Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗီယက်နမ်စစ်ပွဲကို ရပ်ဆိုင်းစေခဲ့သူ အမေရိကန်စစ်ပြန်ကြီး အသက် (၉၂) နှစ်အရွယ်၌ ကွယ်လွန် (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဇွန် ၁၇


အမေရိကန် စစ်ဘက်ဆိုင်ရာ သရုပ်ခွဲစိစစ်ရေးပညာရှင် ဒယ်နီယယ်အဲ့လ်ဘတ်ဟာ သောကြာနေ့ (ဇွန်လ ၁၆ ရက်) မှာ ကွယ်လွန်ခဲ့ပြီး ကွန်လွန်ချိန်မှာ အသက် ၉၂ နှစ်အရွယ်ရှိတယ်လို့ သူ့မိသားစုက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဗီယက်နမ်စစ်ပွဲအပေါ် စိတ်နှလုံးပြောင်းလဲသွားခဲ့သူ အဲ့လ်ဘတ်ဟာ လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ “ပင်တာဂွန်စာတမ်းများ” ကို ပေါက်ကြားစေပြီး အမေရိကန်အစိုးရရဲ့ လိမ်လည်လှည့်ဖြားမှုများကို ဖွင့်ချခဲ့ခြင်းအားဖြင့် မီဒီယာလွတ်လပ်ခွင့် တိုက်ပွဲမှာ အရေးပါသူတစ်ဦးဖြစ်တယ်လို့ Reuters က ယနေ့ (ဇွန်လ ၁၇ ရက်)မှာ ရေးသားပါတယ်။


အဲ့လ်ဘတ်မှာ ခွဲစိတ်ကုသလို့ မရနိုင်တော့တဲ့ ပန်ကရိယကင်ဆာရောဂါဖြစ်ပွားနေကြောင်း ဖေဖော်ဝါရီလမှာ စစ်ဆေးတွေ့ရှိခဲ့ပြီ ကယ်လီဖိုးနီးယားပြည်နယ် ကင်ဆိုင်တန်ရှိ နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့မိသားစုက ပြောပါတယ်။


အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်များကို လူအများသိရှိအောင် ဖွင့်ချရာမှာ အဲ့လ်ဘတ်စဟာ အက်ဒဝပ်စနိုးဒင်နဲ့ ဝီကီလိခ်တို့ထက် အများကြီးစောပါတယ်။ အဲ့လ်ဘတ်ဟာ အမေရိကန် အစိုးရအနေနဲ့ သူတို့ကို တစ်လွဲ အမှတ်မှားစေပြီး ဘယ်လို လိမ်လည်လှည့်ဖြားနိုင်စွမ်းရှိကြောင်း အမေရိကန်ပြည်သူတို့ကို အသိပေးခဲ့ပါတယ်။ အဲ့လ်ဘတ်ရဲ့ နောက်ပိုင်းနှစ်များဟာ မတရားလိမ်လည်မှုများအပေါ် စောင့်ကြည်သူများနဲ့ သတင်းမှန် ဖွင့်ချသူ များအတွက် ထောက်ခံသူဖြစ်လာခဲ့ပါတယ်။ အဲ့လ်ဘတ်ရဲ့ ပင်တာဂွန်စာရွက်စာတန်းများ ပေါက်ကြားမှု အကြောင်းကို ၂ဝ၁၇ ခုနှစ်မှာ "The Post" အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ နာမည်ကျော် သရုပ်ဆောင် တွမ်ဟင့်ခ်၊ မာရီရယ်လ်စထရစ်တို့ ပါ၀င်ထားကြပြီး ကမ္ဘာကျော်ဒါရိုက်တာ စတီဗင်စပီးလ်ဘတ်က ရိုက်ကူးခဲ့ ခြင်းဖြစ်ပါတယ်။


ဗီယက်နမ်စစ်ပွဲ ပြီးဆုံးရေး အရှိန်မြှင့်ဖို့ မျှော်လင့်ချက်ဖြင့် ၁၉၇၁ ခုနှစ်မှာ မီဒီယာများနဲ့ တိတ်တဆိတ်ဆက် သွယ်ခဲ့ပါတယ်။ ဒီအတွက် သူဟာ သမ္မတနစ်ဆင်ရဲ့ သွားပုပ်လေလွင့် စွပ်စွဲစရာ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ အချိန် သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဟင်နရီ ကစ်ဆင်ဂျာဆိုလျှင် အမေရိကန်မှာ အန္တရာယ်အရှိဆုံး၊ ဖြစ်တဲ့နည်းနဲ့ ပါးစပ် ပိတ်ပစ်ရမယ့်သူအဖြစ် အဲ့လ်ဘတ်ကို ကင်ပွန်းတပ်ခဲ့ပါတယ်။


၁၉၆ဝ ပြည့်လွန်နှစ်များ အလယ်ပိုင်း အမေရိကန်နိုင်ငံခြားရေးဌာနအတွက် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ကို ရောက် ရှိသွားတဲ့ အဲ့လ်ဘတ်မှာ အထင်ကြီးစရာ ကိုယ်ရေးအကျဉ်းတစ်ခုရှိနေခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ ၃-ခု ရရှိခဲ့သူဟာ မရိန်းတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်ခဲ့ပြီး ပင်တာဂွန်စစ်ဋ္ဌာချုပ်နဲ့ RAND Corporation ခေါ် သြဇာအရှိန်အဝါ ကြီးမားလှတဲ့ မူဝါဒနဲ့ သုတေသနဆိုင်ရာအဖွဲ့မှာ ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်ပေးရ ပါတယ်။


သူဟာ အဲဒီအချိန် ဗီယက်နမ်မှာ စစ်အေးတိုက်ပွဲဝင် စစ်သည်တော်နဲ့ နိုင်ငံခြားရေးရာမှာ သဘောထားတင်း မာသူ တစ်ဦးအဖြစ် အလုပ်ထဲမှာ စိတ်ကို မြှုပ်နှံထားခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ ဆိုင်ဂုံ နှစ်နှစ်တာ တာဝန်ထမ်း ဆောင်ဖို့သက်တမ်းဟာ တစ်ပတ်သာ လိုတော့တဲ့အချိန်မှာ အမေရိကန်ဟာ စစ်ပွဲမှာ အနိုင်ရမှာ မဟုတ် ကြောင်း သူသိလိုက်ရတယ်လို့ သူရဲ့ ၂၀၀၃-ခုနှစ်ထုတ် "လျှို့ဝှက်ချက်များ၊ ဗီယက်နမ်အမှတ်တရနှင့် ပင်တာ ဂွန်စာရွက်စာတန်းများ” စာအုပ်မှာ ရေးသားထားပါတယ်။


အဲ့ဒီအချိန် ကာကွယ်ရေးဝန်ကြီး ရောဘတ်_မက်ခ်နာမာရာရဲ့ အမိန့်အရ ပင်တာဂွန်တာဝန်ရှိသူတွေဟာ (ဒုတိ ယကမ္ဘာစစ်အပြီး) ၁၉၄၅ ခုနှစ်မှ ၁၉၆၇ ခုနှစ်အတွင်း ဗီယက်နမ်မှာ အမေရိကန်တို့ရဲ့ ပါဝင်ပတ်သက်မှုများ အကြောင်း စာမျက်နှာ ၇,ဝဝဝ ပါ အစီရင်ခံစာအတွက် (အချက်အလက်များကို) လျှို့ဝှက်စွာ စုစည်းထားစေခဲ့ပါ တယ်။ ၁၉၆၉ ခုနှစ် အပြီးသတ်ပြီးတဲ့အခါ (လျှို့ဝှက်အဆင့်) ထုတ်ဝေတဲ့ စာအုပ် ၁၅ အုပ်အနက် ၂-အုပ်ဟာ နောက်တစ်ကြိမ် အဲ့လ်ဘတ်အလုပ် လုပ်ဖြစ်ခဲ့ RAND ကော်ပိုရေးရှင်းထံ ရောက်ရှိသွားခဲ့ပါတယ်။ 


စစ်ပွဲအပေါ် သူရဲ့ အမြင်သစ်ဖြင့် အဲ့လ်ဘတ်ဟာ ငြိမ်းချမ်းရေးချီတက်ပွဲများကို စတင်တက်ရောက်ခဲ့ပါတယ်။ ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့အတွက် ထောင်ကျဖို့ မျှော်လင့်ထားကြောင်း စစ်ဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦးက ပြောဆိုသံကို ကြားသိရပြီးနောက် “ပင်တာဂွန် စာတမ်းများ” ကို ကူးယူဖို့ စိတ်၀င်စားလာခဲ့တယ်လို့ သူက ပြောပါတယ်။


RAND Corporation ရုံးမှ ထိပ်တန်းလျှို့ဝှက်လေ့လာမှုဆိုင်ရာ စာရွက်စာတန်းများကို ခိုးယူပြီး သူ့ရဲ့ ၁၃-နှစ် နှစ်အရွယ် သားနဲ့ ၁၀ နှစ် အရွယ်သမီး၊ အငှားမိတ္တူကူးစက်ရဲ့ အကူအညီနဲ့ ညဘက်တွေမှာ ကူးယူခဲ့ပါတယ်။ မက်ဆာချူးဆက် နည်းပညာအင်စတီကျုဒ်မှာ အလုပ်တစ်ခုအတွက် ဘော်စတွန်သို့ ပြောင်းရွှေ့ သွားရတဲ့အခါ စာရွက်စာတမ်းများကို သူနဲ့ တစ်ပါတည်း ယူဆောင်သွားပြီး New York Times သတင်းစာမှာ မဖော်ပြမီ တစ်နှစ်ခွဲကြာအောင် အတူရှိနေခဲ့ပါတယ်။

.

ဇွန်လ ၁၃-ရက်၊ ၁၉၇၁- ခုနှစ် The Times မဂ္ဂဇင်းက ပထမဆုံးသော "ပင်တာဂွန် စာတမ်းများ" စာအုပ်ကို စတင်ထုတ်ဝေခဲ့ပါတယ်။ သမ္မတရစ်ချက်နစ်ဆင်အစိုးရကလည်း နောက်ထပ်ထုတ်ဝေမှုကို တားဆီးဖို့အတွက် တရားရုံးများမှတဆင့် အမြန်ဆောင်ရွက်လာပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို အကြောင်း ပြခြင်းများနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးအခွင့်အာဏာအရ မထုတ်ဝေမီ ကြိုတင်ဆင်ဆာဖြတ်တောက်ဖို့ လွန်ကဲတဲ့ ကန့်သတ် ချုပ်ချယ်ခြင်းအတွက် သတင်းလွတ်လပ်ခွင့် တိုက်ပွဲများကို ဖြစ်ပေါ်စေခဲ့ပါတယ်။


အဲ့ဘတ်ရဲ့ နောက်ထပ်လှုပ်ရှားမှုကတော့ Washington Post နဲ့ အခြားသတင်းစာတစ်ဒါဇင်ကျော်တို့ထံ "ပင်တာဂွန်စာရွက်များ" ကို ပေးအပ်ဖို့ဖြစ်ပါတယ်။ New York Times v. U.S. မှာ အဲ့ဒီစာရွက်စာတမ်းတွေကို ထုတ်ဝေခွင့်ရှိကြောင်း ပထမအကြိမ်ထုတ်ဝေပြီးနောက် သုံးပတ်မပြည့်မီ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် Times ကလည်း ထုတ်ဝေမှုများကို ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။


စစ်ပွဲမှာ အောင်မြင်မှု မရနိုင်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ကောက်ချက်ချခဲ့ကြောင်း၊ တောင်ဗီယက် နမ်ခေါင်းဆောင်ကို ဖြုတ်ချပြီး အာဏာသိမ်းမယ့် အစီအစဉ်ကို သမ္မတ ဂျွန်အက်ဖ်ကနေဒီက အတည်ပြုပေးခဲ့ ကြောင်း၊ ကနေဒီကိုဆက်ခံသူ လင်ဒန်ဂျွန်ဆင်ကလည်း ၁၉၆၄- ခုနှစ် မဲဆွယ်ကာလ မလုပ်ပါဘူးလို့ ကတိ ပေး ခဲ့ဖူးတဲ့ မြောက်ဗီယက်နမ်ကို ဗုံးကြဲခြင်း အပါအဝင် စစ်ပွဲကို ချဲ့ထွင်ရန် အစီအစဉ်ရှိကြောင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာ အမေရိကန်ရဲ့ လျှို့ဝှက် ဗုံးကြဲတိုက်ခိုက်စဉ် သေဆုံးရသူ အရေအတွက်ဟာ သတင်းများမှာ ဖော်ပြတာထက် ပိုများကြောင်း ပေါက်ကြားချက် စာအုပ်များမှာ ဖော်ပြထားပါတယ်။


The Times က စာရွက်စာတန်း ပေါက်ကြားခဲ့တဲ့ ရင်းမြစ်ကို မဖော်ပြပေမဲ့ FBI က လက်သည်ကို မြန်မြန်ဆန် ဆန်ပဲ ရှာတွေ့သွားပါတယ်။ ဘော်စတွန်မှာ အလျော့ပေး အဖမ်းမခံမီ အဲ့လ်ဘတ်ဟာ FBI လူသတ်သမားများ လက်မှ လွတ်အောင် နှစ်ပတ်ခန့် ကိုယ်ရောင် ဖျောက်နေခဲ့ရပါတယ်။ “တာ၀န်သိ နိုင်ငံသားတစ်ယောက်အနေနဲ့ (အမေရိကန်အစိုးရရဲ့) လိမ်ညာလှည့်ဖျားမှု တွေကို ဖုံးကွယ်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်တော့မှာမဟုတ်ဘူး လို့ ခံစားခဲ့ရကြောင်း၊ ကိုယ့်အပေါ် ကျရောက်လာမယ့် အန္တရာယ်ကိုလည်း ရှင်းရှင်းလင်းလင်း သိထားခဲ့ပြီး အကျိုးဆက်အားလုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့ကြောင်း၊ စောစောစီးစီး ဖွင့်မချနိုင်ခဲ့တာကိုပဲ နောင်တရမိ တယ်"လို့ အဲ့ဒီအချိန် အဲ့လ်ဘတ်က ပြောခဲ့ပါတယ်။ 


(အဲ့လ်ဘတ်ရဲ့ ပင်တာဂွန်စာရွက်စာတန်းများဟာ အမေရိကန်နိုင်ငံတစ်ဝှန်း ဗီယက်နမ်စစ်ဆန့်ကျင်ရေးများ အရှိန် အဟုန်မြင့်လာအောင် တွန်းအားပေးခဲ့ပါတယ်။ ၁၉၇၂-ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဗီယက်နမ်စစ်ရပ်စဲ ရေးဟာ ထိပ်တန်း မဲဆွယ်ကတိဖြစ်လာပါတယ်။ နစ်ဆင်ရဲ့ လုံခြုံရေးအကြံပေး ကစ်ဆင်းဂျားလည်း မြောက်ဗီ ယက်နမ်ခေါင်းဆောင်များနဲ့ တိတ်တခိုးဆက်သွယ်ပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ရတဲ့အတွက် ၁၉၇၃-ခုနှစ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေပေမဲ့ လက်မှတ်ရေးထိုးခဲ့ကြသူ ကစ်ဆင်းဂျားနဲ့ မြောက်ဗီယက်နမ်ခေါင်းဆောင် လီဒတ်သိုတို့ကအဲ့ဒီနှစ် #ငြိမ်းချမ်းရေး_နိုဘယ်ဆုကို ပူးတွဲ ဆွတ်ခူးသွားကြပါတယ်။) 


"ပင်တာဂွန်စာတမ်းများ" ဟာ နစ်ဆင်ရဲ့ ဗီယက်နမ်ကိုကိုင်တွယ်ပုံကို ဖုံးကွယ်မထားပေမဲ့ သူနှုတ်ထွက်ပေး ခဲ့ရတဲ့ “ ဝါးတားဂိတ် အရှုတ်တော်ပုံ“ ပါ အိမ်ဖြူတော် "ရေပိုက်ပြင်သမားများ" က နောက်ထပ်ပေါက်ကြားမှုများကိုရပ်တန့်ရန်နဲ့ အဲ့လ်ဘတ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေဖို့ ကြိုးစားခြင်း ခံရပါတယ်။


အိမ်ဖြူတော် ညွှန်ကြားချက်အရ ဝါးတားဂိတ် ဒီမိုကရက်တစ်ပါတီရုံးချုပ်ကို ရေပိုက်ပြင်သမားဟန်ဆောင်ပြီး ဖောက်ထွင်း၀င်ရောက်ခဲ့သူများ အနက် ၂-ဦးဟာ အဲ့လ်ဘတ်ကုသရာ စိတ်ရောဂါအထူးကုဆေးရုံအတွင်း ခိုး ကြောင်ခိုးဝှက် ၀င်ရောက်ခဲ့ပြီး အရူးလက်မှတ်ရှိလေမလား ရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။ 


ဒယ်နီယယ်အဲ့လ်ဘတ်နဲ့ လုပ်ဖော်ကိုင်ဘက်များဟာ တရားစွဲဆိုခံရပေမဲ့ အစိုးရရဲ့ အကျင့်ပျက်မှုများကြောင့် အမှုကို ရုံးတော်က ပလပ်ပေးခဲ့ပါတယ်။ အစိုးရတို့ရဲ့ ပွင့်လင်းမြင်သာနဲ့ နျူကလီယားလက်နက် မပြန့်ပွားရေးတို့ ကို အားပေးထောက်ခံသူ စာရေးဆရာနဲ့ ဟောပြောသူတစ်ဦး ဖြစ်လာခဲ့သည်။ အက်ဒ၀ပ်စနိုးဒင်နဲ့ ဝီကီလိခ်သ တင်းများ ပေါက်ကြားစေသူ ချယ်ဆီးမန်းနင်းတို့ကို သူရဲကောင်းများအဖြစ် ယုံကြည်ခဲ့သူ ဒယ်နီယယ်အဲ့လ်ဘတ် ဟာ နှစ်ကြိမ်လက်ထပ်ခဲ့ပြီး သားသမီး သုံးဦးတို့ရဲ့ ဖခင်ဖြစ်ပါတယ်။


(Reuters., 17 June 2023,” Daniel Ellsberg, who leaked 'Pentagon Papers,' dies at 92.” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သိမ်ဇရပ်မြို့အတွင်းသို့ ၆၀(မမ)ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား(၁)ဦးသေဆုံးကာ မူကြိုအရွယ်ကလေးအပါဝင်(၄)ဦး ဒဏ်ရာရ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved