Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား မလိုလားအပ်သည့်ပုဂ္ဂိုလ်အဖြစ် ဆူဒန်ကြေညာ

Htay Oung (NP News) - ဇွန် ၁ဝ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဆူဒန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ “ယူနီတမ်မစ်ရှင်ခေါင်းဆောင်” ဖြစ်သူ ဗော်လ်ကာပက်သီဟာ နိုင်ငံတော်အတွက် မလိုလားအပ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆူဒန်နိုင်ငံက ကြေညာလိုက်ပါတယ်။ အထူးကိုယ်စားလှယ်ဟာ စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့တွေအကြား တိုက်ပွဲများ အရှိန်မြင့်အောင် လုပ်ဆောင်နေတယ်လို့ ဆူဒန်တပ်မတော်အကြီးအကဲက စွပ်စွဲပြီးနောက် ယခုလို ကြေငြာချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဂျာမန်အခြေစိုက် “ဒွိုက်ဝယ်လီ“ DW သတင်းအေဂျင်စီက ဇွန်လ ၉ ရက်မှာရေးသားပါတယ်။ 

မလိုလားအပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ သံတမန် သို့မဟုတ် လူပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် အများကို သက်ဆိုင်ရာနိုင်ငံ သို့မဟုတ် စေလွှတ်သူက အမြန်ဆုံး ပြန်လည်ခေါ်ယူဖို့အတွက် နိုင်ငံတကာ သံတမန်ရေးဆိုင်ရာ အသုံးအနှုန်းဖြစ်ပြီး ပျက်ကွက်လျှင် ၎င်းကို လက်ခံရန် ငြင်းဆို သို့မဟုတ် မောင်းထုတ်မယ်လို့ ဆိုလိုပါတယ်။

ဗော်လ်ကာပက်သီဟာ “မလိုလားအပ်တဲ့ မိတ်ဆွေဖြစ်ကြောင်း“ ဆူဒန်သမ္မတနိုင်ငံအစိုးရက ကုလသမဂ္ဂအထွေထွအတွင်းရေးမှူးချုပ်ထံကို ဒီနေ့ပဲ အကြောင်းကြားထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗော်လ်ကာပက်သီဟာ ကြာသပတေးနေ့ အီသီယိုးပီးယားနိုင်ငံ အဒစ်ဘာဘာမြို့မှာ ရောက်ရှိနေပြီး သံတမန်ရေးရာ ဆွေးနွေးပွဲတွေကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်ရဲ့ Twitter feed တွင် ဖော်ပြထားပါတယ်။ ပက်သီဟာ ယခင်တုန်းကလည်း တုန့်ပြန်ဆောင်ရွက်မှုများနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

သူဟာ ဆူဒန်အရေးကိစ္စမှာ အဓိက ဖျန်ဖြေပေးသူအဖြစ် ဆောင်ရွက်နေပါတယ်။ ပထမဆုံး မတည်ငြိမ်တဲ့ အာဖရိကအရှေ့မြောက်ပိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပါ၀င်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆူဒန်စစ်တပ်နဲ့ “လျှပ်တပြက်ထောက်ပို့တပ်” RSF လက်နက်ကိုင်တို့အကြား တင်းမာမှုများ ပိုမိုဆိုးရွားလာပြီးနောက် ဧပြီလမှာ တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို မထိန်းသိမ်းနိုင်ပဲ ပျက်ကွက်တယ်လို့ (သူရဲ့ ဝေဖန်မှုဟာ) စစ်ဘေးသင့်နိုင်ငံအတွင်းရှိ နှစ်ဖက်ခေါင်းဆောင်များရဲ့ အမျက်ဒေါသကို ဆွဲထုတ်ပေးသလို ရှိနေခဲ့ပါတယ်။

ဗော်လ်ကာပက်သီဟာ နိုင်ငံရဲ့ ပဋိပက္ခကို လှုံ့ဆော်ပေးနေတယ်လို့ ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒဲလ်_ ဖာတာအယ်လ်ဘာဟန်အနေနဲ့ ယခင်ကလည်း စွပ်စွပ်ခဲ့ဖူးပါတယ်။ ပက်သီကို ဖယ်ရှားပေးဖို့ ကုလသမဂ္ဂအထွေထွထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ထံ မေလတုန်းက စာရေးသားပေးပို့ခဲ့ဖူးပါတယ်။

အဲဒီနောက် ဗော်လ်ကာပက်သီဟာ ဆူဒန်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မလေးစားကြောင်း ဘာဟန်က ထပ်လောင်းစွပ်စွဲခဲ့ပေမယ့် ဂူတားရက်စ်က ပက်သီရဲ့ဘက်မှာ ရပ်တည်ခဲ့ပါတယ်။

ဒါပေမယ့် ပုံမှန် တစ်နှစ်သတ်မှတ်ရမယ့် “ ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဘက်စုံ အသွင်ကူးပြောင်းမှု အကူအညီပေးရေးမစ်ရှင် (ယူနီတမ်) UNITAMS ရဲ့ သက်တမ်းကို (၆)လသာ တိုးမြှင့်ရန်  ပြီးခဲ့တဲ့သီတင်းပတ်က ကုလလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားတဲ့ ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းမှု တော်လှန်ရေးဟာ လမ်းမပေါ် အစုအပုံလိုက်လူသတ်ပွဲများဖြစ်ပေါ်ခဲ့ပါတယ်။ နှစ် ၃ဝ ကြာအုပ်ချုပ်ခဲ့သူ သမ္မတ အိုမာအယ်လ်ဘာရှီယာကိုဖြုတ်ချပြီး အသွင်ကူးပြောင်းရေး စစ်ကောင်စီ TMC က ၂ဝ၁၉ ခုနှစ် အောက်တိုဘာလမှာ အာ ဏာလွှဲပြောင်းရယူခဲ့ပါတယ်။ TMC ဟာ စစ်ဘက်-အရပ်ဘက် စုပေါင်းပါဝင်တဲ့ နိုင်ငံတော်ကောင်စီနဲ့ အရပ်သားဝန်ကြီးချုပ် အရပ်သားအစိုးရအဖွဲ့ဝင်ထံ အုပ်ချုပ်ရေး-တရားစီရင်ရေးအာဏာကို တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။ 

ဒါပေမဲ့ နိုင်ငံရေး အချေအတင်ငြင်းခုံမှုများ ဆက်လက်တည်ရှိနေပြီး အကြမ်းဖက်မှုများဟာ ဆူဒန်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် ခြိမ်းခြောက်မှုများ ရှိနေခဲ့ပါတယ်။ အိမ်နီးချင်း လစ်ဗျား၊ အီဂျစ်၊ တူနီးရှားနိုင်ငံတို့ရဲ့ (“အာရပ်နွေဦးတော်လှန်ရေး“ အပြီး) အခြေအနေများအပါအ၀င် အာဖရိကမြောက်ပိုင်း နိုင်ငံများရဲ့ အခြားဒီမိုကရေစီရေး စိတ်ပျက်စရာများနဲ့အတူ ဆူဒန်မှာ ဆုတ်ယုတ်မှုများ ပေါ်လာရတယ်လို့ အာဖရိက ဦးချိုဒေသဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဂျက်ဖရီ_ဖဲလ်မန်းက ထောက်ပြပါတယ်။ TMC ဒုတိယ ဥက္ကဋ္ဌ ဆူဒန်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဘာဟန်က အာဏာကို လက်ဝါးကြီးအုပ်ထားတယ်လို့လည်း သုံးသပ်ကြပါတယ်။

အစ္စလာမ်မစ် စစ်အာဏာရှင် အိုင်မာအယ်လ်ဘာရှီယာ ကျဆုံးပြီး တစ်နှစ်အကြာ ဆူဒန်နိုင်ငံမှာ ကုလသမဂ္ဂဦးဆောင်တဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် “ယူနီတမ်စ်“ ကို ၂ဝ၂ဝ ခုနှစ် ဇွန်လမှာ ဖန်တီးခဲ့ပါတယ်။

အဲဒီနောက် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ဆူဒန်မှာ တပ်မတော်နဲ့ RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာ မက်ဟမ်ဒမ်ဒါဂါလိုတို့ ပူးပေါင်းပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတကာပါဝင်တဲ့ ညှိနှိုင်းမှုအရ အရပ်သားအုပ်ချုပ်ရေးပုံစံဆက်လက်ပြောင်းလဲရေးမှာ အခက်အခဲမရှိပေမဲ့ နိုင်ငံရေးအငြင်းပွားမှုများရဲ့ အဓိကအချက်မှာ RSF ကို ပေါင်းထည့်ပြီး “ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေး” ဖြစ်ပါတယ်။ အဲဒီအတွက် ၁ဝ နှစ်အချိန်ပေးဖို့ အရံတပ်ခေါင်းဆောင် ဒါဂါလိုက တောင်းဆိုခဲ့ပြီး၊ စစ်တပ်ခေါင်းဆောင် ဘာဟန်က (၂)နှစ်အတွင်းပေါင်းစည်းဖို့ ရပ်တည်ခဲ့ပါတယ်။ 

အနာဂတ်တပ်မတော်မှာ RSF အရာရှိများရဲ့ ရာထူးအဆင်၊့ RSF တပ်များအနေနဲ့ လက်ရှိဆူဒန်စစ်ဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ ထား-မထား၊ တပ်မတော်နဲ့ အရံတပ်တို့က ထိန်းချုပ်ထားတဲ့ ဆူဒန်စီးပွားရေးကဏ္ဍတွေ အပေါ် အခွင့်အာဏာကိစ္စတွေမှာ ဘာဟန်နဲ့ ဒါဂါလိုတို့အကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ 

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးမှာ ကုလသမဂ္ဂသာမက အမေရိကန်နဲ့ ဒေသတွင်းသြဇာကြီး ဆော်ဒီအာရေးဗီးယားတို့ပင် ကြား၀င်ညှိနှိုင်းပေးနိုင်ခြင်း မရှိပဲ ယခုအချိန်ထိ မိန်းမနဲ့ ကလေးငယ် အရပ်သားအများစု အပါအ၀င် လူပေါင်း (၁၈ဝဝ)ထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ (၅၁ဝဝ) ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ (၁)သန်းကျော်နဲ့ လူပေါင်းသိန်းချီပြီး အိမ်နီးချင်းနိုင်ငံများအတွင်း ပြေးဝင်ခဲ့ရပါတယ်။

(Deutsche Welle., 9 June 2023,” Sudan declares UN envoy persona non grata” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

CB BANK ၏ ATM စက်များ၌ ငွေသားထုတ်ယူနိုင်သည့် ပမာဏကို ကျပ်(၁ဝ)သိန်းအထိ တိုးမြှင့်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved