Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တူနီးရှားသဘောတူညီချက်သည် ရွှေ့ပြောင်းနေထိုင်သူများ၏ အသက် နှင့် အီးယူ၏ ငွေကြေးတို့ လဲလှယ်နိုင်သည့် စံနမူနာဖြစ်လာမည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ စိုးရိမ်နေ

Htay Oung (NSS) - ဇူလိုင် ၂၃

တူနီးရှားနိုင်ငံ ဆက်မြို့မှတဆင့် ဥရောပကို သူတို့ရဲ့ အိုးအိမ်သစ်အဖြစ် ရွှေ့ပြောင်းနေထိုင်သူတွေဟာ လူမျိုးရေးခွဲခြားမှု လွှမ်းမိုးလာခြင်းကို ရင်ဆိုင်ရလေ့ရှိပြီး (သူတို့ကြောင့်) တင်းမာမှုတွေတိုးလာရတယ်လို့ အပြစ်တင် ခံနေရပါတယ်။ ဥရောပခေါင်းဆောင်တွေဟာ သူတို့နိုင်ငံကမ်းရိုးတန်းမှာ လူအမြောက်အများရောက်ရှိလာနေခြင်းအပေါ် စိုးရိမ်နေပြီး လျှော့ချဖို့အတွက် နည်းလမ်းများကို ရှာဖွေလျက်ရှိတယ်လို့ AP က ယမန်နေ့ (ဇူလိုင်လ ၂၂ ရက်) မှာ ရေးသားပါတယ်။

တူနီးရှားနဲ့ အဓိကအားဖြင့် ဆာဟာရတောင်ပိုင်း လူမည်းရွှေ့ပြောင်းနေထိုင်သူများအကြား ဆက်မြို့မှာ ယခုလအတွင်း ပွင့်ထွက်လာတဲ့ မုန်းတီးမှုအငြိုးတွေဟာ မြောက်အာဖရိကနိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာအပေါ် ကိုင်တွယ်ဖြေရှင်းပုံ အချိုးအကွေ့တစ်ခုအဖြစ် လူအများ ရှုမြင်ကြပါတယ်။ တနည်းအားဖြင့် ဥရောပရဲ့ လက်ဝေခံ (ကိုလိုနီလက်သစ်) ဖြစ်ကြောင်း သွယ်ဝိုက်ပြသလိုလည်း ရှိနေပါတယ်။

ရာနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူများဟာ ပျက်စီးလွယ်တဲ့လှေများနဲ့ အီတလီကို အရောက်သွားဖို့ကြိုးစားရင်း ပင်လယ်ထဲမှာ ရေနစ်သေဆုံးခဲ့ကြပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ မြေထဲပင်လယ်ကို ဖြတ်ကူးခွင့်ရဖို့ ကြောက်လန့်တွန့်ဆုတ်နေတဲ့ ရွှေ့ပြောင်းအခြေချသူတွေ အချိုဟာ အာဏာပိုင်များရဲ့ ရိုက်နှက်ခြင်း၊ အခြားနေရာသစ်တစ်ခုခုကို အတင်းအဓမ္မ ပို့ပစ်ခြင်း၊ ဘတ်စ်ကားနဲ့တင်ပြီး သဲကန္တာရတစ်နေရာမှာ အမှိုက်သွန်သလို စွန့်ပစ်ခံနေရပါတယ်။ 


ယခုသီတင်းပတ်အတွင်း တူနီရှားနိုင်ငံ တူးနစ်မြို့မှာ တွေ့ဆုံခဲ့ကြတဲ့ မြောက်အာဖရိက၊ အနောက်အာဖရိကနဲ့ ဥရောပတို့မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတို့က တနင်္ဂနွေနေ့ ရောမမြို့ထိပ်သီး အစည်းအ ဝေးကို ရှုတ်ချလိုက်ကြပါတယ်။ အဲဒီအစည်းအဝေးရဲ့ ရည်မှန်းချက်ဟာ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး အမြင်သဘောထားတွေကို အကောင်အထည်ဖော်ဖို့၊ ဥရောပနယ်စပ်ကို အာဖဂန်များ ရောက်ရှိမလာစေရေး အာဖရိကအပေါ် တာ၀န်ပုံချဖို့အတွက် ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ 

လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ HRW ကလည်း လာမယ့် ရောမအစည်းအဝေးကို ရှုတ်ချလိုက်ပါတယ်။ ဥရောပကမ်းခြေမှာ ရွှေ့ပြောင်းနေထိုင်သူများ ကင်းရှင်းစေဖို့ ငွေကြေးမက်လုံးများနဲ့ တန်ဖိုးသင့် အလဲအလှယ်လုပ်ရာ ရောက်ရှိလိမ့်မယ်လို့ ပြောပါတယ်။ မြေထဲပင်လယ်ဟာ ဥရောပနဲ့ အာဖရိက ကမ်းရိုးတန်းနှစ်ခုအကြား တံတားတစ်စင်း မဟုတ်တော့ပဲ တံတိုင်းတစ်ခု ဖြစ်အောင်လုပ်နေတယ်လို့ တူနီရှား စီးပွားရေးနဲ့ လူမှုရေးဖိုရမ်က ဆိုပါတယ်။ 

မျိုးဆက်တစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ အီတလီနိုင်ငံဟာ ရွှေ့ ပြောင်းဝင်ရောက်မှု အရေအတွက်ကို လျှော့ချရန်နဲ့ တူနီးရှားကို တည်ငြိမ်စေရန် ကြိုးပမ်းနေပါတယ်။ ယခုနှစ်အတွင်း ဆက်မြို့ကို ရွှေ့ပြောင်းနေထိုင်သူ ထောင်ချီ ရောက်ရှိလာပေမယ့် မြို့ထဲမှာ အရေအတွက် ဘယ် လောက်ရှိကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေး လှုပ်ရှားမှု စတင်ချိန်မှစပြီး (ဘယ်လိုနည်းနဲ့) ထွက်ခွာသွားသူ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ဥရောပရဲ့ တံခါးပေါက်ဖြစ်တဲ့ အီတလီနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မယ့်သူများရဲ့ ယခင် ဖိနပ်ချွတ်ဟာ လစ်ဗျားဖြစ်ပါတယ်။ (နိုင်ငံပြိုကွဲပြီး ပြည်တွင်းစစ်နဲ့အတူ) အလွဲသုံးစားပြုမှုသတင်းများ ပျံ့နှံ့နေတဲ့ လစ်ဗျားနေရာမှာ ယခုတူနီရှားက အစားထိုး၀င်ရောက်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ အီတလီသို့ ရွှေ့ပြောင်း ဝင်ရောက်သူ ၇၆,၃၂၅ အနက်မှ ၄၄,၁၅၁ ဦးဟာ တူနီးရှားမှ ပင်လယ်ရေကြောင်း ခရီးဖြင့် ရောက်ရှိသွားသူများ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စာရင်းဇယားများအရ လစ်ဗျားမှ ၂၈,၈၄၂ ဦးနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

တူနီးရှားမှာ ပိုမိုအားကောင်းလာတဲ့ အာဏာရှင်သမ္မတ ကေဆိဒ်က ရွှေ့ပြောင်းနေထိုင်သူများအပေါ် လူမျိုးရေး ခွဲခြားရာရောက်တဲ့ တုံ့ပြန်မှုများကို မီးထိုးပေးခဲ့ပါတယ်။ ဆာဟာရဒေသတောင်ပိုင်းနေတို့ အများအပြားရောက်ရှိ လာခြင်းဟာ တူနီးရှားရဲ့ အစ္စလာမ်မစ်လက္ခဏာကို ဖျောက်ဖျက်ဖို့ ကြံစည်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှု မဟုတ်ကြောင်း ငြင်းဆိုပြီး အဲ့ဒီလိုတရား၀င် ကြေညာချက်မျိုးနဲ့ ရွှေ့ပြောင်းနေထိုင်မှုပြဿနာကို အရင်းအမြစ်မှစပြီး ကိုင်တွယ်ရမယ်လို့ ဆိုထားပါတယ်။ 

ဒါဟာ ဥရောပသမဂ္ဂအကြီးအကဲ အာဆူလာ_ဗွန်_ဒါလီယန်နဲ့ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ အ ရှေ့အလယ်ပိုင်းမှ ဆာဟဲဒေသနဲ့ မြောက်အာဖရိကအထိ နိုင်ငံ့အကြီးအကဲတွေနဲ့ အစိုးရဝန်ကြီး ၂၀ နီးပါးတို့ တက်ရောက်တဲ့ ရောမညီလာခံရဲ့ ရည်ရွယ်ချက်တစ်ခုသာဖြစ်ပါတယ်။

စွမ်းအင် ရင်းမြစ်များကို ကွဲပြားစေရန်နဲ့ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန်အပါအ၀င် စွမ်းအင်မူဝါဒများကို ဆွေးနွေးမယ်ဆိုတဲ့ အဲဒီညီလာခံမှာ ဥရောပခေါင်းဆောင်များနဲ့ တူနီးရှားသမ္မတတို့က နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နောက်ရက်သတ္တတစ်ပတ်အကြာမှာ တူနီရှားသမ္မတရဲ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေးအရ တူနီရှားနိုင်ငံရဲ့ တုံ့ဆိုင်းနေတဲ့ စီးပွားရေးကို ပြန်လည် နှိုးထဖို့အတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံနီးပါးနဲ့ နယ်စပ်ထိန်းချုပ်မှုအပြင် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး၊ တရားမ၀င် ရွှေ့ပြောင်းအခြေချသူများ နေရပ်ပြန်ပို့ရေးအတွက် ဒေါ်လာ ၁၁၁ သန်းကို အီးယူက ကူညီမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းများကတော့ ငွေကြေးအတွက် ဘဝရှင်သန်မှုနဲ့ အလဲအထပ်လုပ်ခြင်းဖြစ်ပြီး လူ့သားတစ်ဦးတစ်ယောက်ရဲ့ (ဖြစ်တည်မှု) တန်ဖိုးများအပေါ် သစ္စာမဲ့ခြင်းဖြစ်ကြောင်း၊ အချို့သော ယှဉ်ပြိုင်ဘက်များ အတွက် ဒီလိုအပေးအယူတွေဟာ ကိုလိုနီလက်သစ်စနစ်ရဲ့ ပုံစံသစ်ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ 

တူနီရှား-အီးယူသဘောတူညီချက်ဟာ အလွဲသုံးစားမှု၊ စိတ်ထားယုတ်ညံ့မှုနဲ့ အမြင်တိုဗျူဟာများသာ ဖြစ်တယ် လို့ နယူးယောက်အခြေစိုက် HWR က ရှုတ်ချပါတယ်။ အီးယူဟာ (လူ့အခွင့်အရေးချိုးဖောက်မှုများကို) ဆက်လက်တည်မြဲနေစေယုံသာမက၊ ဥရောပ မိတ်ဖက်များနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုရင်း ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်သူများကိုပါ ရဲဆေးတင်ပေးနေကြောင်း၊ သူတို့ရဲ့ အကြွေးပတ်ချာလည် ဝိုင်းနေတဲ့ စီးပွားရေးကို ကာမိစေဖို့အတွက် ငွေကြေးအထောက်အပံ့ အာမခံချက် ရရှိဖို့ အားထုတ်နေခြင်းဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။ 

(ရောမသဘောတူညီချက်နောက်ဆက်တွဲအဖြစ်) ရွှေပြောင်းအခြေချမှု ဆန့်ကျင်ရေးဖြစ်စဉ်ပေါ်ပေါက်လာပါတယ်။ မြင့်မားတဲ့ မျှော်လင့်ချက်များ ရိုက်ချိုးခံရခြင်းနဲ့အတူ ကြောက်လန့်တုန်လှုပ်နေတဲ့ ရွှေ့ပြောင်းနေထိုင် သူတွေဟာ ဆက်မြို့ သူတို့ခိုလှုံရေးစခန်းမှ အမည်မသိနေရာများမှာ သွားရောက်စွန်ပစ်ခံရဖို့ ဘတ်စ်ကားများအပေါ် အတင်းအကျပ် တွန်းတင်ခံလိုက်ကြရပါတယ်။ 

ယခုလစောစောပိုင်း လစ်ဗျားနယ်စပ် သဲကန္တာမှာ လုံခြုံရေးတပ်ဖွဲ့များက ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ ခန့်ကို သွန်ချသွားကြောင်း၊ သူတို့ကို ဇူလိုင်လ ၁၀ ရက်မှာ တူနီးရှားရဲ့ အခြားဒေသများသို့ လွှဲပြောင်းပေးခဲ့တယ်လို့ လခြမ်းနီအဖွဲ့က ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် အောက်မှာ သောင်တင်နေတဲ့ ကလေးငယ်များအပါအ၀င် အမျိုးသားနဲ့ အမျိုးသမီး ခြောက်ဦးထက်မနည်းကို တွေ့ရှိခဲ့တယ်လို့ လစ်ဗျားနယ်ခြားစောင့် တပ်က ဇွန် ၁၆ ရက်မှာ ပြောပါတယ်။ အဲဒါက AP က သတင်းဓါတ်ပုံ ဖော်ပြခဲ့တဲ့ သဲကန္တရာထဲမှာ တဝဲလယ် လယ်ဖြစ်နေတဲ့ ရွှေ့ပြောင်းအခြေချသူများမှ အခြားအုပ်စုဖြစ်ပါတယ်။

ဆက်မြို့မှ တင်ပို့ခြင်း မခံရမီ သူတို့ပိုင် ပစ္စည်းနဲ့ ငွေကြေးတွေကို တူနီးရှားတာဝန်ရှိသူများက သိမ်းယူခဲ့ကြောင်း၊ အစာနဲ့ သောက်ရေ မပါဘဲ သူတို့ကို စွန့်ပစ်ခဲ့ကြောင်း တူနီးရှားကို ထပ်ဝင်ဖို့ ကြိုးစားတဲ့အခါ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရကြောင်း၊ လက်ကို လိမ်ချိုးပြီး ဦးခေါင်းကို ထိုးနှက်ကြောင်း ကွန်ဂိုနိုင်ငံမှ မူဆာခါလစ်က သူတို့ရဲ့ အခက်အခဲကို ပြန်ပြောင်းပြောဆိုပါတယ်။ 

(လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ကျွန်တော်တို့ဆီက နစက ၀န်ကြီး တစ်ယောက်ချင်းစီကို ပိတ်ဆို့ဒဏ်ခတ်ခဲ့သည့် အီးယူသည် သူတို့ပိုက်ဆံပေးထားသော တူနီရှားသမ္မတ ကေဆိဒ်၏ လုပ်ရပ်များကို မသိရှိပါဟုဆိုလျှင် သင်ယုံကြည်ပါသလား။ 

ထူးခြားသည်မှာ (မြန်မာ မနက်ဖန်) ဥရောပမှာ ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိကျင်းပမည့် စားနပ် ရိက္ခာဖူလုံရေး ထိပ်သီးအစည်းအဝေးကို ကျွန်တော်များ အိမ်နီးချင်း ၀န်ကြီးချုပ် ရှိတ်ဟာစီနာလည်း တက်ရောက်မည်ဟု ယနေ့ Daily Star သတင်းအရ သိရှိရသည်။ မြေထဲပင်လယ်ကို ဖြတ်သန်း၍ အာဖရိကမြောက်ပိုင်းမှ ဥရောပသို့ ၀င်ရောက်သွားခဲ့သူများတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား အများအပြားပါ၀င်နေပြီး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားသူမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဖြစ်နေခြင်းက မှတ်သားစရာပင်ဖြစ်သည်။ ။သတင်းဘာ သာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(AP., 21 July 2023,” Rights activists fear Tunisia deal will be model for bartering EU money for migrants' lives” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved