Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခရိုင်မီးယားတံတားတွင် ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် သီးနှံသဘောတူညီချက်ကို မော်စကို ရပ်ဆိုင်း


Htay Oung (NSS) - ဇူလိုင် ၁၈ 

ရုရှားကမ်းရိုးတန်းနဲ့ ခရိုင်မီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားတဲ့တံတားမှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။ နာရီ အနည်းငယ်အကြာမှာ ယခင် ကုလသမဂ္ဂက ကြား၀င်စေ့စပ်ပေးထားတဲ့ပင်လယ်နက်ကို ဖြတ်သန်းပြီး ယူကရိန်း နိုင်ငံရဲ့ သီးနှံတင်ပို့ခွင့် တစ်နှစ်တမ်းရှိ သဘောတူညီချက်မှာ ပါဝင်မှုကို ရုရှားက ရပ်ဆိုင်းလိုက်ကြောင်း သိရှိ ရပါတယ်။ တံတားကို ယူကရိန်းတို့က ပင်လယ်ပြင်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မော်စကိုက ပြောဆိုကြောင်း Reuters က ဇူလိုင်လ ၁၈ ရက်က ရေးသားခဲ့ပါတယ်။

ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေအတွက် အဓိက အသက်သွေးကြောဖြစ်တဲ့ စင်္ကြန်တံတားကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သားမိဘဖြစ်သူ နှစ်ဦးသေဆုံးပြီး သူတို့ရဲ့သမီးငယ်လေး ဒဏ်ရာရရှိခဲ့ တယ်လို့ မော်စကိုက ပြောပါတယ်။


တံတားတိုက်ခိုက်မှုနဲ့ သီးနှံသဘောတူညီချက်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ချက်အကြား ဆက်စပ်မှုမရှိဘူးလို့ ကရင်မလင် က ပြောပါတယ်။ မိမိတို့စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာတင်ပို့မှုအတွက် ပြိုင်တူအသီးသီး ဖြေလျှော့ပေးတဲ့ သဘော တူညီချက်စည်းမျဉ်းများကိုအကောင်အထည်ဖော်ပေးဖို့ မော်စကိုရဲ့တောင်းဆိုချက်များကို ဖြည့်ဆည်းမပေးတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

သီးနှံသဘောတူညီချက်ကို အထောက်အပံ့ပေးသူ တူရကီသမ္မတ တေယစ်အာဒိုဂန်တော့ ပူတင်အနေနဲ့ ဆက်လက် ဆောင်ရွက်ဖို့ ဆန္ဒရှိနေတယ်လို့ ယုံကြည်ဆဲဖြစ်ကြောင်း၊ တနင်္လာနေ့နှောင်းပိုင်းမှာ ရုရှားနဲ့ တူရကီ နိုင်ငံ ခြားရေးဝန်ကြီးများတွေ့ဆုံပြီး ဆွေးနွေးကြလိမ့်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

မော်စကိုရဲ့တောင်းဆိုမှုများအပေါ် ခိုင်မာတဲ့ရလဒ်များကို မြင်တွေ့ရရင် သီးနှံသဘောတူညီချက်မှာ ပြန်လည် ပူးပေါင်းဖို့ စဉ်းစားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ယူကရိန်းသမ္မတဗိုလိုဒီမြာ_ဇီလင်စကီး ကတော့ သဘောတူညီချက်မှာ ရုရှား မပါဝင်ရင်လည်း သီးနှံတင်ပို့နိုင်မယ့် အလားအလာတွေကို တွက်ပြပါတယ်။ ယမန်နှစ် ဖြစ်ခဲ့ဖူးတဲ့ ရုရှားတားဆီးပိတ်ဆို့မှုလို့ အများသိထားကြတာမျိုးတွေကို ထိထိရောက်ရောက် ဆန့်ကျင်ဖို့ တူရကီရဲ့ ပံ့ပိုးကူညီမှုကို ရယူသွားနိုင်တဲ့သဘောမျိုးကို အရိပ်အမြွက်ဖော်ပြပါတယ်။ ယူကရိန်းက တင်ပို့ပြီး တူရကီက ဖြတ်သန်းခွင့်ပေးရင် ပင်လယ်နက် စင်္ကြန်မှတစ်ဆင့် တင်ပို့လို့ရနိုင်တယ်လို့ ဇီလင်စကီးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ခရိုင်မီးယားကျွန်းဆွယ်နဲ့ ဆက်သွယ်ရာ ယာဉ်သွားတံတားပေါ်မှာ ပေါက်ကွဲမှုကြောင့် မော်စကိုအနေနဲ့ ယူကရိန်း တောင်ပိုင်းရောက် ရုရှားတပ်များကို ထောက်ပံ့ပေးနိုင်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနိုင်ပါတယ်။ ဖောက်ခွဲ ရေးပစ္စည်းများသယ်ဆောင်ထားတဲ့ပင်လယ်ရေကြောင်းသုံးဒရုန်းများလို သေးငယ်ပြီး လျင်မြန်တဲ့ အဝေးထိန်းရေယာဉ်ငယ်များဟာ ရုရှားရဲ့ပင်လယ်နက်ဆိုင်ရာ အခြေခံအဆောက်အအုံများရဲ့ အားနည်းချက်ဖြစ် ကြောင်း ပေါ်လွင်နေပါတယ်။

အပြိုင်တည်ဆောက်ထားတဲ့ မီးရထားတံတားက လည်ပတ်ဆဲဖြစ်ပေမယ့် တံတားချဉ်းကပ်လမ်းနှစ်ဖက်စလုံးရဲ့ အဆင်းဘက်မှာ ယာဉ်သွားလာမှုရပ်တန့်သွားကြောင်း ဓာတ်ပုံများကို တွေ့မြင်နေရပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့အမိန့်အရ ၂ဝ၁၄ ခုနှစ် ယူကရိန်းပိုင် ကျွန်းဆွယ်ကို သိမ်းပိုက်ပေါင်းစည်းပြီးနောက် တည်ဆောက်ခဲ့တဲ့ ၁၂ မိုင်ရှည် တံတားဟာ အရုဏ်မတက်မီ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

တံတားပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဇီလင်စကီးအစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ကိယက်ဗ်ထောက်လှမ်းရေးတို့ ရှိနေကြောင်း အမည်မဖော်လိုသူအရာရှိများကို ကိုးကားပြီး ယူကရိန်းမီဒီယာများက ရေးသားကြပါတယ်။ တံတားကို တရားမဝင် တည်ဆောက်ခဲ့တယ်လို့ ယူကရိန်းက အစဉ်တစ်စိုက် ပြောဆိုနေခဲ့ပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးအတွက် ရုရှားက အသုံးပြုခြင်းက တရားဝင် ပစ်မှတ် ဖြစ်လာစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းက ခရိုင်မီးယားတံတားမှာ ပေါက်ကွဲမီးလောင်မှုအကြီး အကျယ်ဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံဖြစ်ပွားကြောင်း တွေ့ရှိရပါတယ်။

ပင်လယ်နက် သီးနှံသဘောတူညီချက်ကို ရုရှားဖက်က ဆိုင်းငံ့လိုက်ခြင်းကြောင့် ပို့ကုန်စီးဆင်းမှု ပြတ်တောက်ပါက အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံများနဲ့ ကမ္ဘာတစ်ဝန်း စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ ကမ္ဘာပေါ်မှာ ဆန်စပါးနဲ့ အခြားစားသောက်ကုန်များကို အများဆုံးတင်ပို့နေတဲ့ တိုင်းပြည်များ ဖြစ်ကြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအရေးပေါ်အခြေအနေကို တားဆီးဖို့ ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ပေးမှုနဲ့ သီးနှံ သဘောတူညီချက်အရ ရုရှားပိတ်ဆို့မှုလို့ အများသိရှိထားကြတဲ့ ယူကရိန်းဆိပ်ကမ်းများအပေါ် ဟန့်တားထားခြင်း ကို လွန်ခဲ့တဲ့နှစ်မှာ မော်စကိုက ရပ်ဆိုင်းပေးခဲ့ပါတယ်။ 

တိုးမြှင့်ကန့်သတ်ထားပေမယ့် တနင်္လာနေ့ ကမ္ဘာ့စားသောက်ကုန်စည်ဈေးနှုန်းများဟာ မြင့်တက်ခဲ့ပြီး အသည်း အသန်ဖြစ်လာတဲ့ ရောင်းလိုအား အကျပ်အတည်းကို မျှော်မှန်းမရနိုင်ကြောင်း အရိပ်အယောင်တွေ့မြင်လာရပါ တယ်။ မော်စကိုရဲ့တောင်းဆိုချက်များအတိုင်း ပြည့်မီခြင်းမရှိခဲ့လျှင် သီးနှံသဘောတူညီချက်မှ နှုတ်ထွက်မှာဖြစ် ကြောင်း၊ ယခင် (ရုရှားပိတ်ဆို့မှု) အခြေအနေမျိုး ချက်ချက်ပြန်လာနိုင်တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။

ရုရှားအနေနဲ့ သူ့အပေါ်ပိတ်ဆို့အရေးယူမှုများကို အားနည်းသွားစေဖို့ ရည်ရွယ်ပြီး လယ်ယာထွက်ကုန်တင်ပို့ မှုနဲ့ သက်ဆိုင်ခြင်းမရှိ ဘဏ္ဍာရေးကိစ္စသက်သက်သာဖြစ်တဲ့ သီးနှံသဘောတူညီချက်အပေါ် သြဇာအာဏာကို အသုံးပြု ဖို့ ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံများက ပြောကြပါတယ်။ ရုရှားရဲ့သဘောတူညီချက်ကို ဆိုင်းငံ့ခြင်းဟာ ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်ပြီး ဆင်းရဲနိုင်ငံများ စားနပ်ရိက္ခာဖူလုံရေးအတွက် အီးယူအနေနဲ့ဆက်လက် ကြိုးစားသွား မယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က မှတ်ချက်ပေးလိုက်ပါတယ်။

နှုတ်ထွက်မယ်လို့ အကြိမ်ကြိမ်ခြိမ်းခြောက်ပေမယ့် ပင်လယ်နက်သဘောတူညီချက်ကို သက်တမ်းတိုးရန် ရုရှား အနေနဲ့ လွန်ခဲ့တဲ့နှစ်အတွင်း သုံးကြိမ်တိုင်တိုင် သဘောတူညီခဲ့ပါတယ်။ အောက်တိုဘာလ သူ့ရဲ့ရေတပ်သင်္ဘော များကို ယူကရိန်းက ဒရုန်းရေယာဉ်များနဲ့တိုက်ခိုက်မှုအပြီး သီးနှံသဘောတူညီချက်မှာပါဝင်မှုကို ရုရှားက ရက်အနည်းငယ် ဆိုင်းငံ့ခဲ့ဖူးပါတယ်။ အဲဒီအချိန် မော်စကို မပါဘဲ ယူကရိန်း-တူရကီနဲ့ ကုလသမဂ္ဂတို့က ပို့ကုန် ကိစ္စများကို ဆက်လက်လုပ်ကိုင်ဖို့ ဖြစ်ခဲ့ရဖူးပါတယ်။

ယူကရိန်းစိုက်ပျိုးရေးကောင်စီကတော့ သီးနှံသဘောတူညီချက်မှာ ရုရှားမပါလည်း ထပ်မံဆောင်ရွက်လို့ ရကြောင်း ယုံကြည်ပါတယ်။ ယူကရိန်းရဲ့လုပ်ဖော်ကိုင်ဖက်များထံမှ ဘေးကင်းရှင်းရေးအာမခံချက် ရရှိမည်ဆိုလျှင် ရုရှား မပါဝင်တဲ့ သီးနှံပဏာမခြေလှမ်းကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ရုရှားရဲ့အားပေးထောက်ခံမှု မပါဝင်ဘဲ အခုလိုပြန်လည်စတင်ခြင်းဟာ အာမခံသူများအပေါ်မှာ တည်နေပါလိမ့်မယ်။ စက်မှုသတင်းရင်းမြစ်များကတော့ သူတို့ရဲ့လွှမ်းခြုံလုပ်ဆောင်မှုကို ရပ်တန့်ဖို့ လေ့လာနေတယ်လို့ သိရှိရပါတယ်။

စစ်ပွဲရဲ့စောစောပိုင်းလ ပင်လယ်နက်မှာ ရုရှားက ပိတ်ဆို့ဟန့်တားမှုများ လုပ်ဆောင်လာပြီးနောက် ရကြောင်း စိုးမိုးမှု ချိန်ခွင်လျှာဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ရုရှားရဲ့အထင်ကရ ရေတပ်သင်္ဘောကို သူတို့နဲ့နှိုင်းယှဉ်လောက် အောင် စစ်သင်္ဘောမရှိတဲ့ ယူကရိန်းတို့က နစ်မြုပ်နိုင်ခဲ့ပါတယ်။ ရေလမ်းကြောင်းများကို အပေါ်စီးမှ မြင်နိုင်တဲ့ မြွေကျွန်းကို ပြန်လည်သိမ်းပိုက်နိုင်ပြီး ရုရှားရဲ့ ဆိပ်ကမ်းရှိ ပင်လယ်နက်ရေယာဉ်အုပ်စုကို ဒရုန်းများနဲ့ ပစ်မှတ် ထားနိုင်ခဲ့ပါတယ်။

ယခုနောက်ဆုံး ရုရှားရဲ့ ခရိုင်းမီးယားတံတားပေါက်ကွဲမှုဟာ မော်စကိုတပ်များကို ပိုင်နက်အတွင်းမှ မောင်းထုတ်ရန် ကိယက်ဗ်က တန်ပြန်ထိုးစစ်ဆင်နေခိုက် မော်စကိုထောက်ပံ့ရေးလိုင်းများကို ယူကရိန်းက တိုက်ခိုက်မှုများအပြီး လအနည်းငယ်အကြာမှာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် တံတားအပေါ်လမ်းပိုင်းတစ်ပိုင်း ပြတ်ထွက်သွားပြီး ဘေးဖက်သတ္တုအတားအဆီးများမှာ တွန့်လိမ်သွားကြောင်း တွေ့ရှိရပါတယ်။ 

ရုရှား Su-25 တိုက်လေယာဉ်တစ်စင်းဟာ အဇော့ပင်လယ်အတွင်း တနင်္လာနေ့မှာ ပျက်ကျခဲ့ကြောင်း မော်စကို အရာရှိများက ပြောပါတယ်။ လေယာဉ်မှူးဟာ ဘေးကင်းစွာ ခုန်ထွက်သွားခဲ့ပြီး တိုက်ခိုက်ရကြောင်း အရိပ်အမြွက် ဖော်ပြခြင်း မရှိပါဘူး။ ခရိုင်းမီးယားတံတားဟာ အဲဒီပင်လယ်ရဲ့အဝင်အဝကို ဖြတ်သန်းထားခြင်းဖြစ်ပါတယ်။

#ရုရှားခရိုင်မီးယားတံတား #သီးနှံတင်ပို့ခွင့်သဘောတူညီချက် #ရုရှား #တူရကီ #ယူကရိန်းထောက်လှမ်းရေး

(Reuters., 17 July 2023,” Moscow halts grain deal after bridge to Crimea struck” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြေထောက်ပဲဈေးတစ်အိတ်လျှင် ငွေကျပ် သုံးသိန်းကျော်အထိ ရောက်ရှိလာ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved