Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မာလီနိုင်ငံမောင်းထုတ်၍ ကုလငြိမ်းချမ်းရေးတပ်များ ယခုလကုန် ရုတ်သိမ်းမည်

Htay Oung (NSS) - ဇွန် ၂၈

(မာလီနိုင်ငံရဲ့တောင်းဆိုမှုကြောင့်) အာဖရိက အနောက်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံမှ ဆယ်စုနှစ်ကြာ ချထားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးမစ်ရှင်ကို ဇွန်လ ၃ဝ ရက်မှာ အဆုံးသတ်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းကြီးက စီစဉ်နေပါတယ်။ ဒါပေမယ့် မိမိတို့သတင်းအေဂျင်စီက မြင်တွေ့ခဲ့ရတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာတော့ (ငြိမ်းချမ်းမှု ထိန်းသိန်းရေးတပ်များရုပ်သိမ်းဆဲ) ကြားကာလ အသွင်ကူးပြောင်းရေး အကြောင်းပြချက်နဲ့ (ယခုမှ နောက်ထပ်) (၆)လအတွင်း ရုတ်သိမ်းဖို့ ပြင်သစ်နိုင်ငံက အဆိုပြုထားတယ်လို့ ဖော်ပြထားကြောင်း Reuters က ယမန်နေ့ (‌ဇွန်လ ၂၇ ရက်)မှာရေးသားပါတယ်။

"မိုင်နပ်စ်မာ" MINUSMA လို့ လူသိများတဲ့ “မာလီနိုင်ငံ တည်ငြိမ်ရေး၊ ဘက်စုံပေါင်းစပ်မြှင့်တင်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂမစ်ရှင်" ရဲ့ အင်အား ၁၃,ဝဝဝ ပါ တပ်များ ရုတ်သိမ်းရခြင်းဟာ မာလီနိုင်ငံစစ်အစိုးရနဲ့ ကုလသမဂ္ဂတို့အကြား နှစ်ပေါင်းများစွာ တင်းမာမှုဖြစ်ပွားပြီးနောက် ယခုလအတွင်း တပ်များ မပျက်မကွက် ဆုတ်ခွာ သွားပေးဖို့ မာလီနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုပြီးနောက်ပိုင်း ဖြစ်ပေါ်လာရကြောင်းတွေ့ရှိရပါတယ်။ 

၂ဝ၂၁ ခုနှစ် မာလီနဲ့ ရုရှား “ဝက်ဂ်နာ” ပုဂ္ဂလိက စစ်မှုထမ်းတပ်များ ပူးပေါင်းမိပြီးကတည်းက အာဖရိကနိုင်ငံမှာ ကန့်သတ်ချက်များကြောင့် လွတ်လွတ်လပ်လပ် မရှိခဲ့ရတဲ့ မစ်ရှင်ကို ယခုလို ရုတ်ခြည်း ရပ်ဆိုင်းလိုက်ပစ်လိုက်ရတယ်လို့ အဓိပ္ပါယ်ထွက်နေပါတယ်။ ကုလသမဂ္ဂမစ်ရှင်ဟာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အစ္စလာမ်မစ် သောင်းကျန်းမှုများမှ အရပ်သားများအပေါ် အကာအကွယ်ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတယ်လို့ ချီးကျူးခံထားရပါတယ်။

အင်အား ၁ဝဝဝ ခန့်ရှိ ဝက်ဂ်နာကြေးစားတပ်များအကူအညီနဲ့ မာလီစစ် တပ်တစ်ခုတည်းက တာဝန်ယူ ချေမှုန်းသွားမယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်နက်လူအင်အား မပြည့်စုံတဲ့ အာဖရိက စစ်တပ်က ကန္တာရမြောက်ပိုင်း နဲ့ အလယ်ဗဟိုရှိ နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ စစ်သွေးကြွများကို နှိမ်နင်းရမှာ ဖြစ်တဲ့အတွက် မစ်ရှင်ထွက်ခွာချိန် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။

ဒါ့ပြင် စနေနေ့ ရုရှားနိုင်ငံပြည်တွင်း တပ်တွင်းပုန်ကန်မှုပြုလုပ်ပြီးမှ ဖျက်သိမ်းခဲ့တဲ့ ဝက်ဂ်နာတို့ရဲ့ လုပ်ငန်းရွက်မယ့် အလားအလာများဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ၀က်ဂ်နာတည်ထောင်သူနဲ့ အကြီးအကဲ ယက်ဂါနီ ပရီကိုဇင်ကတော့ ဘီလာရုစ်နိုင်ငံမှ ဆောင်ရွက်ဖို့ ခွင့်ပြုချက်ပေးထားတယ်လို့ ပြောနေပါတယ်။

(အတည်မပြုရသေးတဲ့) လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းအရ အသွင်ကူးပြောင်းရေးကာလ ခွင့်ပြုချက်အနေနဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ယခုနှစ်ကုန်အထိ ဆက်လက်တပ်စွဲထားဖို့ ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီကာလအတွင်း MINUSMA အနေနဲ့ မာလီစစ်သားများအတွက် အဓိကပံ့ပိုးသူအဖြစ် ကူညီပေးဖို့အပါအဝင် ကုလငြိမ်းချမ်းရေးတပ်များကို (အပြီးတိုင်) ပြန်လည်ရုတ်သိမ်းသွားရမှာ ဖြစ်ပါတယ်။

မာလီနိုင်ငံအတွင်း MINUSMA ရဲ့ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်တွေကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၃ဝ ရက်မှာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများထံ ဖြန့်ဝေခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။ MINUSMA ရဲ့လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခြင်း၊ လုပ်ငန်းတာဝန်များ လွှဲပြောင်းခြင်းတို့ကို စီမံဆောင်ရွက်ခြင်းနဲ့ အကောင်အထည်ဖော်ရန်အတွက် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ကုလဝန်ထမ်းများကို ထားရှိမယ်လို့ ဆိုပါတယ်။

အဲဒီ စာသားတွေဟာ အမှန်ဖြစ်တယ်လို့ ကုလသမဂ္ဂအရာရှိနှစ်ဦးနဲ့ လုံခြုံရေးကျွမ်းကျင်သူတစ်ဦးက အတည်ပြုပါတယ်။ ယခုလို ဖြန့်ဝေခြင်းမပြုမီ ဆုံးဖြတ်ချက်မူကြမ်းကို ပြောင်းလဲနိုင်ပေမယ့် အပြီးသတ်ဆုံးဖြတ်တဲ့အခါ အပြောင်းအလဲများ ဖြစ်လာလိမ့်မယ်လို့ သတင်းရင်းမြစ်နှစ်ခုထံမှ သိရှိရပါတယ်။

အမြဲတန်းအဖွဲ့ဝင် (၅)ဦး၊ အလှည့်ကျအဖွဲ့ဝင် (၁ဝ)ဦးပါ လုံခြုံရေးကောင်စီဟာ လာမယ့် ကြာသပတေး နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ အတည်ဖြစ်လာဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုဟာ ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန် သို့မဟုတ် ပြင်သစ်နိုင်ငံတစ်ခုခုတို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက်မှု မရှိခြင်း အပါအဝင် ထောက်ခံမဲ အနည်းဆုံး ကိုးမဲ လိုအပ်ပါတယ်။

မာလီမှာ သူ့ရဲ့ ကြေးစားစစ်သားများ လှုပ်ရှားနေတဲ့ ရုရှားနဲ့အတူ မော်စကိုရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်တို့ဟာ MINUSMA အပေါ် သံသယနဲ့ ကာလကြာရှည်စွာ ရှုမြင်ခဲ့ကြပါတယ်။ (လက်ရှိ မာလီနိုင်ငံမှာ MINUSMA က လွဲရင် နိုင်ငံတကာ ငြိမ်းချမ်းမှု စစ်ဆင်ရေး နှစ်ခုရှိနေပါသေးတယ်။ ဥရောပသမဂ္ဂရဲ့ ဆာဟဲဒေသ မာလီနိုင်ငံဆိုင်ရာ မစ်ရှင် EUCAP နဲ့ EUTM တို့ဖြစ်ကြပါတယ်။) ဗြိတိန်၊ ဂျာမနီနဲ့ဆွီဒင်တို့က သူတို့ရဲ့ တပ်များကို ရုပ်သိမ်းတော့မှာဖြစ်ကြောင်း ၂ဝ၂၁ ခုနှစ် ကြေညာပြီးကတည်းက မစ်ရှင်အပေါ် အနောက်နိုင်ငံများရဲ့ ထောက်ပြမှုဟာ စတင်ကျဆင်းနေခဲ့ပါတယ်။ သီးခြားတပ်ဖွဲ့တစ်ခု စေလွှတ်ထားတဲ့ ပြင်သစ်ကလည်း မာလီအစိုးရနဲ့ သဘောကွဲလွဲပြီးနောက် ယမန်နှစ်မှာ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ 

ကုလငြိမ်းချမ်းရေးတပ်များ ရုတ်သိမ်းတော့မယ့် သတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို MINUSMA ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့ပြီး မာလီအာဏာပိုင်များက တုံ့ပြန်ခြင်း မရှိပါဘူး။ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းမှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကတော့ လုံခြုံရေးကောင်စီက ဆုံးဖြတ် ချက်ကို အတည်ပြုခဲ့ရင် MINUSMA က ထွက်ခွာပေးဖို့ မာလီအာဏာပိုင်များနဲ့ လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း၊ မာလီနိုင်ငံအတွင်းမှာ ဆွေးနွေးတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ အစ္စလာမ်မစ်စစ်သွေးကြွများ၊ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်လိုသူ ဘာသာရေးအစွန်းရောက် အိုင်အက်စ်တို့အပြင် အက်ဇ်ဝပ်လို့ ခေါ်တဲ့ မာလီမြောက်ပိုင်းဒေသ လွတ်လပ်ရေးလှုပ်ရှားသူတို့ဟာ ၂ဝ၁၂ ခုနှစ်ကတည်းက မာလီအစိုးရကို ပုန်ကန်နေကြပါတယ်။ အဲဒီ ခွဲထွက်ရေးလှုပ်ရှားမှုကို MNLA အဖွဲ့က ဦးစီးပြီး လစ်ဗျားပြည်တွင်းစစ်မှာ ပါဝင်တိုက် ခိုက်ခဲ့ဖူးသူများ ပါဝင်နေပါတယ်။ 

တစ်ချိန်က ချမ်းသာကြွယ်ဝတဲ့ အနောက်အာဖရိက အင်ပါယာ ၃ ခုအနက် တစ်ခုဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉ ရာစုမှာ ပြင်သစ်ကိုလိုနီလက်အောက် ရောက်ရှိခဲ့ပြီး ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံထက် (၂)ဆနီးပါးကျယ်ဝန်းပေမယ့် ၂ဝ၂၂ ခုနှစ်မှာ လူဦးရေ (၂၂)သန်းခန့်သာရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပါတယ်။ နိုင်ငံမြောက်ပိုင်းဟာ ဆာဟာရသဲကန္တာရအတွင်း နက်ရှိုင်းစွာ ပါဝင်နေပြီး တောင်ပိုင်းမှာသာ လူဦးရေအများစုနေထိုင်ကြပါတယ်။ နိုင်ငံတွင်းနေသူ ၉၅ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာ ဝင်များဖြစ်ကြပါတယ်။ 

ယူရေနီယမ်နဲ့ ရွှေတို့လို ရှားပါးအဖိုးတန် သတ္တုများကြွယ်ဝရာ နိုင်ငံဖြစ်ပေမယ့် အကြိမ်ကြိမ် အာဏာ သိမ်းမှုများ၊ အဓိကရုန်းများ၊ နိုင်ငံရေး မငြိမ်သက်မှုများဟာ မာလီကို ဆင်းရဲတွင်း နက်စေခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် MNLA ပုန်ကန်မှုအပြီး မာလီနိုင်ငံ တည်ငြိမ်စေရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံး ဖြတ်ချက်အရ MINUSMA ကုလသမဂ္ဂမစ်ရှစ်ကို စတင်ခဲ့ပါတယ်။

မာလီနိုင်ငံအတွင်း တိုက်ပွဲများကြောင့် လူပေါင်း သောင်းချီ သေဆုံးပြီး ခြောက်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လက်ရှိ မာလီနိုင်ငံအတွင်း တပ်စွဲထားတဲ့ ငြိမ်းချမ်းမှု ထိန်း သိမ်းရေးတပ်ဖွဲ့ဝင် ၁၂,ဝဝဝ ခန့်ရှိတယ်လို့ MINUSMA ရဲ့ စာရင်းဇယားများက ဖော်ပြထားပါတယ်။ ၂ဝ၁၃ ခုနှစ် မစ်ရှင်စတင်ချိန်မှ မာလီနိုင်ငံမှာ MINUSMA တပ်ဖွဲ့ဝင် ၃ဝ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်ဘနွန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် ဖြစ်နေခဲ့ပါတယ်။

ရှေ့တိုးလာတဲ့ စစ်သွေးကြွများကို ပြင်သစ်တပ်များက တိုက်ထုတ်ပစ်နိုင်ပေမယ့် လက်နက်ကိုင်သောင်း ကျန်းသူများက ပြန်လည်စုဖွဲ့နိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း မာလီမှ အနောက်အာဖရိကတစ်ခွင်လုံးကို ပျံ့နှံ့သွားပြီး လူသန်းပေါင်းများစွာ ထွက်ပြေးကြစေဖို့ အကြမ်းဖက်လှုပ်ရှားမှုရဲ့ ဗဟိုချက်ဖြစ်လာပါတယ်။

တပ်များ ရုတ်သိမ်းပေးဖို့ ယခုလို တောင်းဆိုခြင်း မတိုင်မီ ငြိမ်းချမ်းရေးမစ်ရှင်ရဲ့သက်တမ်းကို နောက်ထပ်တစ်နှစ် ထပ်တိုးမြှင့်ဖို့ ကုလသမဂ္ဂက မျှော်လင့်ထားပါတယ်။ အရပ်သားများ နောက်ထပ်သွေးထွက်သံယိုဖြစ်ရတာကို တားဆီးနိုင်ခြင်း မရှိတဲ့အတွက် ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်အတွင်း အာဏာသိမ်းမှု နှစ်ကြိမ်နဲ့ မာလီခေါင်းဆောင် ဖြစ်လာသူ စစ်အာဏာပိုင်များက ကုလငြိမ်းချမ်းရေးတပ်များအပေါ် ဝေဖန်ခဲ့ပါတယ်။

ကုလသမဂ္ဂကလည်း ဝက်ဂ်နာနဲ့ မာလီစစ်တပ်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စုံစမ်းစစ်ဆေးခြင်း အပါအဝင် ငြိမ်းချမ်းတပ်ဖွဲ့ဝင်များနဲ့ လေကြောင်းသွားလာမှု ကန့်သတ်ချက်‌တွေကြောင့် MINUSMA ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားရကြောင်း အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ စွပ်စွဲချက်အသီးသီးတို့ကို နှစ်ဘက်စလုံးက အပြန်အလှန်ပယ်ချခဲ့ကြပါတယ်။ ဒါပေမယ့် MINUSMA ကို ဆက်လက်ထားရှိဖို့နဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုပင် တိုးမြှင့်လိုကြောင်း အာဖရိကနိုင်ငံအများအပြားတို့က ယခုနှစ်ဆွေးနွေးပွဲများမှာ တင်ပြထားပါတယ်။

လောလောဆယ် ဆုံးဖြတ်ချက်မူကြမ်းအရ ကုလသမဂ္ဂ ဝန်ထမ်းများ၊ အဆောက်အဦများနဲ့ ယာဉ်တန်းများကို လုံခြုံရေးပေးဆောင်ရန် စစ်ဆင်ရေးများကို လျှော့ချဖို့ ရှိနေပါတယ်။ MINUSMA အနေနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ ဆေးဘက်ဆိုင်ရာ ဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းပေးရမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ပါက ငြိမ်းချမ်းရေးတပ်များဟာ အရပ်သားများအပေါ် ကျရောက်ဖွယ်ရှိတဲ့ အကြမ်းဖက် ခြိမ်း ခြောက်မှုများကို တုံ့ပြန်ရန်နဲ့ အရပ်သား ဦးဆောင်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့ရာ အနီးတစ်ဝိုက်မှာ လုံခြုံရေး ပါဝင်ကူညီရန် မာလီအာဏာပိုင်များရဲ့ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန် အခွင့်အာဏာရှိတယ်လို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

(Ruters., 27 June 2023,” UN peacekeeping mission in Mali to end on June 30: French draft resolution” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP သည် (၃)ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved