ဓာတ်တိုင်ပေါ်တတ်သူ အမျိုးသားတစ်ဦး ဓာတ်လိုက်ပြီး ပြုတ်ကျသေဆုံးမှု ပုသိမ်ကြီးမြို့နယ်တွင်ဖြစ်ပွား
Pearl (NP News) - ဇွန် ၁၁
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဓာတ်တိုင်ပေါ်တတ်သူ အမျိုးသားတစ်ဦး ဓာတ်လိုက်ပြီးပြုတ်ကျသေဆုံးခဲ့ကြောင်း အနန္တမေတ္တာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁ဝ ရက်)၊ ည(၇)နာရီ ခွဲအချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေထွက်မြောက်ပိုင်း၊ မြောင်းဘောင်ဘေးတွင် ဓာတ်တိုင်ပေါ်တတ်သူ အမျိုးသားတစ်ဦးသည် ဓာတ်လိုက်၍ အောက်သို့ပြုတ်ကျကာ သေဆုံးနေခဲ့ကြောင်း သိရသည်။
"မီးကြိုးတတ်ချိန်းတာလား၊ မီးကြိုးခိုးတာလား ။ ဘာလုပ်တာလဲတော့ မသိဘူး။ အခင်းဖြစ်နေရာမှာပဲ ဆုံးတာ။ ပတ်ဝန်းကျင် အကြောင်းကြားလို့ ကျွန်တော်တို့သွားကူညီပေးတာပါ"ဟု အနန္တမေတ္တာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါအမျိုးသားသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သေဆုံးသူအမျိုးသားသည် အသက်(၃ဝ)နှစ်ကျော်ခန့် ရှိသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦး အိပ်ပျော်နေစဉ် သေဆုံးမှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း