မြန်မာအမျိုသားလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး- မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲ
စော (NSS) - ဇွန် ၃ဝ
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နိုင်ငံတကာခရီးစဉ်သစ်ဖြစ်သည့် ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
အဆိုပါ ခရီးစဉ် စတင်ပျံသန်းသည့် အခမ်းအနားကို တဲဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့ရှိ မန်စီလေဆိပ်၌ ယမန်နေ့(ဇွန်လ ၂၉ ရက်)၊ ညနေ(၆)နာရီခွဲအချိန်တွင် ကျင်းပခဲ့ပြီး Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း စတင်ပျံသန်းပြေးဆွဲခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းခရီးစဉ်သစ်ကို ပျံသန်းပြေးဆွဲခြင်းဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုမြင့်မားစေပြီး တဲဟုန်ပြည်နယ်ခွဲနှင့်လည်း စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ်ရေးစသည့် ကဏ္ဍများတွင် ပိုမိုပူပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားသံလမ်းတံတားကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