖော်ထုတ်အရေးယူနိုင်ရေး ပြီးခဲ့သော နှစ်ကုန်ပိုင်းက နှစ်နိုင် ငံရဲတပ်ဖွဲ့ဝင်များအကြား ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။


zawgyi version

နယ္စပ္ေဒသ ႏွစ္ႏိုင္ငံျပည္သူမ်ား၏ အသက္အိုးအိမ္လုံၿခဳံေရးေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ၿပီး သေဘာတူညီခ်က္မ်ားကို ျမန္မာ-ထိုင္းတပ္ခ်ဳပ္ႏွစ္ဦး လက္မွတ္ေရးထိုး

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၁

နယ္စပ္ေဒသ ႏွစ္ႏိုင္ငံျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္လုံၿခဳံေရးေဆာင္႐ြက္ရန္ ထည့္သြင္းေဆြးေႏြးခဲ့ၿပီး အစည္းအေဝးသေဘာတူညီခ်က္မ်ားကို ျမန္မာ-ထိုင္းတပ္ခ်ဳပ္ႏွစ္ဦး အတည္ျပဳလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

(၈)ႀကိမ္ေျမာက္ ျမန္မာ-ထိုင္းတပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးကို ဇန္နဝါရီလ ၂ဝ ရက္တြင္ ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕ရွိ Jasmine Ngapali Resort ၌ က်င္းပျပဳလုပ္ခဲ့သည္။ ၎အစည္းအေဝးမစတင္မီအခ်ိန္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Chalermphon Srisawasdi တို႔သည္ သီးျခားေတြ႕ဆုံကာ တပ္မေတာ္ႏွစ္ရပ္အၾကား ေရွ႕ဆက္ေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေနာက္ (၈)ႀကိမ္ေျမာက္ ျမန္မာ-ထိုင္းတပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးကို ဆက္လက္က်င္းပခဲ့ရာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တပ္မေတာ္ႏွစ္ရပ္အၾကား ယုံၾကည္မႈ၊ အျပန္အလွန္နားလည္မႈႏွင့္ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကို အားေကာင္းလာေစရန္ တည္ေဆာက္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ေဆြးေႏြးေျပာဆိုခဲ့သည္ဟု သိရသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားတြင္ ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးတို႔ကို အရွိန္အဟုန္မပ်က္ေစဘဲ ပိုမိုေကာင္းမြန္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အခိုင္အမာေျပာဆိုခဲ့ ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ဆက္လက္ၿပီး ထိုင္းတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔အစည္းအေဝးမ်ား က်င္းပႏိုင္ျခင္းျဖင့္ တပ္မေတာ္ႏွစ္ ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္လမ္းေၾကာင္းႏွင့္ နည္းလမ္းမ်ားကို ခ်မွတ္ႏိုင္မည့္အျပင္ နယ္စပ္ေဒသရွိတပ္ဖြဲ႕မ်ား အေနျဖင့္လည္း ခ်မွတ္ထားသည့္ လမ္းေၾကာင္းမ်ားအတိုင္း ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္လုပ္ေဆာင္ႏိုင္မည္ျဖစ္ ေဆြးေႏြးေျပာဆိုခဲ့သည္။

ထို႔အတူ နယ္စပ္ေဒသတစ္ေလွ်ာက္ရွိ ႏွစ္ႏိုင္ငံျပည္သူမ်ားအတြက္ အသက္အိုးအိမ္စည္းစိမ္ လုံၿခဳံမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားကို တည္ေဆာက္သြားႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ထိုင္းတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထည့္သြင္းေဆြး ေႏြးခဲ့သည္။ အဆိုပါအစည္းအေဝးသည္ ႏွစ္ႏိုင္ငံတပ္မေတာ္၏ တပ္ခ်ဳပ္(၂)ဦးအပါအဝင္ ႏွစ္ဖက္ထိပ္ပိုင္းအရာရွိႀကီးမ်ားျဖင့္ က်င္းပခဲ့ေသာ အစည္းအေဝးတစ္ရပ္လည္းျဖစ္ သည္။ ထိုသို႔ ေဆြးေႏြးမႈမ်ားအၿပီးတြင္ အစည္းအေဝးသေဘာတူညီခ်က္မ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ထိုင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔က အတည္ျပဳလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

ျမန္မာ-ထိုင္းနယ္စပ္ရွိ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားအား ရဲတပ္ ဖြဲ႕အခ်င္းခ်င္း ပူးေပါင္းေဖာ္ထုတ္အေရးယူႏိုင္ေရး ၿပီးခဲ့ေသာ ႏွစ္ကုန္ပိုင္းက ႏွစ္ႏိုင္ ငံရဲတပ္ဖြဲ႕ဝင္မ်ားအၾကား ေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရီးသွားလုပ်ငန်း ပိုမိုအထောက်အကူပြုရေး သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved