Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လမ်းခင်းကျောက်များ သယ်ရန် ပဲခူးမှ ထွက်လာသည့် ကျောက်ရထား မိုင်းထောင်ဖောက်ခွဲခံခဲ့ရသည့် ရထားလမ်းပိုင်းအား ပြုပြင်မှုပြီးစီးပြီဖြစ်ကြောင်း နစကထုတ်ပြန်

NP News - ဇန်နဝါရီ ၁၂

လမ်းခင်းကျောက်များ သယ်ရန် ပဲခူးဘူတာမှ ထွက်လာသည့် ကျောက်ရထား မိုင်းထောင်ဖောက်ခွဲခံခဲ့ရသည့် ရထားလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်မှု ပြီးစီးပြီဖြစ် ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၁)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၁ဝ)ရက်တွင် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ဇင်းကျိုက်ဘူတာ၌ လမ်းခင်းကျောက်များသယ်ရန် ပဲခူးမှ ထွက်လာသည့် ကျောက်တင်တွဲလွတ်(၁၃)တွဲပါရှိသည့် အမှတ်(၃၇၅) အဆန် ကျောက်ရထား မိုင်းထောင်ဖောက် ခွဲခံရခြင်း ဖြစ်ကြောင်း နစကမှ ဆိုသည်။

အဆိုပါရထားသည် ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာနှင့် ရင်းငြိမ်ဘူတာကြားရှိ မိုင် တိုင်အမှတ်၊ ၁၄၈/ ၂၁- ၂၄ သို့ ညနေ(၆)နာရီခန့်၌ ဖြတ်သွားစဉ် PDF များထောင် ထားသည့် မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားတွဲဆိုင်းတွင်ပါရှိသည့် စက်ခေါင်း၊ ကျောက်တင်တွဲ (၃)တွဲနှင့် ကုန်တွဲ(၁)တွဲတို့ လမ်းချော်ကျကာ ရထားလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး အခြားလူစီးရထားများဖြင့် လိုက်လာသည့် ခရီးသည်(၁၅ဝဝ)ကျော် လမ်းခရီးတွင် အခက်အခဲများ ကြုံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။ ထို့ကြောင့် လမ်းချော်ကျခဲ့သည့် စက်ခေါင်းနှင့် တွဲများကို ပြန်လည်မတင်ပြီး၊ လမ်းပိုင်းပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ(၁၁) ရက်၊ နံနက်ပိုင်းမှစ၍ ရထားများ ပုံမှန်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

အလားတူ PDF များသည် ဇန်နဝါရီလ(၂)ရက် ညနေပိုင်းတွင်လည်း မြန်မာ့မီးရ ထား၏ ပဲခူး- မော်လမြိုင်လမ်းပိုင်းအတွင်း ဇင်းကျိုက် ဘူတာမှ လမ်းခင်းကျောက်များသယ်ရန် ထွက်လာသည့် အမှတ်(၆၈၇) အစုန် ကျောက်ရထားတွဲဆိုင်းအား သထုံမြို့နယ်၊ ရင်းငြိမ်နှင့် သထုံဘူတာကြားတွင် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရထားတွဲ(၃)တွဲ လမ်းချော်ကျခဲ့ရာ ကွန်ကရစ်ဇလီဖားတုံး (၁၁၅)တုံး၊ သံလမ်း (၅) ပေခန့် ပြတ်ထွက်၍ သံလမ်း(၆) ချောင်း ပျက်စီးခဲ့ပြီး လူစီးရထားများမှ ခရီးသည်(၂၅ဝဝ)ခန့် ခရီးစဉ်ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ PDF များအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစ၍ မြန်မာ့မီးရထား၏ ရန်ကုန်- ပဲခူး- မော်လမြိုင် လမ်းပိုင်းအတွင်း တံတားမိုင်းခွဲမှု(၅)ကြိမ်၊ သံလမ်းမိုင်းခွဲမှု (၃)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း(၁၄)ကြိမ် နှင့် ဘူတာ ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း (၁)ကြိမ်တို့ကို ဆောင်ရွက်ခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့ပြင် မြန်မာ့မီးရထားလမ်းတစ်ခုလုံးအနေဖြင့် ရထားလမ်းနှင့် နယ်မြေများတွင် ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခံရမှု (၁ဝ၅)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခံရမှု (၃၄)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခံရခြင်း (၉)ကြိမ်ရှိခဲ့ကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့်လည်း အမြန်လူစီးရထားခရီးစဉ် (၁၆)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင်ရထားခရီးစဉ် (၈)စင်း၊ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် (၃ဝ)စင်း၊ စုစုပေါင်း ရထားခရီးစဉ်(၆၆)စင်းတို့နှင့် ကုန်ရထားခရီးခရီးစဉ်များကို နေ့စဉ် ပြေးဆွဲလျက်ရှိသည့်အပြင် ရထားလမ်းပိုင်းကြံ့ခိုင်ရေးအတွက် ကျောက်ရထားများနှင့် အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူ ပို့ဆောင်ပေးလျက်ရှိကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version

လမ္းခင္းေက်ာက္မ်ား သယ္ရန္ ပဲခူးမွ ထြက္လာသည့္ ေက်ာက္ရထား မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရသည့္ ရထားလမ္းပိုင္းအား ျပဳျပင္မႈၿပီးစီးၿပီျဖစ္ေၾကာင္း နစကထုတ္ျပန္

NP News - ဇန္နဝါရီ ၁၂

လမ္းခင္းေက်ာက္မ်ား သယ္ရန္ ပဲခူးဘူတာမွ ထြက္လာသည့္ ေက်ာက္ရထား မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရသည့္ ရထားလမ္းပိုင္းအား ျပဳျပင္ေဆာင္႐ြက္မႈ ၿပီးစီးၿပီျဖစ္ ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၁)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁ဝ)ရက္တြင္ ပဲခူး-ေမာ္လၿမိဳင္လမ္းပိုင္းရွိ ဇင္းက်ိဳက္ဘူတာ၌ လမ္းခင္းေက်ာက္မ်ားသယ္ရန္ ပဲခူးမွ ထြက္လာသည့္ ေက်ာက္တင္တြဲလြတ္(၁၃)တြဲပါရွိသည့္ အမွတ္(၃၇၅) အဆန္ ေက်ာက္ရထား မိုင္းေထာင္ေဖာက္ ခြဲခံရျခင္း ျဖစ္ေၾကာင္း နစကမွ ဆိုသည္။

အဆိုပါရထားသည္ ေပါင္ၿမိဳ႕နယ္၊ ဇင္းက်ိဳက္ဘူတာႏွင့္ ရင္းၿငိမ္ဘူတာၾကားရွိ မိုင္ တိုင္အမွတ္၊ ၁၄၈/ ၂၁- ၂၄ သို႔ ညေန(၆)နာရီခန႔္၌ ျဖတ္သြားစဥ္ PDF မ်ားေထာင္ ထားသည့္ မိုင္းေပါက္ကြဲခဲ့ေၾကာင္း သိရသည္။ မိုင္းေပါက္ကြဲမႈေၾကာင့္ ရထားတြဲဆိုင္းတြင္ပါရွိသည့္ စက္ေခါင္း၊ ေက်ာက္တင္တြဲ (၃)တြဲႏွင့္ ကုန္တြဲ(၁)တြဲတို႔ လမ္းေခ်ာ္က်ကာ ရထားလမ္း ပိတ္ဆို႔မႈမ်ား ျဖစ္ပြားခဲ့ၿပီး အျခားလူစီးရထားမ်ားျဖင့္ လိုက္လာသည့္ ခရီးသည္(၁၅ဝဝ)ေက်ာ္ လမ္းခရီးတြင္ အခက္အခဲမ်ား ႀကဳံခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ လမ္းေခ်ာ္က်ခဲ့သည့္ စက္ေခါင္းႏွင့္ တြဲမ်ားကို ျပန္လည္မတင္ၿပီး၊ လမ္းပိုင္းျပဳျပင္ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ရာ ဇန္နဝါရီလ(၁၁) ရက္၊ နံနက္ပိုင္းမွစ၍ ရထားမ်ား ပုံမွန္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။ အလားတူ PDF မ်ားသည္ ဇန္နဝါရီလ(၂)ရက္ ညေနပိုင္းတြင္လည္း ျမန္မာ့မီးရ ထား၏ ပဲခူး- ေမာ္လၿမိဳင္လမ္းပိုင္းအတြင္း ဇင္းက်ိဳက္ ဘူတာမွ လမ္းခင္းေက်ာက္မ်ားသယ္ရန္ ထြက္လာသည့္ အမွတ္(၆၈၇) အစုန္ ေက်ာက္ရထားတြဲဆိုင္းအား သထုံၿမိဳ႕နယ္၊ ရင္းၿငိမ္ႏွင့္ သထုံဘူတာၾကားတြင္ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း နစကမွ ဆက္လက္ထုတ္ျပန္ထားသည္။ အဆိုပါျဖစ္စဥ္ေၾကာင့္ ရထားတြဲ(၃)တြဲ လမ္းေခ်ာ္က်ခဲ့ရာ ကြန္ကရစ္ဇလီဖားတုံး (၁၁၅)တုံး၊ သံလမ္း (၅) ေပခန႔္ ျပတ္ထြက္၍ သံလမ္း(၆) ေခ်ာင္း ပ်က္စီးခဲ့ၿပီး လူစီးရထားမ်ားမွ ခရီးသည္(၂၅ဝဝ)ခန႔္ ခရီးစဥ္ၾကန႔္ၾကာမႈမ်ား ႀကဳံေတြ႕ခဲ့ရေၾကာင္း သိရသည္။

PDF မ်ားအေနျဖင့္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္မွစ၍ ျမန္မာ့မီးရထား၏ ရန္ကုန္- ပဲခူး- ေမာ္လၿမိဳင္ လမ္းပိုင္းအတြင္း တံတားမိုင္းခြဲမႈ(၅)ႀကိမ္၊ သံလမ္းမိုင္းခြဲမႈ (၃)ႀကိမ္၊ လက္လုပ္မိုင္းေပါက္ကြဲ/ေတြ႕ရွိမႈ (၆)ႀကိမ္ စုစုေပါင္း(၁၄)ႀကိမ္ ႏွင့္ ဘူတာ ဝန္ထမ္းေနအိမ္မ်ားအား မီးရႈိ႕ဖ်က္စီးျခင္း (၁)ႀကိမ္တို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ျပင္ ျမန္မာ့မီးရထားလမ္းတစ္ခုလုံးအေနျဖင့္ ရထားလမ္းႏွင့္ နယ္ေျမမ်ားတြင္ ဗုံးေထာင္၊ မိုင္းခြဲဖ်က္ဆီးခံရမႈ (၁ဝ၅)ႀကိမ္၊ ရထားတံတားမ်ားအား မိုင္းခြဲဖ်က္ဆီးခံရမႈ (၃၄)ႀကိမ္၊ ဘူတာမ်ားအား မီးရႈိ႕ဖ်က္ဆီးခံရျခင္း (၉)ႀကိမ္ရွိခဲ့ေၾကာင္း သိရသည္။ ျမန္မာ့မီးရထားအေနျဖင့္လည္း အျမန္လူစီးရထားခရီးစဥ္ (၁၆)စင္း၊ စာပို႔ရထားခရီးစဥ္ (၁၂)စင္း၊ လူစီးကုန္တင္ရထားခရီးစဥ္ (၈)စင္း၊ ရန္ကုန္ၿမိဳ႕ပတ္ႏွင့္ ဆင္ေျခဖုံးရထားခရီးစဥ္ (၃ဝ)စင္း၊ စုစုေပါင္း ရထားခရီးစဥ္(၆၆)စင္းတို႔ႏွင့္ ကုန္ရထားခရီးခရီးစဥ္မ်ားကို ေန႔စဥ္ ေျပးဆြဲလ်က္ရွိသည့္အျပင္ ရထားလမ္းပိုင္းႀကံ့ခိုင္ေရးအတြက္ ေက်ာက္ရထားမ်ားႏွင့္ အင္ဂ်င္နီယာရထားခရီးစဥ္မ်ားျဖင့္လည္း သယ္ယူ ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမယ့်ရက်ပိုင်းအတွင်း ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ ဘရာဇီးတိုက်ခိုက်ရေးသမားကို အလဲထိုးအနိုင်ယူပြမယ်လို့ အောင်လအန်ဆန် ကြုံးဝါး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved