Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်လယ်ကိုမဖြတ်တဲ့ ကမ္ဘာ့အရှည်ဆုံး မိုင်(၁ဝဝ)ကျော် တံတားကြီး (ဘာသာပြန်ဆောင်းပါး)

မောင်တင်ထွန်း (နတ်မောက်) (NSS) - ဇွန် ၂၇


ကမ္ဘာပေါ်က အရှည်ဆုံးတံတားမှာ ပင်လယ်ကိုဖြတ်တဲ့တံတားတစ်စင်းမဟုတ်ပါ။ ပင်လယ်ကိုဖြတ်တဲ့ အရှည်ဆုံးတံတားက တရုတ်ပြည်က ဟောင်ကောင်-ကျုဟိုက်-မကောက်ကိုဆက်သွယ်ထားတဲ့ ၅၅ ကီလိုမီတာ ( ၃၄ မိုင်ကျော်) ရှည်လျားတဲ့ ဟောင်ကောင်-ကျုဟိုက်-မကောက် တံတား၊ တရုတ်လို ကမ်ကျုအော့ တာ့ချောက် (港珠澳大橋) ဖြစ်ပါတယ်။  


ကမ္ဘာ့အရှည်ဆုံးတံတားက တရုတ်ပြည်မှာပဲရှိပြီး ပီကင်း-ရှန်ဟိုင်း အမြန်ရထားလမ်းပေါ်က ကီလိုမီတာ ၁၆၄ ဒသမ ၈ (၁ဝ၂ ဒသမ ၄ မိုင်) ရှည်လျားတဲ့ တံတားပဲဖြစ်ပါတယ်။ တံတားက မြေပြင်ကနေ မီတာ ၃ဝ (ပေ ၁ဝဝ) မြင့်ပြီး အကျယ်အားဖြင့် ပျမ်းမျှ ၇၉ မီတာ (၂၆ဝ ပေ) ရှိပါတယ်။ ထူးဆန်းတဲ့အချက်က ဒီတံတားဟာ ကမ္ဘာ့အရှည် ဆုံး မိုင်(၁ဝဝ) ကျော်တံတားဖြစ်ပေမယ့် ပင်လယ်ကို ဖြတ်သန်းတာမဟုတ်ပါ။ မြစ်ချောင်းများ၊ တူးမြောင်းများ၊ ရေအိုင်များ၊ စိုက်ပျိုးမြေ နဲ့ စပါးခင်းများပေါ်မှာ ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပြီး ၉ ကီလိုမီတာ( ၅ ဒသမ ၆ မိုင်) ကျယ်တဲ့ ယန်းချင်ရေအိုင်ကို ဖြတ်သန်းတဲ့ အပိုင်းတစ်ပိုင်းလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ တံတား ထောက်တိုင်ပေါင်း ၂ဝဝ အသုံးပြုထားပြီး သံမဏိကြိုးတွေဆိုင်းထားပါတယ်။ သံမဏိ တန်ချိန် ၄၅ဝ,ဝဝဝ အသုံးပြုခဲ့ပါတယ်။ အဲဒီ‌ရေကန်အပိုင်းမှာ တံတားအောက်က သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်အောင် တံတားရဲ့ အမြင့်ကို မီတာ ၁၅ဝ (၄၉၂ ပေ)အထိ မြှင့်တင်ထားပါတယ်။ ဒီတံတားတိုင်တွေကို တန်ချိန် (၃)သိန်းလောက်အထိ လေးတဲ့ သင်္ဘောတွေ မတော်တဆတိုက်ခိုက်မိတာ ခံနိုင်အောင်ထိ တွက်ချက်တည်ဆောက်ထားပါတယ်။ 


ဒီတံတားဟာ တရုတ်ပြည်ရဲ့ အဓိကစီးပွားရေးရပ်ဝန်း တစ်ခုဖြစ်တဲ့ ယန်စီမြစ်ဝကျွန်းပေါ်ဒေသရဲ့ သယ်ယူ ပို့ဆောင်ရေးကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ တံတားဟာ ရှန်ဟိုင်းမြို့နဲ့ ကျန်းစူးပြည်နယ်က နန်ကျင်းမြို့ အကြားမှာတည်ရှိပါတယ်။ ဒီတံတားကို လူဦးရေထူထပ်စွာနေထိုင်တဲ့ဒေသရဲ့ မြောက်ဘက်အစွန်ပိုင်းမှာ အနောက်ဘက်ကနေ အရှေ့ဘက်ကို တန်းပြီးတည်ဆောက်ထားတာပါ။ တန့်ယန်းကနေစတင်ပြီး ချန်ကျိုး၊ ဝူရှီး၊ နဲ့စူးကျိုးတို့ကိုဖြတ်သန်းပြီး ခွန်းရှန်းမှာ ဆုံးပါတယ်။ ဒီတံတားကြီးပြီးစီးသွားတဲ့အတွက် အရင်က (၄)နာရီကြာ သွားခဲ့ရတဲ့ ခရီးကို ယခုအခါ တစ်နာရီကျော်သာသွားရပါတော့တယ်။ 



ကမ္ဘာ့အရှည်ဆုံးဒီတံတားကို Danyang-Kunshan grand bridge၊ တန့်ယန်း-ခွန်းရှန်း မဟာတံတားကြီး- တရုတ်လို 丹昆特大桥 (တန်းခွန်း ခက်တာ့ချောက်) လို့ခေါ်ပါတယ်။ တံတားကို မြေနိမ့်ပိုင်းဖြစ်တဲ့ ယန်စီ မြစ်ဝကျွန်းပေါ်ဒေသက  မြစ်များ၊ ချောင်းများ၊ တူးမြောင်းများ၊ ရေအိုင်များနဲ့ စပါးခင်းများတည်ရှိရာ ဒေသမှာ တည်ဆောက်ထားတာပါ။ အကြမ်းဖျင်းအားဖြင့် ယန်စီမြစ်ရဲ့တောင်ဘက် ၈ ကီလိုမီတာကနေ (၈ဝ) ကီလိုမီတာ (၅ မိုင်မှ မိုင် ၅ဝ) အကွာအဝေးအတွင်းမှာ မြစ်နဲ့အပြိုင် တည်ဆောက်ထားပါတယ်။   


တံတားကို ၂ဝဝ၆ ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှာ ပြီးဆုံးပါတယ်။ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိပြီး လုပ်သားအင်အား (၁ဝဝဝဝ)ကျော် အသုံးပြုခဲ့ရပါတယ်။ တစ်ကီလိုမီတာတိုင်းမှာ ဒေါ်လာ ၅၁ သန်းကုန်ကျတဲ့သဘောပါ။ 


ဒီတံတားကို တည်ဆောက်ရာမှာ ခေတ်မီ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုတွေကို အသုံးချခဲ့ရပါတယ်။ မြေင လျင်ဒဏ်၊ တိုက်ဖွန်းမုန်တိုင်းဒဏ်နဲ့ တခြား သဘာဝဘေးအန္တရာယ်တွေကို ခံနိုင်အောင် ဒီဇိုင်းထုတ်ခဲ့ရပြီး သက် တမ်း နှစ်ပေါင်း ၁ဝဝ ကျော်တာရှည်ခံဖို့ ရည်မှန်းတည်ဆောက်ခဲ့ကြပါတယ်။ 


တံတား ဒီဇိုင်းကို ဘယ်သူထုတ်ခဲ့သလဲ

ဒီတံတားဟာ ကမ္ဘာ့အရှည်ဆုံးတံတားတစ်ခုဖြစ်ပေမယ့် ဘယ်သူက ဒီဇိုင်းထုတ်ခဲ့တာလည်းဆိုတာတော့ ပြောဖို့ မလွယ်ပါ။ နောက်ဆုံးသိရှိလာရတဲ့အချက်က ဒီတံတားကို တရုတ် လမ်းနှင့်တံတား ကော်ပိုရေးရှင်း China Road and Bridge Corporation (CRBC) က ဒီဇိုင်းထုတ်တာ ဆိုတာပါဘဲ။ တရုတ် ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ China Communications Construction Company က ကူညီပံ့ပိုးတယ်လို့ဆိုပါတယ်။ ဒီကုမ္ပဏီက တရုတ်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး မူလအားဖြင့် တရုတ်ဆက်သွယ် ရေးဝန်ကြီးဌာန၊ နိုင်ငံခြား အကူအညီပေးရေးရုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီက တရုတ်နိုင်ငံ တွင်းမှာ အထင်ကရ အမြန်လမ်းမကြီးတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ သင်္ဘောဆိပ်တွေနဲ့ ဥမင်လှိုင်ခေါင်းတွေ စတဲ့ အင်ဂျင်နီယာလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။


နိဂုံးချုပ် 

တန့်ယန်း- ခွန်းရှန်း မဟာတံတားကြီးဟာ သိပ်ရှည်လွန်းတဲ့အတွက် သူ့အထဲက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်တဲ့ ၁၁၄ ကီလိုမီတာ(မိုင် ၇ဝ ကျော်) ရှည်လျားတဲ့  Langfang-Qingxian viaduct (လန်းဖန် ချင်းရှန့်) တံတား ကတောင် ကမ္ဘာ့ဒုတိယအရှည်ဆုံး တံတားအဖြစ မှတ်တမ်းဝင်ပါတယ်။ တရုတ်ပြည်ဟာ ရည်မှန်းချက်ကြီးမားတဲ့ အင်ဂျင်နီယာ ပရောဂျက်တွေတည်ဆောက်တဲ့နေရာမှာ ဂုဏ်သတင်းကြီးပါတယ်။ ပိုပြီးအရေးကြီးတဲ့အချက်က ခန့်မှန်းထားတဲ့အတိုင်း အချိန်မီ ပြီးစီးအောင်တည်ဆောက်နိုင်တာပါ။ ဒါကြောင့်လည်း ဒီလောက် မိုင် ၁ဝဝ ကျော်ရှည်လျားတဲ့ တံတားကို (၄) နှစ်အတွင်းပြီးစီးအောင်တည်ဆောက်နိုင်ခဲ့တဲ့ ဂုဏ်သတင်းကြောင့် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အထူးစိတ်ဝင်စားမှုကို ရရှိတာဖြစ်ပါကြောင်း။ 

                                                                                             

ကိုးကား- The Danyang-Kunshan Grand Bridge in China is the longest bridge over water in the world.

- Danyang–Kunshan Grand Bridge by Wikipedia 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းရှိ MSME လုပ်ငန်းများ ဒီဂျစ်တယ်နည်းပညာအသုံးပြုကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ဆွေးနွေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved