Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့် ဖာပွန်မြို့နယ်ရှိ လုံခြုံရေးစခန်းတို့ ဝင်ရောက်တိုက်ခိုက်ခံရ

NP News - ဇန်နဝါရီ ၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များသို့ KNLA တပ်မဟာ(၆)နှင့် PDF ပူးပေါင်းအဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း နစက၏ ဇန်နဝါရီလ ၄ ရက် ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၄ ရက်၊ နံနက် ၆ နာရီ မိနစ် ၂၀ ခန့်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(၇၅)နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့တွင် KNLA တပ်မဟာ(၆)နှင့် PDF အဖွဲ့တို့တိုက်ခိုက်မည်ကို နစကဘက်မှ ကြိုတင်သိရှိထားခြင်းကြောင့် တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် လုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါနေ့ နံနက် ၆ နာရီ ၁ဝ မိနစ်မှ ၈ နာရီ ၅ဝ မိနစ်ထိ တစ်ကြိမ်၊ ၁ဝ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၁ဝ မိနစ်ထိ တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်သော်လည်း နေ့လည် ၁၁ နာရီ ၁၅ မိနစ်နောက်ပိုင်းတွင် လက်နက်ကိုင်များက အကျအဆုံးများဖြင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းသို့တိုက်ခိုက်မှုများတွင် အရေးကြီး အဓိကအဆောက်အဦများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦးများနှင့် လူနေအဆောက်အဦးများအနီးသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရိုးကပ်လျက် လူနေထိုင်ခြင်းမရှိသည့် စွန့်လွှတ်အဆောက်အဦးအချို့ကိုသာ ပြန်လည်ဆုတ်ခွာစဉ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် ၎င်းတို့ထံမှ အလောင်းအချို့နှင့် လက် နက် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ မဲဝိုင်တပ်မတော်ရှေ့တန်း လုံခြုံ ရေးစခန်းကိုလည်း ဇန်နဝါရီလ(၅)ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ စခန်း၏ အရှေ့တောင်ဘက်နှင့် အရှေ့ဘက်တို့မှ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် နစကဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပူးပေါင်းအဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


zawgyi version


NP News - ဇန်နဝါရီ ၅






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကော့ကရိတ်-မြဝတီ အာရှလမ်းကြီးတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နစက ထုတ်ပြန်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved