Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျာမနီနိုင်ငံတွင် ယူကရိန်းနိုင်ငံသားများက ဒုတိယအများဆုံး ရွှေ့ပြောင်းနေထိုင်သူအဖွဲ့ဖြစ်လာ

Pika (NSS) - ဇွန် ၂၂

ဂျာမနီနိုင်ငံ၏ လူဦးရသည် (၂ဝ၂၂)ခုနှစ်တွင် (၁၁၂၂ဝဝဝ)ဦး တိုးလာခဲ့ပြီး နှစ်စဉ်(၁ ဒသမ ၃) ရာခိုင်နှုန်း တိုးလာခဲ့ ကြောင်း ဖက်ဒရယ်စာရင်းအင်းဝန်ဆောင်မှု Destatis က ဖော်ပြခဲ့သည်။ 

လူဦးရေတိုးလာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ယူကရိန်းမှ ဒုက္ခသည်အရေအတွက် အများအပြားနိုင်ငံတွင်း သို့ ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ (၂ဝ၂၁) ခုနှစ်တွင် ဂျာမနီနိုင်ငံသို့ ပြည်ပမှဝင်ရောက်လာ သူ (၃၂၉ဝဝဝ)ဦးရှိပြီး (၂ဝ၂၂)ခုနှစ်တွင် (၁၄၅၅ဝဝဝ)ဦး ဝင်ရောက်လာခဲ့ခြင်းကြောင့် နိုင်ငံအတွင်းရှိ လူဦးရေသည် (၂ဝ၂၂)ခုနှစ်ကုန်တွင် (၈၄ ဒသမ ၄) သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအချက်ကြောင့် ဂျာမနီတွင် နေထိုင်သော ယူကရိန်းနိုင်ငံသားများသည် နိုင်ငံသားမဟုတ်သည့် ဒုတိယ အကြီးဆုံးအဖွဲ့တစ်ခုဖြစ်လာခဲ့ကြောင်း  Destatis က ပြောကြားခဲ့သည်။

ဂျာမနီတွင်နေထိုင်သော နိုင်ငံခြားသား(၁၂ ဒသမ ၃) သန်းရှိသည့်အနက် (၁ ဒသမ ၃၄) သန်းသည် တူရကီနိုင်ငံသား များဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကုန်တွင် ဂျာမနီနိုင်ငံမှာ နေထိုင်သူ ယူကရိန်းနိုင်ငံသား (၁ ဒသမ ဝ၅) သန်းရှိပြီး နှစ်စဉ်ခြောက်ဆ တိုးလာနေကြောင်း သိရသည်။ 

ဆီးရီးယားနိုင်ငံသားများသည် ဂျာမနီတွင် နေထိုင်သည့် နိုင်ငံခြားသားများအနက် တတိယမြောက်အများဆုံးဖြစ်ပြီး လူဦးရေမှာ(၈၈၃ဝဝဝ)ဦး ရှိကြောင်း သိရသည်။ ပြည်ပမှ နိုင်ငံသားများ ဝင်ရောက်လာခြင်းသည် ဂျာမနီ လူအဖွဲ့အစည်း၏ အသက်အရွယ်ဖွဲ့စည်းပုံကို အနည်းငယ်ပြောင်းလဲစေခဲ့ပြီး အသက်(၂ဝ)အောက် လူငယ်များ၏ ဝေစုသည် (၂)ဒသမ(၈)ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံတွင်းသို့ ယူကရိန်းနိုင်ငံသားများ ဝင်ရောက်လာမှုသည် တင်းမာမှုအချို့ကိုဖြစ်ပေါ်စေခဲ့သလို အချို့သော နိုင်ငံပိုင်မီဒီယာများသည် ဂျာမနီရှိ ယူကရိန်းနိုင်ငံသားများကြားတွင် အလုပ်အကိုင်နည်းပါးနေခြင်းကို အခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့် နှိုင်းယှဉ်ကာ မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေး ဆောင်ရွက်ရာ၌ ခရီးသည်ဝင်ထွက်မှုလွယ်ကူရေးအပြင် ငွေလဲလှယ်နှုန်းလည်း လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved