Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လူဦးရေစာရင်း ကွင်းဆင်းကောက်ယူစဉ် Sniper ဖြင့် ပစ်ခတ်ခံရကာ ရဲဒုတပ်ကြပ် သေဆုံးမှုနှင့် မီးရှို့ဖျက်ဆီးခံရမှု (၇) ကြိမ်အထိရှိလာ

NP News - ဇန်နဝါရီ ၁၅

လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူစဉ် Sniper ဖြင့် ပစ်ခတ်ခံရကာ ရဲဒုတပ်ကြပ်တစ်ဦး သေဆုံးမှုနှင့် မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ် (၇)ကြိမ်အထိရှိလာကြောင်း သတင်းရရှိသည်။

လက်ရှိတွင် နစကအနေဖြင့် လူဦးရေစာရင်းများမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး၌ ဇန်နဝါရီလ ၉ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူစဉ်အချိန် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်၌ ဇန်နဝါရီလ ၁၃ ရက်၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် Sniper ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။Sniper ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲဒုတိယတပ်ကြပ်ဖြစ်သူ ဇင်မင်းသူ သေဆုံးသွားခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ လူဦးရေစာရင်း ကွင်းဆင်းကောက်ယူသည့် ပထမဆုံးနေ့ (ဇန်နဝါရီလ ၉ ရက်)တွင်လည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၌ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသော မောင်းမကန်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်သိန်းထိုက်သည် အနီးကပ်ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းဖြစ်စဉ်အတွင်း M-22 သေနတ်တစ်လက်၊ ကျည် (၅ဝ)၊ ကျည်အိမ် (၂)ခု ဆုံးရှုံးခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထား သည်။

အဆိုပါနေ့၌ပင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်လဝကရုံးတစ်ရုံးကိုလည်း အကြမ်းဖက်အဖွဲ့မှ လူဦးရေ(၂ဝ)ခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရုံးမှတ်တမ်း၊ စာရွက်စာတမ်းများမှာ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၁ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မိဂလုံကျေးရွာ၌ လူဦးရေစာရင်းကောက်ယူစဉ်အချိန် KNU/PDF အဖွဲ့များ ရောက်ရှိလာကာ e-ID အိမ်ထောင်စုပုံစံ (၅၂၄)စောင်၊ အိမ်ထောင်စုပုံစံ (၆၀)စောင်နှင့် မသန်စွမ်း ပုံစံ (၅၀)စောင်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူသည့် ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်အတွင်း၌ စာရင်း ကောက်ယူစဉ်အချိန် ပစ်ခတ်ခံရမှု၊ ဗုံးဖောက်ခွဲခံရမှုနှင့် နိုင်ငံတော်ပိုင် လဝကရုံး၊ စာရွက် စာတမ်းများ မီးရှို့ဖျက်ဆီးခံရမှုမှာ (၇)ကြိမ်အထိ ရှိခဲ့ကြောင်း နစကမှ ဆိုသည်။


zawgyi version


NP News - ဇန်နဝါရီ ၁၅






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းစစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများကို လစဉ်ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်ကို အစ္စရေးအစိုးရ ရပ်တန့်မယ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved