Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆန္ဒပြပွဲအတွင်းပါဝင်ခဲ့သော လူ(၂)ဦးကို အီရန်အစိုးရထပ်မံကွပ်မျက်ခဲ့ဟုဆို

Pika (NP News) - ဇန်နဝါရီ ၇

အီရန်နိုင်ငံဆန္ဒပြပွဲများအတွင်း လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့သော အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ(၇)ရက်တွင် ကွပ်မျက်ခဲ့ကြောင်း အီရန်အာဏာပိုင်များကပြောကြားခဲ့သည်၊၊

အဆိုပါ ကွပ်မျက်မှုသည် အီရန်နိုင်ငံစစ်အစိုးရကို စိန်ခေါ်နေသည့် ဆန္ဒပြပွဲများကို ရပ်တန့်ရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီရန်အာဏာပိုင်များကပြောကြားခဲ့သည်။

အီရန်နိုင်ငံတွင် အသက်(၂၂)နှစ်အရွယ်မာရှာအေမီနီသေဆုံးပြီးနောက် ဆန္ဒပြပွဲများစတင်ခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတည်းက ဆန္ဒပြပွဲများနှင့်ဆက်နွယ်မှုကြောင့် သေဒဏ်ပေးခံရသူ အနည်းဆုံးလူ(၁၄)ဦးရှိနေပြီဖြစ် ကြောင်းသိရသည်။

ကွပ်မျက်ခံရသူနှစ်ဦးမှာ မိုဟာမက်ကာရာမီနှင့် မိုဟာမက်ဟော့စီနီတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးစေခဲ့သည့် ရာဇဝတ်မှုတွင် အဓိကပါဝင်သူများဖြစ်သည့်အတွက် သေဒဏ်ပေးခံရခြင်းဖြစ်ကြောင်း အီရန်တရား‌ရေးရာဌာနကပြောကြားခဲ့သည်။

အဆိုပါအမျိုးသားနှစ်ဦးသည် နိုဝင် ဘာလ (၃)ရက်က တီဟီရန်မြို့အပြင်ဖက် Karaj မြို့တွင် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ Basij ရူဟိုလာအာဂျမင်းကို သတ်ဖြတ်ခဲ့မှုဖြင့် ပြစ်မှုထင်ရှားသောကြောင့် ကွပ်မျက်ခံခဲ့ရခြင်းဖြစ်ကြောင်း အီရန်တရားရုံးနှင့်နီးစပ်သည့် Mizan သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံရှိ အဓိကမြို့ကြီးများတွင် တပ်စွဲထားပြီး ဆန္ဒပြပွဲများတွင်ပါဝင်သော ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းနှင့်ဖမ်းဆီးခြင်းတို့ကိုလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အီရန်တရားရုံးများသည် တရားရင်ဆိုင်ရနေသူများကို တရားရင်ဆိုင်ရာတွင် ရှေ့နေခေါ်ယူခွင့်မပေးသကဲ့သို့ စိတ်ကြိုက်ရှေ့နေများရွေးချယ်ခွင့်မပြုကြောင်း အထောက်အထားများကိုလည်း ကြည်ရှုခွင့်မပေးကြောင်းသိရသည်။ နိုင်ငံတာကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အီရန်တရားရုံးများ၏ တရားစီရင်မှုသည် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်ထားသည်။


zawgyi version


Pika (NP News) - ဇန်နဝါရီ ၇






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖုန်းဖြင့် ခြိမ်းခြောက်မှုလက်ခံရရှိခဲ့ပြီးနောက် ဂျပန်ခရီးသည်တင်လေယာဉ်တစ်စင်းအရေးပေါ်ဆင်းသက်ခဲ့ရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved