Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟစ်တလာ မွေးဖွားရာ အဆောက်အအုံကို ရဲစခန်းအဖြစ် ပြောင်းလဲရေး စရိတ်ကြီးမြင့်မှုကြောင့် အခက်တွေ့နေ

Htay Oung (NP News) - ဇန်နဝါရီ ၁၅

နာဇီအာဏာရှင် အဒေါ့ဖ်ဟစ်တလာ မွေးဖွားရာ အဆောက်အအုံကို ရဲစခန်းအဖြစ် ပြောင်းလဲအသုံးပြုဖို့အတွက် ကုန်ကျစရိတ်ဟာ မူလဘတ်ဂျက်ခွင့်ပြုပမာဏထက် လေးဆအထိ မြင့်တက်လာခဲ့တယ်လို့ တာဝန်ရှိသူများက သောကြာနေ့မှာ ပြောဆိုကြောင်း “ဒွိုက်ခ်ျဝယ်လီ“ DW ဂျာမန်သတင်းအေဂျင်စီက ယမန်နေ့(ဇန်နဝါရီလ ၁၃ ရက်)က ရေးသားပါတယ်။

သြစတြီးယားနိုင်ငံအထက်ပိုင်း ဂျာမနီနယ်စပ် ဘရောင်နိုအေအမ်အင်န် မြို့လေးမှာ တည်ရှိတဲ့ အိမ်ငယ်လေးတစ်လုံးဟာ ဒုတိယကမ္ဘာစစ်မီး မွှေးခဲ့သူ ဂျာမန်နိုင်ငံရေး သမား-စာရေးဆရာ-အာဏာရှင် အဒေါ့ဖ်ဟစ်တလာကို မွေးဖွားခဲ့ရာ အဆောက် အအုံဖြစ်ပါတယ်။ နာဇီလက်သစ်အုပ်စုများနဲ့ လက်ယာအစွန်းရောက်ဝါဒီများရဲ့ ဝတ္ထုကံမြေသဖွယ် အထွတ်အမြတ်သတ်မှတ်ခံရခြင်းမှ တားဆီးဖို့အတွက် အငြင်းပွားဖွယ်စီမံကိန်းကို လွန်ခဲ့တဲ့ သုံးနှစ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းအတွက် ယခုနောက်ဆုံး ခန့်မှန်းကုန်ကျစရိတ်ဟာ ယူရိုသန်း-၂ဝ (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ သန်းခန့်) ရှိနိုင်တဲ့အတွက် ကနဦး စီစဉ်ထားသည်ထက် အများကြီးမြင့်တက်နေတယ်လို့ သြစတြီးယားပြည်ထဲရေးဌာနက ပြောပြပါတယ်။

