Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်ကို ပြန်ချင်တဲ့ ပန်းသီး (ဘာသာပြန်ဆောင်းပါး)

မောင်ဌေးအောင် (ကျောက်မဲ) (NSS) - ဇွန် ၂၄


အမေရိကန်နဲ့ တရုတ်အစိုးရတွေအကြားတင်းမာမှုတွေဟာ လွန်ခဲ့တဲ့လတွေမှာ အသည်းအသန် ပြင်းထန်လာနေပေမယ့် အဲဒီကိစ္စက အက်ပဲလ်တို့လို အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေ တရုတ်ပြည် ပြန်လာအလုပ်လုပ်မှာကိုတော့ မတားဆီးနိုင်ပါ။ အခုပြောပြမယ့်ကိစ္စက အက်ပဲလ်ကုမ္ပဏီက တရုတ်အစိုးရကို ပြန်ချော့ဖို့ ကြိုးစားနေတဲ့ အကြောင်းပါ။ အထူးသဖြင့် အစိုးရနှစ်ရပ်အကြား တင်းမာမှုတွေ မြင့်မားနေတဲ့ ကာလမှာပေါ့။ ဘာဖြစ်လို့ ဒီလို ပြောရတာလည်းဆိုတော့ အက်ပဲလ်ရဲ့ စီအီးအို တင်ကွတ်ဟာ ဒီနှစ်မတ်လ ၂၃ ရက်က၊ ပီကင်းမှာ အစိုးရက ဦးစီးကျင်းပတဲ့ တရုတ်ဖွံ့ဖြိုးရေး ဖိုရမ်ဆိုတာကို တက်ရောက်ခဲ့လို့ပါ။ အဲဒီဖိုရမ်ကိုတက်ရောက်ရင်းနဲ့ တင်ကွတ်က တရုတ်အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ သူက တရုတ်ပြည်ရဲ့ လျှင်မြန်လှတဲ့ တီထွင်ဖန်တီးမှုကို ချီးမွမ်းထောမနာပြုရင်း တရုတ်ပြည်နဲ့ အက်ပဲလ်ကုမ္ပဏီတို့ အကြားက နှစ်ပေါင်း ၃ဝ  ရှည်ကြာခဲ့ပြီဖြစ်တဲ့ ဆက်ဆံ‌ရေးကို အမွှမ်းတင်ခဲ့ပါတယ်။ ကြည့်ရတာက အက်ပဲလ်ရဲ့ စီအီးအိုဟာ တရုတ်နိုင်ငံနဲ့ အပြန်အလှန်အကျိုးရှိတဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းထားလိုပုံပါပဲ။ တကယ်တမ်းမှာတော့ တရုတ်ပြည်မကြီးထဲက အက်ပဲလ်ထုတ်ကုန်ရောင်းအား ၂ဝ ရာခိုင်နှုန်း ရှိတဲ့စျေးကွက် ၊ ထုတ်လုပ်ရေးမှာ ကုန်ကျစားရိတ် သက်သာမှုနဲ့ ကျွမ်းကျင်လုပ်သား ရရှိနိုင်မှုတို့က တကယ့် ဆွဲဆောင်မှုကြီးဖြစ်လို့ပါ။ 


တရုတ်အစိုးရ အလိုကျ လိုက်လျောပေးခဲ့မှုတွေ 


မကြာသေးတဲ့ကာလ ၂ဝ၂၁ ခုနှစ်တုန်းက အက်ပဲလ်ဟာပီကင်းကိုစိတ်ပျက်သွားစေတဲ့ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။ အဲဒါက သူ့ရဲ့ ထုတ်လုပ်ရေးစက်ရုံတွေကို တရုတ်အပေါ်မှီခိုနေရတာလျှော့ချပြီး အိန္ဒိယနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေဆီရွှေ့မယ်လို့ကြေညာခဲ့တာပါ။ အဲဒီလိုတရုတ်နဲ့ ဆက်ဆံ‌ရေး မကောင်းဖြစ်ခဲ့တာကို အက်ပဲလ်ကဆက်ပြီး ဆိုးရွားမသွားစေချင်တဲ့အတွက် တင်ကွတ်ကိုယ်တိုင် ပီကင်းအစည်းအဝေးလာတက်ရင်း မျက်နှာချို သွေးတာပါ။ 

တရုတ်အာဏာပိုင်တွေကို အက်ပဲလ်က ဒီလို မျက်နှာချိုသွေးတာမျိုးက ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်မှုနဲ့ ဒေတာသိုလှောင်မှုတို့နဲ့ ပတ်သက်တဲ့ ဥပဒေကို လေးစား လိုက်နာပါ့မယ်လို့ အက်ပဲလ်က ကြေငြာခဲ့ဖူးပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကြောင့် အက်ပဲလ်ဟာ ဝေဖန်တာခံရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အက်ပဲလ်ဟာ သူ့ရဲ့ထုတ်ကုန်တွေကို ပီကင်းရဲ့အလိုကျ အပြောင်းအလဲလုပ်ပေးခဲ့ရပါတယ်။ ၂ဝ၂၂ ခုနှစ်အတွင်းက တရုတ်မှာရောင်းတဲ့ အိုင်ဖုန်းတွေမှာ အဲယားဒရော့ပ် airdrop feature အသုံးပြုမှုကို ကန့်သတ်ပေးခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရကို ဆန္ဒပြသူတွေက တရုတ် သမ္မတရှီကျင့်ဖျင်နဲ့ တရုတ်အစိုးကို ဆန့်ကျင်တဲ့ ပို့စ်တွေကို အဲယားဒရော့ပ် airdrop feature ကိုအသုံးပြုပြီး ဖြန့်ဝေကြလို့ပါ။ အဲယားဒရော့ပ် ဆိုတာက အက်ပဲလ်ထုတ်ကုန်တွေမှာပါဝင်တဲ့ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ သတင်းအချက် အလက်တွေကို လျှင်လျှင်မြန်မြန် အပြန်အလှန်ဖြန့်ဝေနိုင်တဲ့  ကြိုးမဲ့လုပ်ဆောင်ချက်တစ်ခုပါ။ 


၂ဝ၂၁ ခုနှစ်မှာတော့ အက်ပဲလ်ဟာ တရုတ်အစိုးရကို ဒေသတွင်းက အချက်အလက်တွေထိန်းချုပ်ဖို့ အခွင့်ပေးအပ်ခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်မှာတော့ အက်ပဲဟာ သူ့ရဲ့ အီမိုဂျီ (ရုပ်ပုံသင်္ကေတ) ကီးဘုတ်ထဲက ထိုင်ဝမ်နိုင်ငံရဲ့အလံကို တရုတ်နဲ့ ဟောင်ကောင်မှာ အသုံးပြုတဲ့ဖုန်းတွေကနေ ဖယ်ရှားပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အတောအတွင်းမှာ အက်ပဲလ်တရုတ်အပလီကေးရှင်းစတိုးထဲက အပလီကေးရှင်း ထောင်ပေါင်းများစွာဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံခြားသတင်းဌာန အပလီကေး ရှင်းတွေနဲ့ ‌ gay dating apps လိင်တူချစ်သူများ ဒိတ်တင်း အပလီကေးရှင်းတွေပါဝင်ပါတယ်။ 


အမေရိကန်လွှတ်တော်အမတ်တွေကတော့ သူတို့အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေ တရုတ်ပြည်မှာ အစိုးရနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်နေကြသလဲဆိုတာကို အံ့သြစိုးရိမ်နေကြပါတယ်။ နောက် နည်းပညာကုမ္ပဏီတစ်ခုက မိုက္ကရိုဆော့ဖ်ပါ။ ကြားရတဲ့ သတင်းတွေအရ မိုက္ကရိုဆော့ဖ်ကုမ္ပဏီကလည်း တရုတ်ပြည်တွင်းမှာ ဆက်လက်တိုးချဲ့မယ်လို့ သိရပါတယ်။ ဒီကုမ္ပဏီက လာမဲ့ ၃ နှစ်မှ ၅ နှစ်အတွင်း ပီကင်းနဲ့ ရှန်ဟိုင်းမှာရှိတဲ့ သူ့ရဲ့ ပရိဝုဏ်တွေကို အဆင့်မြှင့်တင်မယ်လို့ဆိုပါတယ်။ အမေဇုန်ကလည်း တရုတ်အစိုးရနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သမ္မတရှီကျင့်ဖျင်အကြောင်းစာအုပ်ရဲ့ ရီဗျူးနဲ့ အဆင့်အတန်းသတ်မှတ်ချက်ကို ဖယ်ရှားပစ်ဖို့ တရုတ်အစိုးရက အမေဇုန်ကို ညွှန်ကြားခဲ့တာကို အမေဇုန်က လက်ခံပြီး ဖယ်ရှားပေးခဲ့ပါတယ်။  


လွန်ခဲ့တဲ့ ကာလအတွင်း အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီတွေကို အမျိုးသား လုံခြုံရေးအကြောင်း ပြချက်နဲ့ နှိပ်ကွပ်နေတဲ့အချိန်မှာ၊ အမေရိကန်နည်းပညာကုမ္ပဏီတွေကတော့ တရုတ်အစိုးရနဲ့ ပိုမိုနက်နက်ရှိုင်းရှိုင်း ဆက်ဆံလာနေတာကို တွေ့မြင်ရပါတယ်။ 


ဘာကြောင့်လဲ


အမေရိကန်က ဟွာဝေးလို တရုတ်နည်းပညာကုမ္ပဏီကြီးတွေကို နှိပ်ကွပ်တာကြောင့် တရုတ် အစိုးရရဲ့ လက်တုန့်ပြန်မှာကို စိုးရိမ်တဲ့ အက်ပဲလ်လို အမေရိကန်ကုမ္ပဏီတွေဟာ ၂ဝ၂၁ ခုနှစ်မှာ တရုတ်ကနေ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို စတင်ထွက်ခွာခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီမှာအဆင်မပြေဘဲ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံရပါတယ်။ 


အက်ပဲလ်ဟာ သူ့ရဲ့စက်ရုံကို အိန္ဒိယကို ရွှေ့ပြီးထုတ်လုပ်ဖို့စီစဉ်ခဲ့ပေမယ့် အဲဒါက ရုတ်တရက်တုန့်ဆိုင်းသွားပါတယ်။ ဒီလိုဘာကြောင့်ဖြစ်တာလည်းဆိုတာ သူတို့အရင် အိန္ဒိယကို ရောက်ရှိသွားတဲ့ Wistron ဝစ်စထရွန်နဲ့ ‌Foxconn ဖေါက်စ်ကွန်တို့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပါလိမ့်မယ်။  


အိန္ဒိယမှာ တရုတ်လောက် ကျွမ်းကျင်လုပ်သားရှာမရ


ဝစ်စထရွန်ဟာ အက်ပဲလ်ရဲ့ သြဇာ၊ ဖိအားနဲ့ မက်လုံးပေးမှုတွေကြောင့်၊ သူ့ရဲ့ထုတ်လုပ်ရေးတွေကို ၂ဝ၂ဝ ခုနှစ်မှာ အိန္ဒိယကို ပထမဆုံး စတင်ရွှေ့ပြောင်းခဲ့တဲ့ကုမ္ပဏီပါ။ ၂ဝ၂ဝ ခုနှစ်မှာ ဝစ်စထရွန်ဟာ တရုတ်မှာရှိတဲ့ သူ့စက်ရုံတွေကို ရောင်းပစ်လိုက်ပါတယ်။ ဒီစက်ရုံတွေက တရုတ်မှာရှိတဲ့ အက်ပဲလ် ကုမ္ပဏီအတွက် အလုပ်တွေပြီးမြောက်အောင် ပံ့ပိုးပေးတဲ့စက်ရုံတွေပါ။ အဲလိုနဲ့ တရုတ်ကထွက်ခွာလာတဲ့ ဝစ်ထရွန်ဟာ အိန္ဒိယမှာ အမြောက်အများရင်းနှီးမြှုပ်နှံမှုတွေလုပ်ပါတယ်။ ထုတ်လုပ်ရေးအခြေခံစခန်း သစ်ကြီး တစ်ခု တည်ထောင်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ။ ဒါပေမယ့် နှစ်နှစ်ကျော်လောက် ကြိုးစားလိုက်ပြီးတဲ့အခါမှာတော့ အခြေအနေတွေက သူတို့ မျှော်မှန်းထားတာတွေနဲ့ တခြားစီဖြစ်နေတာသိလိုက်ရပါတယ်။  အိန္ဒိယမှာ တည်ဆောက်တဲ့ ဝစ်စထရွန်ရဲ့ စက်ရုံတွေမှာ လုပ်သားအင်အားက ၁ဝ,ဝဝဝ သာရှိပြီး တရုတ်ပြည်မှာတုန်းက ရှိခဲ့တဲ့ လုပ်သားအင်အား ၈ဝ,ဝဝဝ ထက်အများကြီးသေးငယ်နေပါတယ်။ ကံမကောင်း အကြောင်းမလှချင်တော့၊ အိန္ဒိယမှာ ဒီလောက် သေးငယ်တဲ့စက်ရုံ ကလေးတစ်ရုံကိုတောင်မှ တာတာလို လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းကြီးတွေရဲ့ လောဘနဲ့ အမဲဖျက်တာကိုခံခဲ့ရပါတယ်။


ဒီဖြစ်ရပ်ကြောင့် ဝစ်စထရွန်ဟာ အိန္ဒိယစျေးကွက်ကနေ လုံးဝဥသုံ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  အက်ပဲလ်အတွက်ထုတ်လုပ်ပေးဖို့ လိုအပ်ချက်မပြည့်မီတာကြောင့် ဒီပြဿနာဟာ အက်ပဲလ်အတွက် တရုတ်က ထွက်ခွာ‌ဖို့အရေးမှာ ပထမဆုံးရင်ဆိုင်ရတဲ့ အခက်အခဲပါဘဲ။   


အက်ပဲလ်ရဲ့ ညွှန်ကြားမှုနဲ့ အိန္ဒိယမှာ စက်ရုံတွေတည်ထောင်ဖို့ကြိုးပမ်းတဲ့ နောက်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဖေါက်စ်ကွန်း Foxconn ကလည်း စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။ ဒီကုမ္ပဏီကလည်း ၃ နှစ်ကျော်လောက် ကြိုးစားခဲ့ပေမယ့် လုပ်သားအင်အား ၁၇,ဝဝဝ အထိသာ လုပ်ငန်းတိုးချဲ့နိုင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ လုပ်သား ဦးရေ ၃ဝဝ,ဝဝဝ ရှိတဲ့ တရုတ်နိုင်ငံ ကျန့်ကျိုး Zhang Zhao က ဖေါက်စ်ကွန်းရဲ့ စက်ရုံနဲ့ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ ဒီအရေအတွက် ၃ဝဝ,ဝဝဝ ဟာ ဖေါက်စ်ကွန်က တရုတ်ကိုပြန်လာပြီး ၂ နှစ်အတွင်း ‌ရှိလာတဲ့ လုပ်သားအင်အားစုပါ။ အမှန်က အိန္ဒိယမှာတည်တဲ့ စက်ရုံရဲ့ စကေးကို အလုပ်သမားအင်အား ၇ဝ,ဝဝဝ ကနေ ၅ဝ,ဝဝဝ အထိ လျှော့ချထားတာပါ။ ဒါတောင်မှ လိုအပ်တဲ့ အလုပ်သမားအင်အား အပြည့်မရပါဘူး။ ဒါ့ပြင် ဖေါက်စ်ကွန်းတည်ထောင်သူ တယ်ရီကော့ (Terry Guo - ကော့ထိုက်မင်) ရဲ့ညီငယ်ဖြစ်တဲ့ ကော့ထိုက်ချန်းရဲ့ လျှပ်စစ်ဓါတ်အားပေး စက်ရုံဟာ မတ်လထဲမှာ မီးလောင်ခဲ့ပါတယ်။ ဒီစက်ရုံက အက်ပဲလ်စက်ရုံကို ဓါတ်အားပေးဖို့ရည်ရွယ် တည်ဆောက် ထားတာပါ။ ကော့ထိုက်ချန်း ရဲ့ အိန္ဒိယစက်ရုံမှာ ထုတ်လုပ်ရေးလိုင်း ၁ဝ လိုင်းရှိပြီး ၄ လိုင်းက မီးလောင် ရာမှာပါသွားပါတယ်။ ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုက ဝစ်ထရွန်ရဲ့ ရုန်းကန်လှုပ်ရှားရမှုနဲ့ နှိုင်းစာရင် ပိုပြီးကြီးမားပါတယ်။ အက်ပဲလ်က အိန္ဒိယမှာ ထုတ်လုပ်ရေးတိုးတက်ကောင်းမွန်အောင် ဆက်ကြိုးစား ချင်ပေမယ့် အိုင်ဖုန်းထဲ မှာတပ်ဆင်ရမယ့် ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်မှုက အိန္ဒိယမှာရနိုင်တာက ၁ဝ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ ဒီလောက်နည်းပါးတဲ့ ရာခိုင်နှုန်းလောက်သာရရှိနိုင်တဲ့ အိန္ဒိယက အက်ပဲလ်ရဲ့ အိုင်ဖုန်းထုတ်လုပ်ရေးဟာ ကြီးမားတဲ့ ချို့ယွင်းမှုတစ်ခုပါဘဲ။ အက်ပဲလ်အနေနဲ့ အိန္ဒိယက သူ့ရဲ့စီမံကိန်းတွေကို အရှိန်လျှော့ချလိုက်တယ်လို့ တရားဝင် အသိအမှတ်ပြုပြောကြားတာမရှိပေမဲ့၊ မကြာသေးခင်က သတင်းပေးပို့ချက်တွေအရ အိုင်ဖုန်း မိုဒယ် ၁၅ ကို တရုတ်ပြည်မကြီးက ကုမ္ပဏီကထုတ်လုပ်မှာလို့ သိရပါတယ်။ အဲဒါကြောင့် ဖေါက်စ်ကွန်းကလည်း သူ့ရဲ့ စီးပွားရေး ဌာနချုပ်အသစ်တွေကို တရုတ်နိုင်ငံ ကျန့်ကျိုးမှာ တည်ဆောက်ပြီး တရုတ်မှာရင်းနှီးမြှုပ်နှံမှုတွေ ဆက် လုပ်မယ်လို့ မကြာသေးခင်ကဘဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ပေါ်တိုးတက်မှုတွေက ပြသနေတာက အက်ပဲလ်နဲ့ ဖေါက်စ်ကွန်းတို့ဟာ အိန္ဒိယကို အဓိကဦးတည်ပစ်မှတ်ထား ရင်းနှီးမြှုပ်နှံရာကနေ တရုတ်ပြည်ဘက်ကို ပြန်လည်ဦးတည်ပစ်မှတ်ထား ရင်းနှီးမြှုပ်နှံမှုပြုလာတာကို ပြသနေပါကြောင်း တင်ပြလိုက်ရပါတယ်။

                                                                                                    

ကိုးကား- China Becomes the Irreplaceable Chip Market | Why Apple & Others Companies Are Returning to China

- Apple tries to woo China, again | Tech It Out by WION         

                                                                                                       

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဧရာဝတီမြစ်အတွင်း နဂါးသိုက်ပွဲ ရေမျှောရာမှ အမျိုးသားတစ်ဦး ‌ရေနစ်ပျောက်ဆုံးမှု ပြည်မြို့၌ ဖြစ်ပွား

RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved