Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချစ်စစ်ပွဲမှ တရုတ်ရဲ့ ဒုတိယမြောက် တိုက်ကွက် (ဘာသာပြန်ဆောင်းပါး)

ပရမတ္တ ကိုမောင်ဘ (NSS) - ဇူလိုင် ၁၂

           ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သတ္ထု ဒြပ်ပေါင်းနှစ်မျိုး

 ဂယ်လီယမ်နဲ့ ဂျမေးနီယမ် သတ္ထု ဒြပ်ပေါင်း ၁၄ မျိုးတင်ပို့မှုကို ခွင့်ပြုချက်လိုင်စင် လျှောက်ထားရယူရမယ်လို့  တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ ရက်က ကြေညာလိုက်ပါတယ်။ ဒီရက်ဟာ အမေရိကန် လွတ်လပ်ရေးနှစ်ပတ်လည်နေ့အကြိုရက်ဖြစ်သလို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလင်း တရုတ်ကိုလာဖို့ ပြင်ဆင်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။


ဒီကြေညာချက်ဟာ အမေရိကန်နဲ့ အပေါင်းပါတို့က တရုတ်အပေါ်ဆင်နွှဲနေတဲ့ နည်းပညာအသာစီးရရေး စစ်ပွဲအတွင်း ပိုမိုပြင်းထန်တဲ့ တရုတ်ရဲ့တိုက်ကွက်တွေရှိလာနိုင်ကြောင်း သတိပေးချက်လည်းဖြစ်ပါတယ်။


ဘာဖြစ်လို့လည်းဆိုတော့ ဆီမီးကွန်ဒတ်တာတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဒီသတ္ထုနှစ်မျိုးကို ကမ္ဘာမှာ အများဆုံး တင်ပို့တဲ့နိုင်ငံက တရုတ်ဖြစ်နေလို့ပါ။  ဂယ်လီယမ်နဲ့ ဂျမေးနီယမ်တို့ဟာ အလွန်ရှားပါးတဲ့ သတ္ထုတွေဖြစ်ကြပြီး သူတို့ကို အလူမီနီယမ်နဲ့ ဇင့် (သွပ်)  ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ထဲမှာ ဘေးထွက်ပစ္စည်းအဖြစ်နဲ့ စုဆောင်းရရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး အလူမီနီယမ်နဲ့ ဇင့် (သွပ်) ထုတ်လုပ်သူဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဒီသတ္ထုနှစ်မျိုး တင်ပို့ရောင်းချတဲ့နေရာမှာလည်း ကမ္ဘာ့အများဆုံး ဖြစ်နေတာပါ။ 


ပြီးခဲ့တဲ့နှစ်စာရင်းတွေအရ တစ်ကမ္ဘာလုံးရဲ့ အဆင့်နိမ့် ဂယ်လီယမ် အကြမ်း ထုတ်လုပ်မှု ၉၈ ရာခိုင်နှုန်းဟာ တရုတ်က ဖြစ်ပါတယ်။ နိုင်ငံခြားကိုတင်ပို့တာက မက်ထရစ်တန် ၉၄ တန်ရှိပြီး ဒါဟာ ၂၀၂၁ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းတိုးလာတာ ဖြစ်တယ်လို့ United States Geological Survey (USGS) က ဆိုပါတယ်။ 


ဂျမေးနီးယမ် ထုတ်လုပ်မှုက ဒီထက်နည်းပေမဲ့ ကမ္ဘာ့စျေးကွက်ထဲက ၆၀ ရာခိုင်နှုန်းဟာ တရုတ်ကလာတာပါ။ လွန်ခဲ့တဲ့နှစ်က တရုတ် တင်ပို့တဲ့ ဂျမေးနီးယမ်က ၄၄ မက်ထရစ်တန် ရှိပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေ ဟာ တရုတ်ရဲ့ အဲဒီသတ္ထုနှစ်မျိုးအပေါ်၊ အထူးသဖြင့် ဂယ်လီယမ်အပေါ် မှီခိုအားထားနေရတယ်လို့ ဆိုနိုင်ပါတယ်။


ဂယ်လီယမ်က ပျော့တဲ့ ငွေသတ္တုတမျိုးဖြစ်ပြီး အီလက်ထရောနစ် ဆားကစ်ပြားတွေအတွက် ဆီမီးကွန်ဒတ်တာ ဝေဖာအချပ်ပါးလေးတွေလုပ်ရာမှာ အသုံးပြုပါတယ်။ နောက်ပြီး အလင်းထုတ်လွှတ်တဲ့ ဒိုင်အုတ် တွေပြု လုပ်ရာမှာလည်းသုံးပါတယ်။ ဂျမေးနီယမ်ကတော့ အချက်အလက်တွေကို လွှဲပြောင်းပေးတဲ့ ဖိုင်ဘာ အော့ပ်တစ် တွေထုတ်လုပ်ရာမှာအသုံးပြုပါတယ်။  


 တင်ပို့ခွင့် တင်းကြပ်ခြင်း

       အမျိုးသားလုံခြုံရေးကို အကြောင်းပြထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်အသစ်အရ ဂယ်လီယမ်သတ္ထု ထုတ်ကုန် (၈) မျိုးနဲ့ ဂျမေးနီယမ် သတ္ထုထုတ်ကုန် (၆) မျိုးကိုတင်ပို့မဲ့ကုမ္ပဏီများဟာ သြဂုတ်လ ၁ ရက် နေ့ကစတင်ပြီး ခွင့်ပြုချက်လိုင်စင်ရှိမှ တင်ပို့ခွင့်ရကြတော့မှာပါ။ တင်ပို့သူများဟာ ဝယ်ယူသူများနဲ့ နောက်ဆုံး အသုံးပြုသူတွေကို ဖော်ပြရမယ့်အပြင် ဘယ်လိုအသုံးပြုမှာလည်းဆိုတာကိုပါ ဖော်ပြရမှာဖြစ်ပါတယ်။ 


           ကန့်သတ်ချက်တွေဟာ ဆီမီးကွန်ဒတ်တာထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ ကာကွယ်ရေးစက်မှု လုပ်ငန်းတွေကို ပစ်မှတ်ထားပုံရပြီး အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ချစ်စစ်ပွဲမှာလည်း အပေးအယူလုပ်နိုင်တဲ့ တရုတ်ရဲ့ အားသာချက် (bargaining power) တစ်ခု ဖြစ်လာစေမှာဖြစ်ပါတယ်။ 


            ဆီမီးကွန်ဒတ်တာတွေဟာ အရေးအကြီးဆုံး နည်းပညာပစ္စည်းဖြစ်ပါတယ်။ သူတို့ကို စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ ရေခဲသေတ္တာတွေနဲ့ ကွန်ပျူတာတွေမှာ အသုံးပြုရသလို၊ စစ်လက်နက်ပစ္စည်းတွေနဲ့ အဆင့်မြင့် ညဏ်ရည်တု ပစ္စည်းတွေမှာလည်း အသုံးပြုကြရပါတယ်။


     “ဒီလှုပ်ရှားမှုက ပစ်မှတ်တားဂက်ရှိတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာရောင်းအားအပေါ်မှာ သက်ရောက်မှု ကတော့ အကန့်အသတ်ရှိပါလိမ့်မယ်။” လို့ ယူရေးရှားဂရုရဲ့ သုတေသီများဖြစ်ကြတဲ့ အန်နာအက်ရှ်တွန်၊ ရှောက်မုန့်လုနဲ့ စကော့ ယန်းတို့က ဆိုပါတယ်။ 


တရုတ်ရဲ့ စည်းမျဉ်းအသစ်ထဲမှာ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီ ဒါမှမဟုတ် နောက်ဆုံးအသုံးပြုသူ မည်သူမည်ဝါကို ရောင်းချခွင့်မရှိဆိုတာမျိုး ဖော်ပြမထားတာကို ထောက်ပြပြီး ဒါဟာ အမေရိကန်၊ ဂျပန်နဲ့ နယ်သာလန်တို့လို နိုင်ငံတွေကို တရုတ်က လက်တုန့်ပြန်တိုက်ခိုက်နိုင်တဲ့ အကွက်တွေ ရှိသေးတယ်ဆိုတာ ပြသလိုက်တာဖြစ်ပြီး နောင်ထပ် တရုတ်အပေါ် ကန့်သတ်ပိတ်ဆို့လာနိုင်မှုတွေကို ကြိုတင်ဟန့်တားလိုက်တဲ့သဘောလို့ သူတို့က ယူဆကြပါတယ်။ 


ဒီစည်းမျဉ်းသစ်ထွက်ပေါ်လာပြီးတဲ့နောက် အင်္ဂါနေ့မှာ ဂျမေးနီယမ်ထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ထောင်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဝ နယ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယူနန်ပြည်နယ် လင်ချန်း ရှင်းယွမ် ဂျမေးနီးယမ်းစက်မှုလုပ်ငန်း ကုမ္ပဏီရဲ့ ရှယ်ယာက ၁၀ ရာခိုင်နှုန်း ထိုးတက်ခဲ့ပြီး ရှန်းကျန့် ရှယ်ယာစျေးကွက်မှာ ၁၅ လအတွင်း အမြင့်ဆုံးနဲ့ စျေးပိတ်ခဲ့ပါတယ်။ ယူနန် ချိဟုန် သွပ်နဲ့ ဂျမေးနီယမ် ကုမ္ပဏီရှယ်ယာတွေက ရှန်ဟိုင်း ရှယ်ယာစျေးကွက်မှာ ၆ ဒသမ ၁ ရာခိုင်နှင်း ထိုးတက်ခဲ့ပြီး မေလလယ်ကနေယနေ့အတွင်း အမြင့်ဆုံးစျေးကိုရောက်ခဲ့ပါတယ်။ 


တဖြည်းဖြည်း ကြီးထွားလာတဲ့ ရန်မီး

၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး အမေရိကန်က တရုတ်ကို တင်ပို့တဲ့ အဆင့်မြင့် ချစ်ပြားတွေနဲ့ ဆီမီး ကွန်ဒတ်တာ ပစ္စည်းတွေအပေါ်မှာ ပိတ်ပင်ကန့်သတ်မှုတွေလုပ်ခဲ့ပါတယ်။


အမေရိကန်အစိုးရက သူတို့မြေပေါ်မှာ တရုတ်ကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်တာဟာ  သူတို့နိုင်ငံရဲ့ အခွင့်အရေးလို့လည်းပြောပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ တရုတ် ချစ်ပ်ထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့ဖို့ရည်ရွယ်ပြီး အမေရိကန်က ချစ်ပ်ပြားရောင်းဝယ်မှုတွေမှာ ကန့်သတ်ချက်တွေ တိုးတက် လုပ်ဆောင်လာတာပါ။  အဲဒီလို တားမြစ်ကန့်သတ်ခံရမှုနဲ့ အကျုံးဝင်တဲ့ တရုတ်ကုမ္ပဏီစုစုပေါင်းဟာ ၆၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့မတ်လမှာ တော့ အမေရိကန်က ဂျပန်နဲ့ နယ်သာလန်နိုင်ငံကိုပါ စည်းရုံးပြီး တရုတ်ကို ဆီမီးကွန်ဒတ်တာ ပစ္စည်းတင်ပို့မှုကို ပူးတွဲ ကန့်သတ်တားမြစ်တာ လုပ်လာခဲ့ပါတယ်။ ယခုနောက်ဆုံး မေလထဲက ဂျပန်နိုင်ငံ ဟီရိုးရှီးမားမှာ ကျင်းပတဲ့ ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ခုနှစ်နိုင်ငံက တရုတ်အပေါ်စိုးရိမ်မှုနဲ့ပတ်သက်ပြီး တသံထဲ ထွက်ခဲ့ကြကာ၊ De-risk, Not Decouple တွဲဖြုတ်မဟုတ်-အန္တရာယ်ရှောင် ပေါ်လစီကို အတည်ပြုခဲ့ကြပါတယ်။


ဒီလုပ်ဆောင်ချက်တွေက တရုတ်ပြည်တွင်းက နည်းပညာ စက်မှုလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတဲ့ တရုတ်ရဲ့ ရည်မှန်းချက်ကို ဂယိမ်းဂယိုင်ဖြစ်စေဖို့ ရည်ရွယ်တာပါ။ 


အဲဒီနောက် ယခုနှစ်မေလ ၂၁ ရက်မှာ တရုတ်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန် Micron Technology ကုမ္ပဏီရဲ့ ချစ်ပ်တွေကို မဝယ်ဖို့ ပိတ်ပင်တားမြစ် လိုက်ပါတယ်။  ဒါက ပထဆုံးအကြိမ်တရုတ်ရဲ့ တုန့်ပြန်မှုပါ။ နှစ်နိုင်ငံစလုံး ကတော့ အမျိုးသားလုံခြုံရေးကို အကြောင်းပြ ကြပါတယ်။


အခု ဇူလိုင်လ ၃ ရက်က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ စည်းကမ်းသတ်မှတ်ချက်ကတော့ တရုတ်ရဲ့ ဒုတိယမြောက်တုန့်ပြန်မှုပါ။ တရုတ်ရဲ့ ဒီစည်းမျဉ်းအသစ်မှာ မည်သည့်နိုင်ငံ၊ မည်သည့်ကုမ္ပဏီအပေါ် အရေးယူ ပိတ်ပင်ကြောင်းမဖော်ပြခဲ့ပေမယ့် အမေရိကန်တွေနဲ့ သူ့ရဲ့အပေါင်းအဖော်တွေက သူတို့ကိုရည်ရွယ်တာမှန်းသိကြပါ တယ်။ 


ဒါကြောင့် နယ်သာလန်နိုင်ငံက ဇူလိုင်လ ၇ ရက် (သောကြာနေ့)က သူ့ရဲ့အဆင့်မြင့် ဆီမီးကွန်ဒတ်တာ တင်ပို့မှုအပေါ် ကန့်သတ်မှုအသစ်တွေချမှတ်ခဲ့ခြင်းအားဖြင့် တရုတ်ရဲ့ လုပ်ရပ်ကို လက်တုန့်ပြန်ပါတယ်။ ဒါက ASML ရဲ့ တရုတ်ကိုတင်ပို့မှုကို တားမြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာပေါ်က အရေးအကြီးဆုံး ဆီမီးကွန်ဒတ်တာ ကုမ္ပဏီကြီး တွေထဲက တစ်ခုဖြစ်တဲ့ ASML ကို တိတိကျကျရည်ရွယ်ပြီး ပိတ်ပင်တာတော့မဟုတ်ပါ။ 


တချို့နိုင်ငံတွေကလည်း အစဉ်အလာအရ တောင့်တင်းခိုင်မာတဲ့ သူတို့ရဲ့ ပြည်တွင်း ချစ်ပြားစက်မှုလုပ်ငန်းတွေမှာ ထောက်ပံ့ရေးကွင်းဆက် မပြတ်စေဖို့အတွက် လုံခြုံစိတ်ချရအောင် လုပ်ကြပါတယ်။ လွန်ခဲ့တဲ့ သတင်းပတ်ထဲမှာတုန်းက ဂျပန်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ The Japanese Investment Corporation (JIC) က ဆီမီးကွန်ဒတ်တာ ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီကြီး JSR ထံမှာ ၆ ဒသမ ၃ ဘီလျံဒေါ်လာ (၉၀၃ ဒသမ ၉ ဘီလျံယန်း) တန်ဖိုးရှိတဲ့ ရှယ်ယာတွေ ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ အဆိုပြုလိုက်ပါတယ်။ ဒီဆောင်ရွက်ချက်က နည်းပညာ အသာစီးရရေး တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအတွင်း၊ အခြေအနေတွေ ပိုမိုသဲသန် ပြင်းထန်လာနှိုင်ချေ ရှိတာတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေဘဲဖြစ်ပါကြောင်း။

                                                                                          

ကိုးကား- China slaps export curbs on chipmaking metals in tech war warning to U.S., Europe

- Beijing jabs in US-China tech fight with chip material export curbs

- China flexes critical metals muscles with export curbs


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved