မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ဂေါ်ဒန်ကျောက်များတင်ဆောင်လာသည့် တွဲကားတစ်စီး ချောက်ထဲထိုးကျမှုဖြစ်ပွား
NSS - ဇူလိုင် ၃
မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ဂေါ်ဒန်ကျောက်များတင်ဆောင်လာသည့် တွဲကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်း(အုန်းချော)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၃ ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင် ၁၇ အနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတွဲကားသည် သီပေါမြို့ ဂေါ်ဒန်ကျောက်ကွင်းမှ ကျောက်ဆည်ဘိလက်မြေစက်ရုံသို့ ကျောက်များ သွားရောက်ပို့ဆောင်စဉ် အရှိန်လွန်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းတွဲကားသည် ယခင်လမ်းဟောင်းဖြစ်သော အိုးတလုံးအဆင်းလမ်းဘက်တွင်ရှိသော ရေချောင်းကူး တံတားဘေးရှိချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်း(အုန်းချော)ထံမှ သိရသည်။
“သေဆုံးသူရဲ့ နာမည်ကတော့ ကျွန်တော်တို့မသိရသေပါဘူး။ နေရပ်ကတော့ မန္တလေးကလို့တော့ပြောတယ်။ အသက်ကတော့ သုံးဆယ်ဝန်းကျင်လောက်ပေါ့” ဟု စေတနာရှင်လူမှုကူညီရေးအသင်း(အုန်းချော)မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
၎င်းတွဲကားပေါ်တွင် ယာဥ်မောင်း အပါအဝင် အမျိုးသား(၂)ဦးလိုက်ပါလာပြီး ယာဥ်မောင်းဖြစ်သူသည်အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူယာဉ်မောင်းသည် ကားပေါ်တွင်ပါရှိသည့် ဂေါ်ဒန်ကျောက်များဖြင့် ပိတ်မိနေခြင်းကြောင့် ခက်ခဲစွာထုတ်ယူခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူနှင့် သေဆုံးသွားသည့် အမျိုးသားတို့ကို မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ စေတနာမွန် လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သစ်အချောထည်များ ပြည်တွင်း၊ ပြည်ပဈေးကွက်ရရှိရေးအတွက် ရေတိုရေရှည်လုပ်ငန်းစဥ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း