အမေဇုန်သစ်တောအတွင်း ရက်ပေါင်း(၄ဝ)ကျော်ကြာပျောက်ဆုံးခဲ့တဲ့ ကလေးငယ်(၄)ဦးကို အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိ
ဂျန်ဇက် (NP News) - ဇွန် ၁ဝ
လေယာဉ်ပျက်ကျပြီးနောက် ကိုလံဘီယာနိုင်ငံ အမေဇုန်သစ်တောအတွင်း ရက်ပေါင်း (၄ဝ)ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ်(၄)ဦးကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဇွန်လ ၁ဝ ရက်မှာ ကိုလံဘီယာအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။
ကိုလံဘီယာ သမ္မတ ဂက်စတာဗို ပီထရိုက "အသေးစား လေယာဉ် တစ်စီးပျက်ကျပြီးနောက်ကလေးငယ်တွေပျောက်ဆုံးနေခဲ့တယ်။ လက်ရှိအချိန်မှာတော့ ကလေးငယ်တွေကို ပြန်တွေ့ခဲ့တယ်။ နိုင်ငံအတွက် ဝမ်းသာစရာကောင်းတဲ့သတင်းဖြစ်တယ်။ ကလေးငယ်တွေဟာ တောထဲမှာ ရက်ပေါင်း ၄ဝ နီးပါးကြာပျောက်ဆုံးနေခဲ့တယ်။ လက်ရှိအချိန်မှာတော့ အသက်ရှင်ရက်ပြန်တွေ့ခဲ့တယ်"လို့ပြောပါတယ်။
ပြန်လည်တွေ့ရှိခဲ့တဲ့ကလေးငယ်တွေဟာ အသက် ၁၃ နှစ်၊ အသက် ၉နှစ် ၊ အသက် ၄နှစ် နဲ့ အသက် ၁နှစ်အရွယ်များဖြစ်ကြောင်း ကိုလံဘီယာအစိုးရအဖွဲ့တာဝန်ရှိသူများကပြောပါတယ်။ ပြန်လည်တွေ့ရှိခဲ့တဲ့ကလေးငယ်တစ်ဦးရဲ့ အဖိုးဖြစ်သူက "ကျွန်တော်ရဲ့မြေးကို ပြန်လည်ရှာတွေ့ခဲ့တယ်။ ကျွန်တော်ဟာ သူတို့ဆီကို လေယာဉ်နဲ့ချက်ချင်းသွားခဲ့တယ်" လို့ပြောပါတယ်။
ခရီးသွားချိန်အတွင်း Cessna 206 အမျိုးအစားလေယာဉ် ပျက်ကျသွားခဲ့ပြီးနောက် ကလေးငယ်(၄)ဦးဟာ မေလ ၁ ရက်ကတည်းက တောထဲမှာ ရှင်သန်နေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့နားမှာ ရုပ်အလောင်းသုံးခုကို တွေ့ရှိခဲ့ပြီး ကလေးငယ်တွေရဲ့မိခင်၊ ဖခင် နဲ့ဆွေးမျိုးတွေဖြစ်ဖွယ်ရှိနေကြောင်း ကိုလံဘီယာ စစ်တပ်ကပြောပါတယ်။ ကလေးငယ် လေးဦးဟာ တောထဲမှာ ရက်ပေါင်း (၄ဝ)ကြာ ဘယ်လိုမျိုးရှင်သန်နေထိုင် စားသောက်ခဲ့ရသလဲဆိုတဲ့အချက်အပေါ် လူအများ စိတ်ဝင်စားစရာလျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း