Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“သယံဇာတ ကျိန်စာ” (ဘာသာပြန်ဆောင်းပါး)

မောင်တင်ထွန်း (နတ်မောက်) (NSS) - ဇူလိုင် ၂၆

သယံဇာတ ကျိန်စာသင့်တယ် ဆိုတဲ့ဝေါဟာရဟာ အဖိုးတန်တဲ့ သဘာဝသယံဇာတ ကြွယ်ဝပေမယ့် စီးပွားရေးညွှန်းကိန်းတွေက သိပ်ဆိုးရွားနေတဲ့ တိုင်းပြည်မျိုးမှာတွေ့ရတတ်တဲ့ ဆန့်ကျင်ဘက်ဝိရောဓိအခြေအနေကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။ သယံဇာတကျိန်စာသင့်မှုဟာ ယေဘူယျအားဖြင့် နိုင်ငံတစ်ခုရဲ့ အရင်းအနှီးနဲ့ လုပ်သားအင်အားကို သဘာဝရင်းမြစ် အနည်းငယ်အပေါ်မှီခိုတဲ့ လုပ်ငန်းမှာသာ ဇောက်ချလုပ်ကိုင်တဲ့အခါ ဖြစ်ပေါ်လေ့ရှိပါတယ်။ တခြားသင့်တင့်လျောက်ပတ်တဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်တဲ့အခါ အဲဒီလို နိုင်ငံတွေက ကုန်ပစ္စည်းစျေးနှုန်းကျဆင်းမှုဒဏ်ကို မခံနိုင်ဖြစ်လာပြီး နာတာရှည် စီးပွားရေး စွမ်းဆောင်ချက် နိမ့်ကျမှုကို ဦးတည်စေပါတယ်။


             နောက်ကြောင်းကို ပြန်လှန်ကြည့်တဲ့အခါ ၁၇၁၁ ခုနှစ်က (The Spectator ) ပွဲကြည့်ပရိတ်သတ်ဆိုတဲ့ သတင်းစာမှာ  “ ယေဘူယျအားဖြင့်တွေ့ရတာက အပုံအပင်ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက အဆင်းရဲဆုံးနေထိုင်ကြရတယ်”လို့  ရစ်ချတ်စတီးလ် Richard Steele ကရေးခဲ့တာကို တွေ့ရပါတယ်။ ၁၉၅၀ ခုနှစ်တွေနဲ့ ၁၉၆၀ ခုနှစ်တွေအတွင်းမှာ ဝင်ငွေအနိမ့်ဆုံးနဲ့ အလယ်အလတ် တိုင်းပြည်တွေရဲ့ စီးပွား‌ရေးပြဿနာတွေကို ဆွေးနွေးငြင်းခုန်ကြတဲ့အခါ သဘာဝသယံဇာတဟာ ကောင်းချီးမင်္ဂလာတစ်ပါးဆိုတာထက် စီးပွားရေးကျိန်စာတစ်ခု ပိုဖြစ်နိုင်တယ် လို့ ယူဆမှုတွေပေါ်ထွက်လာခဲ့ပါတယ်။


 ၁၉၉၃ ခုနှစ်က ရစ်ချတ် အောတီက သဘာဝသတ္ထု သယံဇာတကြွယ်ဝတဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေးကိုတွန်းအားဖြစ်အောင် မလုပ်‌ဆောင်နိုင်ကြပုံကိုဖေါ်ပြခဲ့ရာမှာ “သယံဇာတကျိန်စာ” ဆိုတဲ့ ဝေါဟာရကို ပထမဦးဆုံးအသုံးပြုခဲ့တာပါ။ သူက ဒီလိုသယံဇာတပေါကြွယ်တဲ့ နိုင်ငံတွေဟာ သယံဇာတများများစားစား မထွက်တဲ့နိုင်ငံတွေထက်ပိုပြီး နိမ့်ကျတဲ့စီးပွားရေးတိုးတက်နှုန်းရှိနေပုံ ကိုလည်းဖော်ပြခဲ့ပါတယ်။ ဂျက်ဖရီဆာ့ချ်နဲ့ အင်ဒရူးဝါနာတို့ရဲ့ သြဇာကြီးလှတဲ့ ၁၉၉၅ ခုနှစ်က သုတေသနတစ်ခုက သဘာဝသယံဇာတ ကြွယ်ဝမှုနဲ့ စီးပွားရေး တိုးတက်မှုဆိုးဝါးညံ့ဖျင်းခြင်းတို့ အကြားမှာ အားကောင်းတဲ့ အပြန်အလှန် ဆက်စပ်မှုတစ်ခုရှိနေတယ်လို့ဆိုပါတယ်။ 


၂၀၁၆ ခုနှစ်ကစလို့ သယံဇာတကြွယ်ဝမှုက စီးပွားရေးတိုးတက်မှုတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိပုံကို လေ့လာမှုရာပေါင်းများစွာနဲ့ တွက်ချက်သုံးသပ်ခဲ့ကြပါတယ်။ အဲဒီလေ့လာသုံးသပ်ချက်တွေက သယံဇာတကျိန်စာတစ်ခု ဘယ်လို၊ ဘာကြောင့်နဲ့ ဘယ်အချိန်မှာ ကျရောက်တော့မှာလဲဆိုတာကို ရှင်းပြခဲ့ကြပါတယ်။ လေ့လာသုံးသပ်သူ အတော်များများက သယံဇာတ ကျိန်စာသင့်မှုကို ထီဆုကြီးပေါက်သူများ ရုတ်တရက်ရလာတဲ့ ကြွယ်ဝမှုရဲ့ ရှုပ်ထွေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကို စီမံခန့်ခွဲရာမှာ မှားမှားယွင်းယွင်းဖြစ်ကြ ပုံနဲ့ ခိုင်းနှိုင်းလေ့ရှိပါတယ်။


သယံဇာတ ကျိန်စာ ဘယ်လိုသင့်

သယံဇာတ ကျိန်စာသင့်တယ်ဆိုတာ တဖက်မှာ ပြန်လည်ဖြည့်တင်းမရနိုင်တဲ့ သဘာဝသယံဇာတတွေ တပုံတပင်ကြွယ်ဝနေပေမယ့် အခြားတဖက်မှာ စီးပွားရေးတိုးတက်မှုနှုန်းက တုန့်ဆိုင်းနေတာ ဒါမှမဟုတ် စီးပွားရေးကျုံ့ဝင်သွားတာစတဲ့ ဆန့်ကျင်ဘက် ဝိရောဓိဖြစ်နေတဲ့ အခြေအနေကို ခေါ်ပါတယ်။ သယံဇာတ ကျိန်စာသင့်မှု ဘာကြောင့်ဖြစ်လာသလဲဆိုတာကို ရှင်းလင်းပြတဲ့အကြောင်းပြချက်တွေ အများအပြားရှိနိုင်ပေမယ့် အဓိကအကြောင်းကတော့ သတ္ထု ဒါမှမဟုတ် ရေနံစတဲ့ သယံဇာတ ထုတ်လုပ်ရေးတစ်ခုတည်းအပေါ်မှာ အာရုံစိုက်ထားပြီး တခြား အခရာကျတဲ့ ကဏ္ဍတွေအပေါ်ရင်းနှီးမြှုပ်နှံမှုကို လစ်လျူရှုတာပါ။


သယံဇာတ ထောင်ချေက် သို့မဟုတ် အလျှံအပယ်ပေါကြွယ်ဝခြင်းရဲ့ ဝိရောဓိ လို့လည်းခေါ်ကြတဲ့ ဒီဖြစ်စဉ်က အစိုးရရဲ့ အကျင့်ပျက်ချစားမှုကြောင့်လည်း သက်‌ရောက်မှုဖြစ်ပါတယ်။ တမျိုးသားလုံးကြွယ်ဝမှုရဲ့  ကြီးမားတဲ့ဝေစုက လုပ်ငန်းအနည်းအကျဉ်းမှာသာ ဇောက်ချထားမယ်ဆိုရင်၊ အစိုးရက လုပ်ထုံးလုပ်နည်းသတ်မှတ်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပါလိမ့်မယ်။ ဥပမာ- လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးရေးမှာ လာဘ်ငွေရယူပြီး ဦးစားပေးတာမျိုးပါ။ လုပ်သားအင်အားအများအပြားနဲ့ ကြီးမားတဲ့ အရင်းအနှီးတွေက လက်တဆုတ်စာကဏ္ဍထဲကိုစုပြုံဝင်သွားတဲ့အခါ ကျန်တဲ့ စီးပွားရေးကဏ္ဍ တွေက အားနည်းသွားပြီး တစ်ခုလုံးကို အန္တရာယ်ဖြစ်စေပါတော့တယ်။

ဒီလိုပြဿနာပုံစံမျိုးကို ကြီးမားတဲ့ သဘာဝသယံဇာတ သိုက်တွေ ရှာဖွေတွေ့ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တွေ့ရလေ့ရှိပါတယ်။ သဘာဝသယံဇာတ သိုက်တစ်ခုရှာတွေ့တာနဲ့ ရင်းနှီးမြှုပ်နှံမယ့် အရင်းအနှီးတွေကိုလည်း အဲဒီလုပ်ငန်းက ညှို့ငင်ဆွဲဆောင်ပါတော့တယ်။


ဒီလုပ်ငန်းသစ်က စီးပွားရေးတိုးတက်မှုနဲ့ ဆက်နွယ်တဲ့ ချမ်းသာကြွယ်ဝမှုရဲ့ ရင်းမြစ်တစ်ခုဖြစ်လာပြီး မက်မောလောက်တဲ့ လုပ်ခတွေပေးတာ၊ အရင်းအနှီးရှိတဲ့ နိုင်ငံသားတွေကို အဲဒီလုပ်ငန်းသစ်မှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးတာတွေဖြစ်လာပါတယ်။ ရေရှည်မှာ အဲဒီနိုင်ငံအနေနဲ့ ဒီလိုကုန်ပစ္စည်းမျိုးရဲ့ တန်ဖိုးအပေါ်မှာသာ အလွန်အမင်းမှီခိုနေရတာမျိုးဖြစ်လာပြီး အကျိုးဆက်အနေနဲ့ နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့ ခက်ခဲအောင် လုပ်သလို ဖြစ်လာပါတော့တယ်။


လေ့လာသုတေသနပြုမှု ပြောင်းလဲလာခြင်း

၂၀၀၉ ခုနှစ်က စပြီး သယံဇာတကျိန်စာနဲ့ပတ်သက်တဲ့ လေ့လာမှုတွေမှာ၊   သယံဇာတကြွယ်ဝတဲ့ နိုင်ငံတချို့ ‌အောင်မြင်တိုးတက်ပြီး သယံဇာတကြွယ်ဝတဲ့ နိုင်ငံတချို့ကတော့ ဆင်းရဲတွင်းနက်နေတာ ဘာ‌ကြောင့်လဲဆိုတာကို ပြောင်းလဲ လာကြပါတယ်။ ဆိုလိုတာက သဘာဝသယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတိုင်းက သယံဇာတ ကျိန်စာသင့်တာမဟုတ်ဘူးဆိုတဲ့ အမြင်ကို ပြောင်းလဲလာတာပါ။  


ဒီပြောင်းလဲလာမှုဟာ သယံဇာတ ကြွယ်ဝမှုက နိုင်ငံ့စီးပွားရေးအပေါ်ကို ဘယ်လိုဆိုးကျိုးတွေ သက်ရောက်စေသလဲဆိုတာ သက်သက်ကိုသာလေ့လာမှုနဲ့ ဆန့်ကျင်ခြားနားပါတယ်။  


လေ့လာသုတေန ပြုချက်တွေအရ၊ သယံဇာတကရတဲ့ ဝင်ငွေကို အသုံးပြုပုံ၊ အစိုးရရဲ့ အုပ်ချုပ်ပုံစနစ် ၊ အင်စတီကျူးရှင်းတွေရဲ့ စွမ်းဆောင်ရည်၊ သယံဇာတ အမျိုးအစားနဲ့ စက်မှုနိုင်ငံဖြစ်မှု စောခြင်း  သို့မဟုတ် နောက်ကျခြင်း စတဲ့အချက်တွေအားလုံးက သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုတွေကို အဆုံးအဖြတ်ပေးတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ဆွေးနွေးမှုတစ်ခုထွက်ပေါ်ခဲ့ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတဲ့ အခရာကျတဲ့ သတ္ထုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ သယံဇာတကျိန်စာ အကြောင်းပါ။ အဲဒီမှာ ပေါပေါများများရရှိတဲ့ နေရောင်ခြည်လို ရင်းမြစ်ရော၊  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးနည်းပညာမှာ အခရာကျတဲ့ ရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ နီယိုဒီမီ ယမ်၊ ကိုဗော့ ဒါမှမဟုတ် လစ်သီယမ် ရင်းမြစ်တွေရှိတဲ့ တိုင်းပြည်တွေရော ပါဝင်ပါတယ်။


သယံဇာတ နဲ့ အာဏာရှင် တည်မြဲရေးအဆက်အစပ်

ရွေးချယ်ရေးအဖွဲ့ သီအိုရီကို ဖော်ထုတ်ခဲ့သူ ဘရုစ်ဗြူနို ဒီမက်စ်ကွီတာက ရှင်းပြတာရှိပါတယ်။  အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ကြွယ်ဝတဲ့ သယံဇာတတွေရှိရင် နိုင်ငံရေးအရ  ရှင်သန်ရပ်တည်နှိုင်ရေးအတွက် အသင့်မြတ်ဆုံး မဟာဗျူဟာက၊ အရေးပါတဲ့ အုပ်စုရဲ့ သစ္စာရှိ ထောက်ခံမှုကို ဝယ်ယူဖို့  အဲဒီသယံဇာတကရတဲ့ အခွန်အခတွေကို အသုံးပြုတယ်။ နောက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ငြင်းပယ်၊ အများပြည်သူရဲ့ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေကို လုံလုံလောက်လောက် ဆောင်ရွက်မပေးဘဲ နေခြင်းအားဖြင့် ကျန်ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ်တယ်လို့ ရှင်းပြပါတယ်။ ပညာရေး၊ လွတ်လပ်ခွင့်နဲ့ အခြေ ခံအဆောက်အအုံတွေဟာ ပြည်သူလူထုရဲ့ ထုတ်လုပ်မှုကို ပိုအကျိုးပြုပါတယ်။ ဒါပေမယ့် အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေစည်းရုံးလှုံ့ဆော်ဖို့အတွက်လည်း ပိုလွယ်ကူစေပါတယ်။ အာဏာရှင်အနေနဲ့ နိုင်ငံရဲ့သဘာဝသယံဇာတက ရတဲ့အခွန်ငွေက လုံလောက်နေတာကြောင့်၊ ကုန်ထုတ်စွမ်းအားရှိတဲ့ ပြည်သူ့လူထု မလိုအပ်ဘူး။ ဒါကြောင့် လစ်ဘရယ်အခွင့်အရေးပေးဖို့အတွက် စွန့်စားရမဲ့ ကိစ္စကိုမလုပ်ပါ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သဘာဝသယံဇာတ ချို့ငဲ့တဲ့တိုင်းပြည်က အာဏာရှင်ဟာ၊ သူ့တိုင်းပြည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့အတွက် သူ့လူ့အဖွဲ့အစည်းကို လစ်ဘရယ်ဒီမိုကရေစီတစုံတရာ ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ထိထိရောက်ရောက် စည်း ရုံးနှိုင်မှာပါ။ ဒါ့ပြင် ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ရင်းနှီးမြှုပ်နှံပြီး ကျွမ်းကျင်တဲ့၊ ကျန်းမာတဲ့ လုပ်သားအင်အားစုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အုပ်ချုပ်သူတွေဟာ ဒီမိုကရေစီ ဇတ်သွင်းခြင်းကို လိုအပ်မှခွင့်ပြုပုံကို ဗြူနိုဒီမက်စ်ကွီတာက ဂါနာနဲ့ ထိုင်ဝမ်ကို နမူနာပြပြီး ရှင်းပြပါတယ်။


စီးပွားရေးအရ သက်ရောက်မှုများ

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က နိုင်ငံ ၅၁ နိုင်ငံကို သယံဇာတကြွယ်ဝတဲ့ နိုင်ငံ လို့သတ်မှတ်ပါတယ်။ ဒီနိုင်ငံတစ်နိုင်ငံရဲ့ ပို့ကုန် ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်စဉ်ဘဏ္ဍာရေး အခွန်ငွေရဲ့  ၂၀ ရာခိုင်နှုန်းဟာ ပြန်လည်ပြည့်ဖြိုးမြဲ မဟုတ်တဲ့ သဘာဝသယံဇာတအပေါ်က ရတာဖြစ်ရင်၊ သယံဇာတ ကြွယ်ဝတဲ့နိုင်ငံလို့ သတ်မှတ်ပါတယ်။ အဲဒီ အထဲက ၂၉ နိုင်ငံရဲ့ ဝင်ငွေဟာ အနိမ့်ဆုံး နဲ့ အလယ်အလတ်အနိမ့်ပိုင်းမှာပါဝင်ပါတယ်။ 


ဒီ ၂၉ နိုင်ငံရဲ့ ဘုံတူညီတဲ့ လက္ခဏာတွေကတော့ 

(၁) သဘာဝသယံဇာတအပေါ်ကရတဲ့ ဘဏ္ဍာရေးအခွန်ငွေ၊ တင်ပို့ရောင်းချမှုစတဲ့အပေါ်မှာ အလွန် အမင်း မှီခိုနေရခြင်း။ 

(၂) စုဆောင်းမှုနှုန်း နိမ့်ကျခြင်း။ 

(၃) ဖွံ့ဖြိုးတိုးတက်မှုဖေါ်ပြချက် မကောင်းခြင်း နဲ့ 

(၄) သယံဇာတ ပေါ်ကရတဲ့ အခွန်ငွေ မတည်ငြိမ်၊ အပြောင်းအလဲ အလွန်မြန်ခြင်း စတာတွေဘဲဖြစ်တယ်လို့ ဆိုပါတယ်။ 

                                                                                           

ကိုးကား- Resource Curse: Definition, Overview and Examples

          -Resource curse by Wikipedia 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဥရောပထိပ်တန်းလူငယ်ကလပ်အသင်းများဖြင့် ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၁၂ ဆန်ခါတင်ကစားသမား (၂၅)ဦး ရွေးချယ်ပြီးစီး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved