ကော့ကရိတ်မြို့အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဟုနစကထုတ်ပြန်
NSS - ဇူလိုင် ၂၁
KKO(ခွဲထွက်)အဖွဲ့ နှင့် PDF များက ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ဇူလိုင်လ (၂၀)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၉)ရက်၊ နံနက်(၇)နာရီခွဲအချိန်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက် မီတာ(၃၀၀၀)ခန့်အကွာမှ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါလက်နက်ကြီးများအနက် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့တော်ဦးရပ်ကွက်တွင် တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင်လည်း တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးသုံးဦး စုစုပေါင်း(၅)ဦးတွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှဆိုထားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပြီး ဗုံးသီးများကျရောက်သည့် ရပ်ကွက်အတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများကျန်ရှိမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူထိုင်းပါတီက တင်သွင်းမယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံပေးသွားမှာဖြစ်ကြောင်း ရှေ့သို့ချီပါတီပြော
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း