အဆောက်အအုံအတွက် အကောင်းဆုံးအစီအစဉ်အဖြစ် ကျွမ်းကျင်သူများပါ ကော်မရှင်ရဲ့ မူလသဘောတူညီထားတဲ့ နှစ်စဉ်ခွင့်ပြုငွေပမာဏဟာ ယူရို (၅)သန်းဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကုန်ကျစရိတ်ဟာ တစ်နှစ်ထက် တစ်နှစ် တိုးလာနေပြီး လွန်ခဲ့တဲ့နှစ်မှာ ယူရို ၁၁ သန်းဖြစ်လာတယ်လို့ ဆိုပါတယ်။ ဟစ်တလာရဲ့ ဘဝပထမပိုင်းကာလများအတွင်း နေထိုင်ခဲ့ရာ အဆောက်အအုံကို ရဲစခန်းတစ်ခုအဖြစ် သြစတြီးယားအစိုးရက တာဝန်ယူတည်ဆောက်ဖို့ ကိစ္စဟာ တရားဥပဒေဘောင်အတွင်း အခြေအတင် ဖြစ်ခဲ့ရပြီး ၂ဝ၁၉ ခုနှစ်မှာ သဘောတူခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ၂ဝ၂၅ ခုနှစ်အရောက် အပြီးဖြစ်ရမယ့် ကိစ္စဟာ အ ဆောက်အအုံပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းများကိုတောင် မစတင်ရသေးဘဲ ကုန်ကျစရိတ်များ မြင့်တက်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ရောဂါကြောင့် အစပိုင်းတည်းက ရွှေ့ဆိုင်းခဲ့ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ ယခုအခါ ပစ္စည်းပြတ်လပ်မှုကြောင့် နှောင့်နှေးနေရတယ်လို့ ဒေသခံသတင်းစာက ရေးပါတယ်။ နှောင့်နှေးမှုများအပြင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များ တဟုန်ထိုး မြင့်တက်နေတဲ့ကာလဖြစ်လို့ ယေဘုယျအားဖြင့် ကြီးကြီးမားမား အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်ထားတဲ့ အဆောက်အအုံအတွက် ဘတ်ဂျက်လိုငွေပမာဏ တိုးမြင့်လာရခြင်းဖြစ်ပါတယ်။ အစားအစာနဲ့ လောင်စာတို့လို အဓိကအိမ်သုံး ကုန်ပစ္စည်းများလောက် မဟုတ်ပေမဲ့ ဥရောပရဲ့ ဆောက်လုပ်ရေးကဏ္ဍအပေါ် ပြီးခဲ့တဲ့နှစ် ငွေကြေးဖောင်းပွမှု ဖိအားတွေဟာ အပြင်းအထန်သက်ရောက်ခဲ့ပါတယ်။ ပရောဂျက်ကို ကော်မရှင်က အဆုံးအဖြတ်ပေးခဲ့ရာမှာ မူလအဆောက်အအုံကို အတတ်နိုင်ဆုံး လူ မမှတ်မိနိုင်စေရန် ဗိသုကာပိုင်းဆိုင်ရာ အပြောင်းအလဲများ ထည့်သွင်းဖို့ အကြံပြုထားပါတယ်။ ဒါမှလည်း အဲ့ဒီနေရာကို အကြိမ်ကြိမ်သွားရောက်ကြည့်ရှုခဲ့တဲ့ နာဇီလက်သစ်များအတွက် ဆွဲဆောင်မှုနည်းပါးသွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံနဲ့ နာဇီအာဏာရှင်တို့အကြား ဆက်စပ်မှုမှန်သမျှကို ဖယ်ရှားပစ်ဖို့ သြစတြီးယား အာဏာပိုင်များက မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အနီးနားမှာ နာဇီဝါဒရဲ့ ဓါးစာခံများကို အောက်မေ့သတိရစေနိုင်တဲ့ သမိုင်းဝင် အဆောက်အအုံတစ်ခု ရှိနေပါသေးတယ်။ ဟစ်တလာရဲ့ ဇာတိချက်မြှုပ်နေရာဟာ နှစ်ပေါင်းများစွာ အငြင်းပွားမှုများနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။

ယခင်ပိုင်ရှင်နဲ့ ပြည်နယ်အာဏာပိုင်တို့အကြား ကာလကြာရှည်စွာ တရားရုံးအငြင်းပွားမှုအပြီး အဆောက်အအုံကို ဩစတြီးယားအစိုးရက သိမ်းယူကြောင်း ၂ဝ၁၇ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဟစ်တလာခေတ် နာဇီပါတီဟာ သူတို့ရဲ့ ခေါင်းဆောင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ အနုပညာပြခန်းနဲ့ ပြည်သူ့စာကြည့်တိုက်တစ်ခုပါ ယဉ်ကျေးမှုစင်တာအဖြစ် တည်ထောင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်တပ်များဟာ အောက်မေ့ဖွယ် အထိမ်းအမှတ်နေရာတစ်ခုအဖြစ် အကျဉ်းချုံး ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်း စာကြည့်တိုက်ဖြစ်သွားခဲ့ဖူးပြီး စာသင်ကျောင်းအဖြစ်လည်း အသုံးပြုခဲ့ပါတယ်။နှစ်ပေါင်း ၃ဝ ကြာမြင့်ပြီးနောက် အဆောက်အအုံဟာ ဉာဏ်ရည် မသန်စွမ်းသူများအတွက် အလုပ်ရုံတစ်ခုဖြစ်သွားရပြန်ပါတယ်။ ပြုပြင်မွမ်းမံရန် လိုအပ်တဲ့အတွက် ၂ဝ၁၁ ခုနှစ်မှာ ပိတ်ပစ်ခဲ့ရပြီး အဆောက်အအုံကို အသုံးပြုခြင်း မရှိတော့ပါဘူး။ လူဦးရေ ၁၆ဝဝဝ ခန့်သာ နေထိုင်တဲ့ ဘရောင်နိုအေအမ်အင်န် မြို့လေးဟာ ဂျာမနီနိုင်ငံ ဘာဗေးရီးယား နယ်စပ်မျဉ်းပေါ်တွင် အတိအကျ တည်ရှိနေပါတယ်။ သြစတြီးယားနိုင်ငံ ဆော့လ်ဇ်ဘတ်မြို့ မြောက်ဘက်နဲ့ ဂျာမနီနိုင်ငံ မြူးနစ်မြို့ရဲ့ အရှေ့ဘက်မှာ ဖြစ်ပါတယ်။

(Deutsche Welle., 13 January 2023, “Cost of turning Hitler birthplace into police station soars.” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


zawgyi version

ဟစ္တလာ ေမြးဖြားရာ အေဆာက္အအုံကို ရဲစခန္းအျဖစ္ ေျပာင္းလဲေရး စရိတ္ႀကီးျမင့္မႈေၾကာင့္ အခက္ေတြ႕ေန

Htay Oung (NP News) - ဇန္နဝါရီ ၁၅

နာဇီအာဏာရွင္ အေဒါ့ဖ္ဟစ္တလာ ေမြးဖြားရာ အေဆာက္အအုံကို ရဲစခန္းအျဖစ္ ေျပာင္းလဲအသုံးျပဳဖို႔အတြက္ ကုန္က်စရိတ္ဟာ မူလဘတ္ဂ်က္ခြင့္ျပဳပမာဏထက္ ေလးဆအထိ ျမင့္တက္လာခဲ့တယ္လို႔ တာဝန္ရွိသူမ်ားက ေသာၾကာေန႔မွာ ေျပာဆိုေၾကာင္း “ဒြိဳက္ခ္်၀ယ္လီ“ DW ဂ်ာမန္သတင္းေအဂ်င္စီက ယမန္ေန႔(ဇန္နဝါရီလ ၁၃ ရက္)က ေရးသားပါတယ္။

ၾသစႀတီးယားႏိုင္ငံအထက္ပိုင္း ဂ်ာမနီနယ္စပ္ ဘေရာင္ႏိုေအအမ္အင္န္ ၿမိဳ႕ေလးမွာ တည္ရွိတဲ့ အိမ္ငယ္ေလးတစ္လုံးဟာ ဒုတိယကမာၻစစ္မီး ေမႊးခဲ့သူ ဂ်ာမန္ႏိုင္ငံေရး သမား-စာေရးဆရာ-အာဏာရွင္ အေဒါ့ဖ္ဟစ္တလာကို ေမြးဖြားခဲ့ရာ အေဆာက္ အအုံျဖစ္ပါတယ္။ နာဇီလက္သစ္အုပ္စုမ်ားနဲ႔ လက္ယာအစြန္းေရာက္ဝါဒီမ်ားရဲ႕ ၀တၳဳကံေျမသဖြယ္ အထြတ္အျမတ္သတ္မွတ္ခံရျခင္းမွ တားဆီးဖို႔အတြက္ အျငင္းပြားဖြယ္စီမံကိန္းကို လြန္ခဲ့တဲ့ သုံးႏွစ္က ဆုံးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။ အဲ့ဒီစီမံကိန္းအတြက္ ယခုေနာက္ဆုံး ခန႔္မွန္းကုန္က်စရိတ္ဟာ ယူ႐ိုသန္း-၂ဝ (အေမရိကန္ေဒၚလာ ၂၁ ဒသမ ၆ သန္းခန္႔) ရွိႏိုင္တဲ့အတြက္ ကနဦး စီစဥ္ထားသည္ထက္ အမ်ားႀကီးျမင့္တက္ေနတယ္လို႔ ၾသစႀတီးယားျပည္ထဲေရးဌာနက ေျပာျပပါတယ္။

အေဆာက္အအုံအတြက္ အေကာင္းဆုံးအစီအစဥ္အျဖစ္ ကြၽမ္းက်င္သူမ်ားပါ ေကာ္မရွင္ရဲ႕ မူလသေဘာတူညီထားတဲ့ ႏွစ္စဥ္ခြင့္ျပဳေငြပမာဏဟာ ယူ႐ို (၅)သန္းျဖစ္ပါတယ္။ ဒါေပမဲ့ လက္ေတြ႕ကုန္က်စရိတ္ဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ တိုးလာေနၿပီး လြန္ခဲ့တဲ့ႏွစ္မွာ ယူ႐ို ၁၁ သန္းျဖစ္လာတယ္လို႔ ဆိုပါတယ္။ ဟစ္တလာရဲ႕ ဘဝပထမပိုင္းကာလမ်ားအတြင္း ေနထိုင္ခဲ့ရာ အေဆာက္အအုံကို ရဲစခန္းတစ္ခုအျဖစ္ ၾသစႀတီးယားအစိုးရက တာ၀န္ယူတည္ေဆာက္ဖို႔ ကိစၥဟာ တရားဥပေဒေဘာင္အတြင္း အေျခအတင္ ျဖစ္ခဲ့ရၿပီး ၂ဝ၁၉ ခုႏွစ္မွာ သေဘာတူခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမဲ့ ၂ဝ၂၅ ခုႏွစ္အေရာက္ အၿပီးျဖစ္ရမယ့္ ကိစၥဟာ အ ေဆာက္အအုံေျပာင္းလဲျခင္းဆိုင္ရာ လုပ္ငန္းမ်ားကိုေတာင္ မစတင္ရေသးဘဲ ကုန္က်စရိတ္မ်ား ျမင့္တက္လာခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ေရာဂါေၾကာင့္ အစပိုင္းတည္းက ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းဟာ ယခုအခါ ပစၥည္းျပတ္လပ္မႈေၾကာင့္ ေႏွာင့္ေႏွးေနရတယ္လို႔ ေဒသခံသတင္းစာက ေရးပါတယ္။ ေႏွာင့္ေႏွးမႈမ်ားအျပင္ ေဆာက္လုပ္ေရးပိုင္းဆိုင္ရာ ကုန္က်စရိတ္မ်ား တဟုန္ထိုး ျမင့္တက္ေနတဲ့ကာလျဖစ္လို႔ ေယဘုယ်အားျဖင့္ ႀကီးႀကီးမားမား အေျပာင္းအလဲမ်ား ျပဳလုပ္ရန္ စီစဥ္ထားတဲ့ အေဆာက္အအုံအတြက္ ဘတ္ဂ်က္လိုေငြပမာဏ တိုးျမင့္လာရျခင္းျဖစ္ပါတယ္။

အစားအစာနဲ႔ ေလာင္စာတို႔လို အဓိကအိမ္သုံး ကုန္ပစၥည္းမ်ားေလာက္ မဟုတ္ေပမဲ့ ဥေရာပရဲ႕ ေဆာက္လုပ္ေရးက႑အေပၚ ၿပီးခဲ့တဲ့ႏွစ္ ေငြေၾကးေဖာင္းပြမႈ ဖိအားေတြဟာ အျပင္းအထန္သက္ေရာက္ခဲ့ပါတယ္။ ပေရာဂ်က္ကို ေကာ္မရွင္က အဆုံးအျဖတ္ေပးခဲ့ရာမွာ မူလအေဆာက္အအုံကို အတတ္ႏိုင္ဆုံး လူ မမွတ္မိႏိုင္ေစရန္ ဗိသုကာပိုင္းဆိုင္ရာ အေျပာင္းအလဲမ်ား ထည့္သြင္းဖို႔ အႀကံျပဳထားပါတယ္။ ဒါမွလည္း အဲ့ဒီေနရာကို အႀကိမ္ႀကိမ္သြားေရာက္ၾကည့္ရႈခဲ့တဲ့ နာဇီလက္သစ္မ်ားအတြက္ ဆြဲေဆာင္မႈနည္းပါးသြားမွာ ျဖစ္ပါတယ္။ အေဆာက္အအုံနဲ႔ နာဇီအာဏာရွင္တို႔အၾကား ဆက္စပ္မႈမွန္သမွ်ကို ဖယ္ရွားပစ္ဖို႔ ၾသစႀတီးယား အာဏာပိုင္မ်ားက ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမဲ့ အနီးနားမွာ နာဇီဝါဒရဲ႕ ဓါးစာခံမ်ားကို ေအာက္ေမ့သတိရေစႏိုင္တဲ့ သမိုင္းဝင္ အေဆာက္အအုံတစ္ခု ရွိေနပါေသးတယ္။ ဟစ္တလာရဲ႕ ဇာတိခ်က္ျမႇဳပ္ေနရာဟာ ႏွစ္ေပါင္းမ်ားစြာ အျငင္းပြားမႈမ်ားနဲ႔ ဖုံးလႊမ္းေနခဲ့ပါတယ္။ ယခင္ပိုင္ရွင္နဲ႔ ျပည္နယ္အာဏာပိုင္တို႔အၾကား ကာလၾကာရွည္စြာ တရား႐ုံးအျငင္းပြားမႈအၿပီး အေဆာက္အအုံကို ဩစႀတီးယားအစိုးရက သိမ္းယူေၾကာင္း ၂ဝ၁၇ ခုႏွစ္မွာ ဆုံးျဖတ္ခဲ့ပါတယ္။

ဟစ္တလာေခတ္ နာဇီပါတီဟာ သူတို႔ရဲ႕ ေခါင္းေဆာင္ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ အႏုပညာျပခန္းနဲ႔ ျပည္သူ႔စာၾကည့္တိုက္တစ္ခုပါ ယဥ္ေက်းမႈစင္တာအျဖစ္ တည္ေထာင္ခဲ့ပါတယ္။ ဒုတိယကမာၻစစ္အၿပီး အေမရိကန္တပ္မ်ားဟာ ေအာက္ေမ့ဖြယ္ အထိမ္းအမွတ္ေနရာတစ္ခုအျဖစ္ အက်ဥ္းခ်ဳံး ဖြင့္လွစ္ခဲ့ပါတယ္။ ေနာက္ပိုင္း စာၾကည့္တိုက္ျဖစ္သြားခဲ့ဖူးၿပီး စာသင္ေက်ာင္းအျဖစ္လည္း အသုံးျပဳခဲ့ပါတယ္။ႏွစ္ေပါင္း ၃ဝ ၾကာျမင့္ၿပီးေနာက္ အေဆာက္အအုံဟာ ဥာဏ္ရည္ မသန္စြမ္းသူမ်ားအတြက္ အလုပ္႐ုံတစ္ခုျဖစ္သြားရျပန္ပါတယ္။ ျပဳျပင္မြမ္းမံရန္ လိုအပ္တဲ့အတြက္ ၂ဝ၁၁ ခုႏွစ္မွာ ပိတ္ပစ္ခဲ့ရၿပီး အေဆာက္အအုံကို အသုံးျပဳျခင္း မရွိေတာ့ပါဘူး။ လူဦးေရ ၁၆ဝဝဝ ခန႔္သာ ေနထိုင္တဲ့ ဘေရာင္ႏိုေအအမ္အင္န္ ၿမိဳ႕ေလးဟာ ဂ်ာမနီႏိုင္ငံ ဘာေဗးရီးယား နယ္စပ္မ်ဥ္းေပၚတြင္ အတိအက် တည္ရွိေနပါတယ္။ ၾသစႀတီးယားႏိုင္ငံ ေဆာ့လ္ဇ္ဘတ္ၿမိဳ႕ ေျမာက္ဘက္နဲ႔ ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕ရဲ႕ အေရွ႕ဘက္မွာ ျဖစ္ပါတယ္။

(Deutsche Welle., 13 January 2023, “Cost of turning Hitler birthplace into police station soars.” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့တွင် ဂျပန်နိုင်ငံသားနှစ်ဦး ဓါးဖြင့်တိုက်ခိုက်ခံခဲ့ရဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved