Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျာမန် ကျောက်မီးသွေး တူးဖော်မှု တိုးချဲ့မည်ဖြစ်ပြီး သတ္တုတွင်းရှိရာရွာတွင် နေသူများကို ရဲအင်အားသုံး ဆွဲထုတ်၍ အဆောက်အအုံများကို ဖြိုဖျက်

Htay Oung (NP News) - ဇန်နဝါရီ ၁၅

ကျောက်မီးသွေး တူးဖော်မှု တိုးချဲ့ရေး လမ်းတည်ဆောက်မှုအတွက် “လစ်အာဇရတ်“ သတ္တုတွင်းမြို့မှ နှင်ထုတ်ခြင်းခံရသူတွေဟာ မြို့တည်ရှိမှု ရွှေ့ပြောင်းလိမ့်မယ်လို့ စွပ်စွဲပြီး တားဆီးရန် ကြိုးစားနေတဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး တက်ကြွလှုပ်ရှားသူများသာဖြစ်ကြောင်း ဂျာမန်ဝန်ကြီးချုပ် အော့လ်ဖ်ရှု့လ်ဇ်က ရှုတ်ချပြောဆိုလိုက်တယ်လို့ Europa Press သတင်းအေဂျင်စီက ဇန်နဝါရီလ ၁၃ ရက်ကရေးသားပါတယ်။

"အရင်တုန်းကလည်း ဆန္ဒပြခဲ့တာတွေ အတော်များများရှိခဲ့တာပဲ၊ ဒါပေမဲ့ ဆန္ဒပြတယ်ဆိုပြီး အကြမ်းဖက်မှု အသွင် ပြောင်းလဲသွားတဲ့အခါ ကိုင်တွယ်ဖို့ ဖြတ်ကျော်ရတဲ့ ကန့်သတ်ချက်တစ်ခုတော့ ရှိပါတယ်" လို့ အဓိပတိ ရှု့လ်ဇ်က တက်ကြွလှုပ်ရှားသူများနဲ့ ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို ရည်ညွှန်းပြီ။ 'TAZ' နေ့စဉ်သတင်းစာကို မှတ်ချက်ပေးပါတယ်။

လစ်အာဇရတ်မြို့မှာ လစ်ဂနိုက် ခေါ် ကျောက်မီးသွေးညို မိုင်းတွင်း တည်ဆောက်ခြင်းဟာ ဂျာမနီနိုင်ငံက ကတိပြုထားတဲ့ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးဆိုင်ရာ ရည်မှန်းချက်တွေအပေါ် မထီမဲ့မြင်ပြုရာ ရောက်လိမ့်မယ် ဆိုတာကိုတော့ ရှု့လ်ဇ်က ငြင်းဆိုပါတယ်။ "အဲ့ဒီ စွပ်စွဲချက်က မမှန်ပါဘူး။ ဒါဟာ ပြောင်းပြန်တွေ ပြောနေကြတာပါ၊ ကျွန်တော်တို့ရဲ့ ရာသီဥတုဆိုင်ရာ ပစ်မှတ်တွေကို အောင်မြင်အောင် လုပ်ဆောင်နေပါတယ်" လို့ ခုခံပြောဆိုပါတယ်။ ဂျာမနီရဲ့ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူတို့ အစိုးရရဲ့ ခြွင်းချက်မရှိ ရည်မှန်းချက်မှာ ၂၀၄၅- ခုနှစ်အရောက် သတ်မှတ်ချက်များနဲ့ အညီ တည်ရှိစေရန် ဖြစ်ကြောင်း ဝန်ကြီးချုပ်က အသိအမှတ်ပြုပါ တယ်။

ဂျာမနီနိုင်ငံ အနောက်ပိုင်း လစ်အာဇရတ်မြို့ကို သိမ်းပိုက်ထားတဲ့ တက်ကြွလှုပ်ရှားသူ အများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ဂျာမနီရဲတပ်ဖွဲ့က ကြာသပတေးနေ့ ညနေပိုင်းမှာ အတည်ပြုပါတယ်။ အဲ့ဒီလူတွေဟာ ကျောက်မီးသွေးထုတ်လုပ်ဖို့အတွက် နယ်မြေအသုံးပြုမှာကို ဆန့်ကျင်ပြီး မြို့အောက်မှာ ဖြတ်သန်းဖောက်လုပ်ထားတဲ့ မြေအောက်ရထားလမ်းများကိုပင် သိမ်းပိုက်ထားတဲ့အတွက်ကြောင့် ဖြစ်ကြောင်း ရှင်းပြပါတယ်။ အညိုရောင် ကျောက်မီးသွေးလို့ လူသိများတဲ့ လစ်ဂနိုက်ဟာ ကမ္ဘာမြေကြီးရဲ့ ဖိနှိပ်မှုကြောင့် သစ်ဆွေးမြေမှ ဖြစ်ပေါ်လာပြီး လောင်ကျွမ်းနိုင်တဲ့ သဘာဝကျောက်တစ်မျိုး ဖြစ်ပါတယ်။ ပျော့ပြောင်းပြီး အစိုဓါတ် မြင့်မားပါတယ်။

ကာဗွန်ပါဝင်မှု ၂၅- ၃၀ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် အဆင့်အနိမ့်ဆုံး ကျောက်မီးသွေးအဖြစ် သတ်မှတ်ကြပါတယ်။ လစ်ဂနိုက်ကို ကမ္ဘာတစ်ဝှမ်းလုံးမှာ တူးဖော်ရရှိနိုင်ပြီး ရေနွေးငွေ့ဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာမှာ လောင်စာအနေနဲ့ အထူးတလည် အသုံးပြုကြပါတယ်။ ဂျာမန်စွမ်းအင်ကုမ္ပဏီ RWE “ အာရ်ဒဗလျူအီး“ ဟာ လစ်ဂနိုက် ကျောက်မီးသွေးမိုင်းများကို တိုးချဲ့ထုတ်လုပ်ရန် စီစဉ်နေတဲ့အတွက် လစ်အာဇရတ်မြိုဟာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုရဲ့ သင်္ကေတ တစ်ခု ဖြစ်လာခဲ့ပါတယ်။ စနေနေ့မှာ ကျင်းပမယ့် ကန့်ကွက်ဆန္ဒပြပွဲကို သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတက်ကြွလှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် အမျိုးသမီးငယ် ဂရီတာသွန်းဘတ်ကိုယ်တိုင်တောင်တက်ရောက်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ လုံခြုံရေး ပတ်ဝန်းကျင်ကို တည်ဆောက်တဲ့အနေနဲ့ RWE ရဲ့ နှစ်မီတာအမြင့်ရှိ ခြံစည်းရိုး ကာရံမှုဟာ ကြာသပတေးနေ့မှာ ပြီးစီးလုနီးပါးဖြစ်ခဲ့ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။ ဒါ့အပြင် ရွာတွင်းရှိ အဆောက်အအုံများကို ဘူဒိုဇာအသုံးပြု ဖြိုဖျက်ခြင်းနဲ့ သစ်ပင်ခုတ်လှဲခြင်း လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

(EUROPA PRESS., 13 January 2023, “Scholz defends eviction of mining village for coal excavation construction.” ကို ဆီလျော်အောင်ကောက်နှုတ် ဘာသာ ပြန်ဆိုသည်။)


zawgyi version

ဂ်ာမန္ ေက်ာက္မီးေသြး တူးေဖာ္မႈ တိုးခ်ဲ႕မည္ျဖစ္ၿပီး သတၱဳတြင္းရွိရာ႐ြာတြင္ ေနသူမ်ားကို ရဲအင္အားသုံး ဆြဲထုတ္၍ အေဆာက္အအုံမ်ားကို ၿဖိဳဖ်က္

Htay Oung (NP News) - ဇန္နဝါရီ ၁၅

ေက်ာက္မီးေသြး တူးေဖာ္မႈ တိုးခ်ဲ႕ေရး လမ္းတည္ေဆာက္မႈအတြက္ “လစ္အာဇရတ္“ သတၱဳတြင္းၿမိဳ႕မွ ႏွင္ထုတ္ျခင္းခံရသူေတြဟာ ၿမိဳ႕တည္ရွိမႈ ေ႐ႊ႕ေျပာင္းလိမ့္မယ္လို႔ စြပ္စြဲၿပီး တားဆီးရန္ ႀကိဳးစားေနတဲ့ သဘာဝပတ္ဝန္းက်င္ကာကြယ္ေရး တက္ႂကြလႈပ္ရွားသူမ်ားသာျဖစ္ေၾကာင္း ဂ်ာမန္ဝန္ႀကီးခ်ဳပ္ ေအာ့လ္ဖ္ရႈ႕လ္ဇ္က ရႈတ္ခ်ေျပာဆိုလိုက္တယ္လို႔ Europa Press သတင္းေအဂ်င္စီက ဇန္နဝါရီလ ၁၃ ရက္ကေရးသားပါတယ္။

"အရင္တုန္းကလည္း ဆႏၵျပခဲ့တာေတြ အေတာ္မ်ားမ်ားရွိခဲ့တာပဲ၊ ဒါေပမဲ့ ဆႏၵျပတယ္ဆိုၿပီး အၾကမ္းဖက္မႈ အသြင္ ေျပာင္းလဲသြားတဲ့အခါ ကိုင္တြယ္ဖို႔ ျဖတ္ေက်ာ္ရတဲ့ ကန႔္သတ္ခ်က္တစ္ခုေတာ့ ရွိပါတယ္" လို႔ အဓိပတိ ရႈ႕လ္ဇ္က တက္ႂကြလႈပ္ရွားသူမ်ားနဲ႔ ရဲတပ္ဖြဲ႕၀င္မ်ားအၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္မႈမ်ားကို ရည္ၫႊန္းၿပီ။ 'TAZ' ေန႔စဥ္သတင္းစာကို မွတ္ခ်က္ေပးပါတယ္။ လစ္အာဇရတ္ၿမိဳ႕မွာ လစ္ဂႏိုက္ ေခၚ ေက်ာက္မီးေသြးညိဳ မိုင္းတြင္း တည္ေဆာက္ျခင္းဟာ ဂ်ာမနီႏိုင္ငံက ကတ္ိျပဳထားတဲ့ ရာသီဥတုေျပာင္းလဲမႈ ကာကြယ္ေရးဆိုင္ရာ ရည္မွန္းခ်က္ေတြအေပၚ မထီမဲ့ျမင္ျပဳရာ ေရာက္လိမ့္မယ္ ဆိုတာကိုေတာ့ ရႈ႕လ္ဇ္က ျငင္းဆိုပါတယ္။

"အဲ့ဒီ စြပ္စြဲခ်က္က မမွန္ပါဘူး။ ဒါဟာ ေျပာင္းျပန္ေတြ ေျပာေနၾကတာပါ၊ ကြၽန္ေတာ္တို႔ရဲ႕ ရာသီဥတုဆိုင္ရာ ပစ္မွတ္ေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ေနပါတယ္" လို႔ ခုခံေျပာဆိုပါတယ္။ ဂ်ာမနီရဲ႕ ရာသီဥတုေျပာင္းလဲမႈ ကာကြယ္ေရးနဲ႔ ပတ္သက္လို႔ သူတို႔ အစိုးရရဲ႕ ႁခြင္းခ်က္မရွိ ရည္မွန္းခ်က္မွာ ၂၀၄၅- ခုႏွစ္အေရာက္ သတ္မွတ္ခ်က္မ်ားနဲ႔ အညီ တည္ရွိေစရန္ ျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္က အသိအမွတ္ျပဳပါ တယ္။ ဂ်ာမနီႏိုင္ငံ အေနာက္ပိုင္း လစ္အာဇရတ္ၿမိဳ႕ကို သိမ္းပိုက္ထားတဲ့ တက္ႂကြလႈပ္ရွားသူ အမ်ားအျပားကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးထားေၾကာင္း ဂ်ာမနီရဲတပ္ဖြဲ႕က ၾကာသပေတးေန႔ ညေနပိုင္းမွာ အတည္ျပဳပါတယ္။ အဲ့ဒီလူေတြဟာ ေက်ာက္မီးေသြးထုတ္လုပ္ဖို႔အတြက္ နယ္ေျမအသုံးျပဳမွာကို ဆန႔္က်င္ၿပီး ၿမိဳ႕ေအာက္မွာ ျဖတ္သန္းေဖာက္လုပ္ထားတဲ့ ေျမေအာက္ရထားလမ္းမ်ားကိုပင္ သိမ္းပိုက္ထားတဲ့အတြက္ေၾကာင့္ ျဖစ္ေၾကာင္း ရွင္းျပပါတယ္။ အညိဳေရာင္ ေက်ာက္မီးေသြးလို႔ လူသိမ်ားတဲ့ လစ္ဂႏိုက္ဟာ ကမာၻေျမႀကီးရဲ႕ ဖိႏွိပ္မႈေၾကာင့္ သစ္ေဆြးေျမမွ ျဖစ္ေပၚလာၿပီး ေလာင္ကြၽမ္းႏိုင္တဲ့ သဘာဝေက်ာက္တစ္မ်ိဳး ျဖစ္ပါတယ္။ ေပ်ာ့ေျပာင္းၿပီး အစိုဓါတ္ ျမင့္မားပါတယ္။ ကာဗြန္ပါ၀င္မႈ ၂၅- ၃၀ ရာခိုင္ႏႈန္းသာ ရွိတဲ့အတြက္ အဆင့္အနိမ့္ဆုံး ေက်ာက္မီးေသြးအျဖစ္ သတ္မွတ္ၾကပါတယ္။ လစ္ဂႏိုက္ကို ကမာၻတစ္ဝွမ္းလုံးမွာ တူးေဖာ္ရရွိႏိုင္ၿပီး ေရေႏြးေငြ႕ျဖင့္ လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္ရာမွာ ေလာင္စာအေနနဲ႔ အထူးတလည္ အသုံးျပဳၾကပါတယ္။ ဂ်ာမန္စြမ္းအင္ကုမၸဏီ RWE “ အာရ္ဒဗလ်ဴအီး“ ဟာ လစ္ဂႏိုက္ ေက်ာက္မီးေသြးမိုင္းမ်ားကို တိုးခ်ဲ႕ထုတ္လုပ္ရန္ စီစဥ္ေနတဲ့အတြက္ လစ္အာဇရတ္ၿမိဳဟာ ႐ုပ္ႂကြင္းေလာင္စာ အသုံးျပဳမႈကို ဆန႔္က်င္တဲ့လႈပ္ရွားမႈရဲ႕ သေကၤတ တစ္ခု ျဖစ္လာခဲ့ပါတယ္။

စေနေန႔မွာ က်င္းပမယ့္ ကန္႔ကြက္ဆႏၵျပပြဲကို သဘာ၀ပတ္၀န္းက်င္ ကာကြယ္ေရးတက္ႂကြလႈပ္ရွားသူ ဆြီဒင္ဆယ္ေက်ာ္သက္ အမ်ိဳးသမီးငယ္ ဂရီတာသြန္းဘတ္ကိုယ္တိုင္ေတာင္တက္ေရာက္ဖို႔ စီစဥ္ထားၿပီး ျဖစ္ပါတယ္။ လုံၿခဳံေရး ပတ္၀န္းက်င္ကို တည္ေဆာက္တဲ့အေနနဲ႔ RWE ရဲ႕ ႏွစ္မီတာအျမင့္ရွိ ၿခံစည္း႐ိုး ကာရံမႈဟာ ၾကာသပေတးေန႔မွာ ၿပီးစီးလုနီးပါးျဖစ္ခဲ့ေၾကာင္း ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက မွတ္ခ်က္ေပးပါတယ္။ ဒါ့အျပင္ ႐ြာတြင္းရွိ အေဆာက္အအုံမ်ားကို ဘူဒိုဇာအသုံးျပဳ ၿဖိဳဖ်က္ျခင္းနဲ႔ သစ္ပင္ခုတ္လွဲျခင္း လုပ္ငန္းမ်ားကိုလည္း စတင္ေဆာင္႐ြက္ေနၿပီလို႔ ဆိုပါတယ္။

(EUROPA PRESS., 13 January 2023, “Scholz defends eviction of mining village for coal excavation construction.” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ ဘာသာ ျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးအစိုးရရဲ့လုပ်ဆောင်ချက်များကိုနှစ်သက်မှုမရှိတဲ့အတွက် ဝန်ကြီးချုပ် နေတန်ရာဟုကို ပြည်သူ (၈)သောင်းကျော် ဆန္ဒပြ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved