ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁ ဒသမ ၉) သန်း ရှိလာဟု UNOCHA ဆို
ယွန်း (NSS) - ဇူလိုင် ၁၉
ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁ ဒသမ ၉)သန်းအထိ ရှိလာကြောင်း UNOCHA မှဆိုထားသည်။
UNOCHA MYANMAR မှ ယနေ့(ဇူလိုင်လ ၁၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေပြီး အကန့်အသတ်များကြောင့် ကျယ်ပြန့်စွာ အကူအညီပေးနိုင်ရန် အဟန့်အတားများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်နှင့်တိုင်းအချို့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း UNOCHA မှ ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ (၁ ဒသမ ၉)သန်းနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက်မှ လူဦးရေ (၁ ဒသမ ၆)သန်းနီးပါးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ပုံမှန်စီမံကိန်းများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ဆိုင်ကလုန်း ကယ်ဆယ် ရေးလုပ်ငန်းလုပ်ဆောင်ခွင့်များကို မုန်တိုင်းတိုက်ခတ်ပြီး (၂)လအကြာမှ လက်ရှိအချိန်ထိ ဆိုင်းငံ့ထားကြောင်း သိရသည်။
ထို့ပြင် မုန်တိုင်ဒဏ်သင့်ဒေသခံများအား တိုးချဲ့ကူညီနိုင်ရေးအတွက် တိုက်တွန်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး ယခင်ခွင့်ပြုထားသည့် ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေခွင့်နှင့် သယ်ယူပို့ဆောင်ရေးအစီအစဥ်ကို ပြန်လည်အတည်ပြုနိုင်ရေးအတွက် နစကထံ ပြန်လည်တင်ထားကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို ရန်ကုန်မြို့၌ကျင်းပခဲ့ပြီး လုံခြုံရေးတင်းကြပ်မှုများရှိခဲ့
RELATED POSTS
19 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း