Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံအပြင် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေး ရရှိရန်လိုအပ်ကြောင်း အောင်လအန်ဆန် ထုတ်ဖော်ပြောဆို

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံအပြင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း ONE Championship ချန်ပီယံဟောင်းဖြစ်သူ အောင်လအန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အသက် (၃၇)နှစ်အရွယ်ရှိ မြန်မာစပါးအုံးမြွေအဖြစ် တင်စားခံရသော အောင်လအန်ဆန်သည် ဇန်နဝါရီလ ၁၄ ရက်က ထိုင်းနိုင်ငံတွင်းကျင်းပသော ONE Fight Night 6 ပွဲစဉ် ဘရာဇီးတိုက်ခိုက်ရေးသမား ဂီဘတ်တို ဂါဗယ်အိုကို ပွဲစတင်ပြီး တစ်မိနစ်ကျော်အတွင်း အလဲထိုးအနိုင်ယူခဲ့ပြီးနောက် မကြာမီ ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူ အောင်လအန်ဆန်က"ကျွန်တော်တို့နိုင်ငံဟာ လက်ရှိအချိန်မှာခက်ခဲနေပါတယ်။ မြန်မာနိုင်ငံသားများ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပေးပါတယ်။ကျွန်တော်တို့ နိုင်ငံသာမက တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးရရှိဖို့လိုအပ်တယ်" ဟုဆိုသည်။

အောင်လအန်ဆန်သည် ၎င်းအပေါ်အားပေးနေသည့် မြန်မာပရိသတ်များကို အထူးကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ အောင်လအန်ဆန်သည် အဆိုပါပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားကို တစ်မိနစ်ကျော်အတွင်း အလဲထိုးအနိုင်ယူနိုင်ခြင်းကြောင့် ဆုကြေးငွေအမေရိကန်ဒေါ်လာ ၅ဝဝဝဝ ရရှိခဲ့ကြောင်းသိရသည်။

အောင်လအန်ဆန်က "ထိုင်းနိုင်ငံမှာကျင်းပတဲ့ ONE Fight Night 6 ပွဲစဉ်မှာ မြန်မာ နိုင်ငံသားအများကြီးရဲ့အားပေးသံကို ကြားနေရတယ်။ အားပေးဖို့အတွက်မြန်မာပရိသတ်တွေအများကြီးလာရောက်ခဲ့တယ်ဆိုတာသိရပါတယ်။မြန်မာနိုင်ငံက ပရိသတ်တွေ လာရောက်အားပေးနေတာကို သူတို့အားပေးတဲ့အသံတွေကို နား ထောင်ပြီး သိပါတယ်။ ဝင်ပေါက်နားမှာ မြန်မာနိုင်ငံသားတွေ သီချင်းဆိုသံကိုကြားသိရပြီးနောက် မြန်မာပရိသတ်အများကြီးလာရောက်အားပေးခဲ့တယ်ဆိုတာကိုသိပါတယ်"ဟုဆိုသည်။

အောင်လအန်ဆန်သည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ONE Championship ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲအနိုင်ရထားပြီး ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန်အလားအ လာကောင်းနေသည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။ အောင်လအန်ဆန် သည် လာမည့်မတ်လ နှင့် မေလအတွင်းကျင်းပမည့်ပွဲစဉ်များတွင် ထပ်မံယှဉ်ပြိုင်တိုက်ခိုက်လိုကြောင်း၊ ထိပ်ဆုံးကိုပြန်လည်တက်ရောက်ရန်ကြိုးပမ်းမည်ဖြစ်သလို စွန့်လွှတ်လိုက်ရသော ချန်ပီယံခါးပတ်ပြန်လည်ရယူနိုင်အောင် ကြိုးပမ်းမည်ဟု ကတိပေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။


zawgyi version








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရန်ရှေ့နေချုပ်ကို ပိတ်ဆို့မှုချမှတ်ခဲ့သလို အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကို တိုင်ပင်ဆွေးနွေးဖို့ ဗြိတိန်အစိုးရ ပြန်ခေါ်ယူ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved